အတွေးစများ

တခါတလေ လူသားတွေဟာ ငါအတော်ဆုံး ၊ ငါအတတ်ဆုံး၊ ငါအသိဆုံး ဖြစ်ဖို့အတွက် ဖိအားပေးကြတယ် ။ စိတ်ဆိုတာကလည်း ဉာဏ်မရှိတဲ့အချိန်မှာ မှောင်နေတာကိုး ....

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ တစိမ်းပြင်ပ အယူဝါဒတို့ရဲ့ အန္တရယ်အပေါ်မှာ အမြင်မကျဉ်းသင့်ဘူး ၊ မျက်စိကိုဖွင့် ၊ နားကိုစွင့်ထားကြသင့်သည် ၊ သာသနာသွေး အေးနေကြရင်တော့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ နောင်အခါ လူနည်းစုဖြစ်ပြီး ကိုယ့်အမိမြန်မာနိုင်ငံထဲမှာဘဲ မျက်စိသူငယ် ၊ နားသူငယ်နဲ့ သနားစဖွယ် ဖြစ်လာပါလိမ့်မည်ကို စိုးရိမ်းတကြီး ဖြစ်မိတယ်လို့ ..။ တစိမ်းပြင်ဝါဒတွေကတော့ စိတ်အားထက်သန်စွာနဲ့ တက်တက်ကြွကြွ ၊ နိုးနိုးကြားကြား ၊ စည်းစည်းလုံးလုံး၊ တိုင်တိုင်ပင်ပင်နဲ့ သူတို့ဝါဒတွေ ပြန့်ပွါးဖို့အရေးအတွက် အစွမ်းကုန်းကြိုစား နေကြသည် ၊ တနှစ်ထက်တနှစ် သူတို့ရဲ့ ဦးရေဟာ တိုးတိုးလာနေပါပြီ ။

တစိမ်းပြင်ပ၀ါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေအတွင်း ကင်ဆာရောဂါ လိုလှိုက်လှိုက် ပြီး စားနေကြသည် ။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြသည် ၊ မြေမျိုက လူမျိုးမပြုန်း ၊ လူမျိုမှ လူမျိုးပြုန်းတယ် "တဲ့ ။ဆိုတာကြားဘူးကြပါလိမ့်မည် ။ တစိမ်းပြင်ဝါဒတွေက အင်း ၊ အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့ သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီး တက်တက်ကြွကြွ လှုပ်ရှားနေကြသည် ။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြသည် ။

မိမိတို့ ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင်ကြိုးစားထားကြရမည်ဖြစ်သည်မဟုတ်ပါလော ။ ကိုင်းကူးပြီး စိုက်ထားတဲ့ သစ်ပင်ဟာ အသီးသီးလာရင် အဲဒီအသီးဟာ အစေ့ကြီး သည် ၊ အခွံထူသည် ၊ အသားနည်းသည် ၊ အမျှင်များသည် ၊ လူတစ်ယောက်ကို အသက်ကြီးခါ မှ ဗုဒ္ဓယဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူးပေါ့ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိသည် ။

လေဟာပြင်ကွက်လပ်မှာ လေတွေဟာ အလိုလိုဝင်လာကြသည် ၊ မှုံဝါးဝါး ချည့်နဲနဲ မိရိုးဖလာအမည်ခံ ဗုဒ္ဓသာသနာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယဉ်ကျေးမှုလေဟာပြင်ကွက်လပ်ထဲမှာလည်း တစိမ်းပြင်ပအယူဝါဒတွေ ၊ ပြည်ပက ယဉ်ကျေးမှုတွေ ၊ ဘာသာမဲ့ အယူဝါဒတွေ ၊ မူးယစ်ဆေးတွေရဲ့ ကျေးကျွန်ဘ၀ရောက်မှုတွေ ဟာ တဟုန်တိုးဝင်လာတော့သည် ။

ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့ အခါ လှေကြီးပေါက်နေတယ်ဆိုတာ သိရင် လှေပေါက်ကို ဖါရမည် ၊ မဖါရင် လှေကြီးရေ၀င်ပြီး မကြာမှီ မြုပ်လိမ့်မည် ၊ ဗုဒ္ဓသာသနာလှေကြီးပေါက်နေတယ်ဆိုတာ သိရင် ဖါရမည် မဖါရင် ဗုဒ္ဓသာသနာလှေကြီး ရေ၀င်ပြီး မြုပ်လိမ့်မည် ။
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲ ၊နုလုံးထဲမှာ ဗုဒ္ဓယာဉ်ကျေးမှုသွေးတွေ မအေးစေဘဲ နွေးနွေးထွေးထွေးရှိဖို့ လိုအပ်ပါသည် ။

္လဗုဒ္ဓသာသနာလှေကြီး မပေါက်ရအောင် အကြိုတင်ပြင်ဆင်ကြပါစို့ လို့..........
မေတ္တာဖြင့် ရွှေကြာ~~~~~~~~~~

သစ်ရွက်တွေ မရှိတဲ့ သစ်ပင် တပင်

ဒီနေ့ တိမ်တွေထူထပ်နေပေမယ့် ဆောင်းတွင်းမှာ တခါတလေမှ ပေါ်လာတဲ့ နေရောင် လဲ့လဲ့ လေး ဖြာ နေတယ်. ။ ဒီနှစ်တော့ အကြိုတင် ပြီး အဆောင်ထဲ သွင်းထားတဲ့ အပင်လေးတွေ အခုချိန်ထိ စိမ်းလဲ့ ဝေဖြာနေပြီး အပြင်ဘက်မှ ထိုးဝင်လာသော နေရောင်ကြောင့် စိုလက်တောက်ပနေပေသည် ။ ဒါပေမယ့် အပြင်ဘက်က သစ်ပင်မှာတော့အရိုးတံကျဲကျဲ သစ်ရွက်မရှိ ။...
အရွက်မရှိတဲ့ အရိုးတံကျဲကျဲ သစ်ပင်ဟာ ..

အပူဒဏ်နှင့် အအေးဒဏ် ၊ ဆီးနှင်းဒဏ် နှင့်  လေစိမ်းဒဏ် တို့ကို ကြံ့ကြံ့ ခံပြီးနေလေသည်။
ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာပေါင်းစပ်ထားသော လူ့ခန္ဓာ ၊ နင် ဟာ ငါ ၊ ငါ ဟာ နင် လို့ သံယောဇဉ် စကားတွေနဲ့ ဘယ်လောက်ဘဲ လက္ခံ ယုံကြည်ထားပါသော်လည်း တသားတည်းဆိုတာ မဖြစ်ခဲ့ပါ။ ..... နားမလည် မသိတတ်သော အရွယ်က ဒေါသတွေ ၊ မာနတွေကြောင့်သာ ပူပန်လောင်ကျွမ်းရတတ်သည် ဟု ထင်ခဲ့မိသည် ၊ အမုန်းတရားတွေကြောင့်သာ သောက ရတတ်သည်ဟု ထင်ခဲ့မိသည် ၊ ချစ်ခြင်းမေတ္တာဖြင့် အေးမြသော အနှောင်အဖွဲ့ မှုဟု ထင်မိခဲ့သမျှ အရာအားလုံး သည်လည်း ပူပန်လောင်ကျွမ်းစေသည် ။ ကာမဂုဏ်ဆိုတဲ့ နယ်ပယ်ဟာ အလွန်ကျယ်ဝန်းသည် ကာမဂုဏ်၌ ငြိတွယ်သော အရာ ဆိုတာလည်း ကောင်းမြတ်သော စည်းစိမ် ၌သာ နှစ်သက် တက်မက်စွဲလမ်းသည် မဟုတ်ပါ ။ ဘာမျှ မဟုတ်သော အ၀တ်စုတ် ၊ တဲအိမ်ပျက် တို့မှ လည်း မခွဲနိုင်မခွာရက်စွဲလမ်းနေသူတွေ လည်းအများကြီးရှိပါသည် ။ စင်္ကြာဝတေးမင်း စည်းစိမ် ၊ သိကြားမင်းစည်းစိမ် မှ စ လောကီစည်းစိမ်ချမ်းသာအမျိုးမျိုး ခံစားရသော်လည်း ထိုစည်းစိမ်ချမ်းသာ ဆိုသည် အရိုးဖျား၌ကပ်နေသော အသားစကလေး ပမာ အတော်ကြီး ကိုက်နိုင်ဖဲ့နိုင်နိုင်မှ အချိုရည်အနည်းငယ်ထွက်ရုံသာရှိပေသည် ။ ဗုဒ္ဓဘာသာဝင်တယောက်ဟာ မကောင်းမှုရှောင် ၊ ကောင်မှုဆောင် ၊ စိတ်ကို ဖြူစင်အောင်ထားရမည် ။ ဒီအချက်သုံးချက်ကို လက်ကိုင်ထားပြီး အရာအားလုံးကို ဖြတ်ကျော်ရမည် ။ ဘာဘဲပြောပြော ၊ ဘာဘဲတွေးတွေး ၊ ဘာဘဲ လုပ်လုပ် ၊ ဒီအချက်သုံးချက်နဲ့ဘဲ မှတ်ကျောက်တင်ရမှာပါဘဲ ၊ ဒါလောက်ကတော့ ဒို့ငယ်ငယ်လေး ကတဲက အလွတ်ကျက်သိထားပြီးသား ဆိုပေမဲ့ အသိခေါက်ခက် အ၀င်နက် စွာ လွယ်လွယ် တွေးပြီးမေ့ပျောက်ပစ်ရန် နှမြော လှ၏ ၊ စာရေးသူရော ၊ စာဖတ်သူ ချစ်မိတ်ဆွေရော မကောင်းမှု မှန်သမျှ ကို တကယ်ဘဲ့ ရှောင်နိုင်ခဲ့ ပြီးပြီလား ? ကောင်းမှု ကုသိုလ်တွေ ကိုရော ဘယ်လောက်လုပ်ခဲ့ကြပြီးပြီလဲ ? မိမိရင်တွင်းမှာ ဘယ်သူမှ မမြင်နိုင်ဘူးဟု ထင်၍ ဖြူစင်အောင် စိတ်ကို ထားခဲ့ကြသည်မှာလည်း အဖြူစစ်စစ်လား ? အဖြူညစ်ညစ်လား ? .................

လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့  အရေးကြီးဆုံးပါ ။ ကိုယ့်ရဲ့ကောင်းမွန်တဲ့ အနာဂါတ်အတွက် တစ်ခြားသူ တစ်ဦး တစ်ယောက် ကို မှီခိုအားပြု စရာ မလိုပါဘူး ၊ ကိုယ့်ရဲ့ အနာဂါတ်ကောင်းဖို့ဘဲဖြစ်ဖြစ် ဆိုးဖို့ဘဲ ဖြစ်ဖြစ် ကိုယ်တဦးတည်းကဘဲ စီမံဖန်တည်းနိုင်သည်မဟုတ်ပါလား ။... တခါတလေ တချိုသော သူများဟာ နားစွန်နားဖျားကြားရတာကိုဘဲ ဆုံးဖြတ်ချက် ချပစ်လိုက်တာဟာ ချောက်ကမ်းပါးကို မျက်စိစုံမိတ် ခုန်ချလိုက်တာထက် ပိုဆိုးဝါးတာကိုတော့ မတွေးတတ်ကြဘူး ။။။။။။။။။။။။။။။။။။။။။။။ မိမိရဲ့ ဒုက္ခနဲ့ သုခ ကို ခံစားစံစားဖို့အတွက်လည်း မိမိတစ်ဦးတည်းသား လျှင် တာဝန်ရှိတယ်လို့  နားလည် ရမှာပါဘဲ ၊ ဒီလိုနားလည် လိုက်တဲ့အခါ မှာ ချမ်းသား မှု ကို သာ စံစားရပြီး ဆင်းရဲမှု ကို မခံစားရအောင် ကိုယ့်ရဲ့ အနာဂါတ်ကို ကိုယ်က ပုံသွင်းနိုင်တယ်ဆိုတာကို နားလည်သွားမှာပါဘဲ နားလည်းသွားတာနဲ့အမျှ ၊ ပူလောင်စပ်ခါးတဲ့ အကျိုးတွေကိုပေးမဲ့ အရာတွေကို လည်း မလုပ်ဘဲရှောင်ဖို့ဖြစ်လာလေသည် ။ ..

စာရေးသူလည်း အခု စာရေးနေတဲ့အချိန်မှာ မိမိကိုယ်ကို မိမိ ပြန်စဉ်းစားသည် တခြား တချိန်တွေမှာ စဉ်းစားရင် မည်သို့မည်ပုံ အဖြေထွက်မည်မသိပါ ။ အလတ်တလောအချိန် အတိုင်းအတာ တခု အတွင်းမှာတော့ ပူလောင်မှု အပေါင်းမှ လွတ်ကင်းသော ငြိမ်းအေးမှု ကိုသာ တမ်းတနေမိသည် ။ တိပိဋကဓရ (ယော) ဆရာတော်ကြီးရဲ့ သြ၀ါဒမှာစကားမှာ လုပ်ပိုင်ခွင့်"ကမ္မ"ကိုပရမ်းမတာ သုံးချနေကြသမျှ ခံစားခွင့်"ကမ္မဖလ" တွေဟာလည်း ပရမ်းပတာပဲ ကြုံတွေ့ခံစားနေရဦးမှာဘဲ လို့ မိန့်ဆိုခဲ့ပါသည် ။ မိမိဘ၀မှာ မိမိသာလျှင် ပြဿနာမျိုးစုံကို ဖြေရှင်းရသည် ။ ဘယ်လိုပြဿနာမျိုးနဲ့ဘဲ ကြုံကြုံ တရားသဘောနဲ့ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရပါသည် ၊ တချိုပြဿနာတွေကို ဒါနဆိုတဲ့ ပေးကမ်းစွန့်ကြဲပြီးဖြေရှင်းရပြီးတော့၊ တချို့ ပြဿနာတွေကို မေတ္တာဆိုတဲ့ သနားဂရုဏာခြင်းနဲ့ ဖြေရှင်းရပါသည် ၊ တချို့ပြဿနာတွေကို ဥပေက္ခာနဲ့ ဖြေရှင်းပြီး ၊ တချို့ပြဿနာတွေကို သည်းခံခြင်းနဲ့ဖြေရှင်းရပါသည် ၊ တချို့ပြဿနာတွေကို တော့ သည်းခံတာမဟုတ်ဘဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေပြီး ဘာစကားမှ ပြန်မပြောဘဲ ဖြေရှင်းပစ်လိုက်ရပါသည် ။ တချို့ပြဿနာတွေကို သစ္စာဆိုပြီးဖြေရှင်းသလို တချို့ပြဿနာတွေကို ၀ိပဿနာ သဘောတရားနဲ့ဖြေရှင်းရပါသည် ။... ဘယ်အရာမဆို တစ်သက်မှတ်တည်းမဟုတ်ဘဲ ဘ၀ပေါင်းစုံကနေပြီးတော့ ဘ၀ ကိုခံစားတတ်ဖို့ အလှည့်အပြောင်းတခုနဲ့ တခုအကြား ၊ ကိုယ့်ရဲ့တနေတာ တနေ့တာအတွက် နေ့ရက်များ ကို ပျော်ရွှင်ကြေနပ်နှစ်သက်တဲ့ အရောင်လေးခြယ်သတတ်ဖို့ လိုအပ်ပါသည် ။ အခုချိန်မှာတော့ အပြင်ဘက်မှ အရိုးတံကျဲကျဲ သစ်ပင်ဟာ ကျရောက်လာသော အအေးဒဏ် နဲ့ အပူဒဏ် ၊ ဆောင်းဒဏ်နဲ့ လေဒဏ် ကို ခံနေလေပြီ ။ အချိန်ကာလ ပြောင်းလွဲလာသည်နှင့်အမျှ မကြာခင် အချိန်လေးမှာ အဖူး၊ အညွှတ် ၊ လေးတွေဝေေ၀ဆာလို့ ထွက်လာပါပေအုံးမည် ။

ပိုစ်မတင်ဖြစ်တာကြာနေပေမယ့် ပုံမှန်လာရောက်လည်ပတ်သောဓမ္မမိတ်ဆွေများကို အခါမပြတ်မေတ္တာရေးအေးသွန်းဖြန်းနေတာကတော့ နေစဉ်နှစ်အမျှပါလို ဒီနေရာမှ အမှန်စကားကို ဖွင့်ဟ လိုက်ပါရစေ~~~~~~~~~~~~
မေတ္တာဖြင့် ရွှေကြာ

အားရှိမှ ကိုးလို့ရမည် (၁)

မိမိတို့ ကို ပင့်ဖိတ်ခဲ့သော ကိုရီးယား မြန်မာ ချစ်ကြည်ရေ အသင်း ဥက္ကဋ္ဌ , မဟာသဒ္ဓမ္မဇောတိက ဓဇ မော့တက် .ကိုရီးယား ဘုန်းတော်ကြီးသည် မြန်မာ နိုင်ငံ မှ ပင့်ဆောင်လာသော ဓါတ်တော်များကို ကိုရီးယား လူမျိုး များ ဖူးမျှော် ပူဇော်ရန် လို့ငှာ ဓါတ်တော် တိုက်ကိုဖွင့်လင့်ထားပါသည် ။ ဒီနေ့မှာ မိမိ နှင့်တကွ အတူနေဆရာလေးများ ဓါတ်တော်တိုသို့ သွား ရောက်ခဲ့ကြသည် ။ ကားမူးတတ်တဲ့ ညီမ ငယ် ဆရာလေး က ကားစီးတိုင်း မှန်တံခါးကိုဖွင့် လေ့ရှိသည် ။ ဒီတစ်ခါ တိုးဝင်လာသော ဆောင်းလေက ခါးသက်သက် ကြမ်းရှပြီး အရိုးအေးမတတ် တိုက်ခိုက်လာသည် ။ ခပ်လှမ်းလှမ်းဆီက တောင်တန်း တစ်လျှောက်တွင် ဆောင်းလေ ဒဏ်ကြောင့် ကြွေကျ လို့ မြေခ သွားသည့် သစ်ရွက်ကလေးတွေဟာ ပင်စည်နဲ့ ထာဝရ ဝေးကွာ လို့ နေပါလေရောသလား ............. နွယ်ပင်တစ်ချို့ နှင့် မြေ၀တ် အပင်ငယ်များမှာတော့ အအေးဒဏ်ကြောင့် ခေတ္တ အိပ်စက်နေကြသည် ။ နွေဦး ဆိုရင်တော့ ခေါင်းထောင်လို့ ကြော့လာကြပေအုံး မည် ။ နွေရောက်ရင် ပြန်လည်ရှင်သန်လာဖို့ ဆိုတာကလည်း ပင်ကိုယ် ကြံ့ခိုင်တဲ့ အင်အား ရှိမှ သာလျှင် ပြန်လည် အဖူးအညွန့်များ ထွက်လာမည်ဖြစ်သည် ။ အားအင်လည်းမရှိ ကျမ္မာဖွံ့ဖြိုးမှုလည်း မရှိသော အပင်များ မှာတော့ နှင်းထု အောက်မှာ တင်ပြောက်ကွယ်သွားကြလေသည် ။ မိမိတို့ လူသားများမှာလည်း ပင်ကိုယ် ကိုယ်ခံအားရှိမှ သာလျှင် လောကဓံ ရှစ်ပါးရဲ့ လှည့်စားမှု ကို ခံနိုင်မည်ဖြစ်သည် ။ လောကမှာ အားကိုးချင်ကြတာရှိသလို .. အားကိုးခံချင်ကြတာလည်း ရှိကြသည် ။ သေချာ လေ့လာကြည့်တော့ အားကိုးချင် ကြတာက အများစုဖြစ်သည် ။

ကိုးကွယ်တယ်ဆိုတဲ့ ဝေါဟာရမှာလည်း .... ကိုးတာ တစ်မျိုး ကွယ်တာတစ်မျိုး ဖြစ်သည်။ ကိုးတာက အားကိုးတာပါ ၊ ကွယ်တာကတော့ ကါကွယ်တာ ၊ ကွယ်ပျောက်တာဖြစ်သည် ။ အားကိုးတဲ့ အတွက် ကွယ်ပျောက်သွားသည် ။ ကဲဒါဆို ကာကွယ်တယ်ဆိုတာကတော့ .. ဘေးရန်အနှောက်အယှက်တွေက ကာကွယ်တာ ။၊ ကွယ်ပြောက်တာကတော့ ဘေးရန်အန္တရယ်တွေက ကွယ်ပျောက်သွားတာဖြစ်သည်။
လူသားအများစုဟာ ဘယ်လိုပုံစံနဲ့ အားကိုးကြတာလဲ..?။ သားသ္မီးက မိဘ ကို အားကိုးကြသည် ၊မိဘကလည်း သားသမီး ကို ပြန်လည်းအားကိုး ကြသည် ၊ ဒီသားလေး ကြီးမှ အားကိုးရမှာဘဲ ၊ ဒီသ္မီးလေးကြီးမှ အားကိုးရမှာ ဘဲ ပြောကြတာ အကြိမ်ကြိမ် ကြားဖူးကြပါလိမ့်မည် ။

ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ ၊ မွေခံထိုက်စေ ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ် ၊ ၀တ်ငါးသွယ် ဆိုတာ တကယ်တော့ မိဘတွေ က သားသ္မီး တွေ အပေါ် ထားရှိတဲ့ မျှော်လင့်ချက် ငါးမျိုး ဖြစ်သည် ။ မျှော်လင့်ချက်ငါးမျိုး ဆိုတာကလည်း တနည်းတော့ အားကိုး အားထား ပြုခြင်းပင်ဖြစ်သည် ။ ငယ်စဉ်က "သား " ကြီးတော့ "အား " ၊ ငယ်စဉ် က " သ္မီး " ကြီးတော့ " ထီး "ဖြစ် မျှော်လင့် ကြာတာဟာ မိဘတိုင်း ဖြစ်ကြသည် ။ ...... တပည့်လုပ်သူက ဆရာကို အားကိုးကြ သည် ။ ဆရာက လည်း တပည့်ကို ပြန်ပြီးတော့ အားကိုး ကြသည် ။ ဆရာသမားတိုင်း ဟာ ဘယ်တပည့် ဘယ် နေရာမှာ အားကိုးရသလဲ ဆိုတာ ကြည့်ထားကြသည် ။ လူငယ်က လူကြီး ကို အားကိုးသည် ၊ လူကြီးက လူငယ်ကို အားကိုးသည် ။ ခင်ပွန်းက ဇနီးကို အားကိုးသည် ၊ ဇနီးက ခင်ပွန်းကို အားကိုးသည် ။ ဆွေမျိုး အချင်းချင်း ၊ မိတ်ဆွေချင်းချင်း ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမှီ ဆိုသလို အပြန်အလှန် အားကိုး ကြသည်။

အားကိုးဆိုတာ ကလည်း အားရှိမှ ကိုးလို့ ရမည်ဖြစ်သည် ။ အားမရှိရင်တော့ ဘယ်မှာ ကိုးလို့ ရပါမည်နည်း ၊။ ....... အားဆိုတာ က .. ခံနိုင်ရည်အား ၊ ခုခံနိုင်အား ၊ စွမ်းဆောင်နိုင်အား ၊ အမျိုးမျိုးရှိသည် ၊ ကိုးဆိုတာလည်း ခိုကိုးခြင်း ၊ မှီခိုခြင်း ၊ အားကိုးအားထားပြုခြင်း တွေဖြစ်သည် ။ အပေါ်က တန်း ကို တွဲလွဲဆွဲခိုတဲ့အလေးချိန်ဟာ ခံနိုင်ရည် အားရှိရမည် ။ အပြင်က ရောဂါမျိုးစုံ မ၀င်ရောက်နိုင်ဖို့ အတွက်လည်း ခန္ဓာ ကိုယ်တွင်းမှာ ခုခံနိုင်အား ရှိရမည် ။ မှီခိုတဲ့သူနဲ့ မှီခိုခံ နှစ်ဦီးအနက် မှီခိုခံသူဟာ မှီခိုးအားကိုးသူတွေ မှီခိုနိုင်ဖို့ ၊ အားကိုးနိုင်ဖို့ အတွက် မိမိမှာ လုံလောက်တဲ့အားတွေ ရှိဖို့လိုသည် ။ ......
အားဆိုတာ ဘာတွေလဲ ? . . အစွမ်းအား ပင်ဖြစ်သည် ၊ စွမ်းအားဆိုတာ .. အစွမ်းအစ ဖြစ်သည် ၊ အစွမ်းအစ ဆိုတာ .. အရည်အချင်း ဖြစ်သည်၊ စွမ်းဆောင်လို့ဆို တဲ့အတိုင်း အစွမ်းရှိမှ ဆောင်နိုင်တာဖြစ်သည် ။အစွမ်းမရှိရင် မည်သို့ဆောင်နိုင်ပါမည်နည်း ။ ဆောင်ဆိုတဲ့ နေရာမှာ လည်း ခြေနဲ့ ၊ လက်နဲ့၊ လေနဲ့၊ ဆောင်လို့တော့ဘယ်ဖြစ်ပါမလဲ ၊ ခေါင်းနဲ့ ဆောင်မှ ရမည်ဖြစ်သည် ၊ ခေါင်းက ပညာကို ကိုယ်စားပြုသည် ၊ နှလုံးသားက မေတ္တာကို ကိုယ်စားပြုသည် ။
အစွမ်းအစ ရှိတဲ့သူတွေဟာ ပီပြင်အောင်ဆောင်ရွက်နိုင်ကြသည် ။ ဆေးကုတတ်တဲ့ အစွမ်းရှိတော့ ဆရာဝန်တွေဖြစ်ကြသည်။ ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ အစွမ်းရှိတော့ အင်ဂျင်နီယာဖြစ်သည် ၊ စာသင် စာပြနိုင်တော့ ကျောင်းဆရာ တွေဖြစ်ကြသည်။ တရာဟောတတ်တော့ ဓမ္မကထိက တွေဖြစ်ကြသည် ။ ဖျားရင် နားရင် ဆရာဝန်ကို အားကိုးရတယ် ။ အိမ် ၊ တိုက် ၊ တံတား တွေ ဆောက်ချင်ရင် အင်ဂျင်နီယာကို အားကိုးရသည် ၊ စာသင်ချင်ရင် ကျောင်းဆရာကို အားကိုးရသည် ၊ တရားနာချင်ရင် ဓမ္မကထိကကို အားကိုးရသည် ။ သူနေရာနဲ့ သူ အားရှိတဲ့ သူတွေဟာ အားကိုးရာ ပုဂ္ဂိုလ်တွေ ဖြစ်ကြသည် ။

အားဆိုတဲ့ နေရာမှာ ...
တရားရေး ကိစ္စမှာလည်း အားငါးမျိုးရှိသည် ။
လောကီရေး ကိစ္စ မှာလည်း အားငါးမျိုးရှိသည်။

အားရှိမှ ကိုးလို့ရမည် (၂)

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် .." အတ္တာဟိ အတ္တနော နာထော " လို့ မိန်တော်မူခဲ့သည် ။

ကိုယ့်ကိုယ် ကိုယ်သာ ကိုးကွယ်ရာဆိုတော့ ကိုယ့်အား ကိုယ်ကိုး ဆိုတဲ့ အဓိပ္ပါယ် ဘာပဲ .. ကိုယ်ထူကိုယ်ထ ဆိုတာကလည်း ကိုယ်ထူမှ ကိုယ်ထမယ် ဆိုတဲ့ သဘောဖြစ်သည်။ ကိုယ်လဲရင် ကိုယ်ထူ ၊ သူများ လာထူမှာ ကို မမျှော်နဲ့၊ မစောင့်နဲ့ ပေါ့ ။ ကိုယ်ထနိုင်ဖို့ အတွက် ကိုယ်ကိုယ်တိုင်ဘဲ ထူရမည် ။ ကိုယ်ထူမှ သာ ကိုယ်ထလိမ့် မည် ။

အားဆိုတဲ့ နေရာမှာ တရားရေး ကိစ္စမှာလည်း အားငါးမျိုးရှိသည် ။ လောကီရေးကိစ္စမှာလည်း အားငါး မျိုးရှိသည် ။
တရားရေးကိစ္စမှာ သဒ္ဒါအား ၊ ၀ီရိယအား ၊ သတိအား ၊ သမာဓိအား ၊ ပညာအား ငါးမျိုးရှိသည် ။ ဗိုလ်ငါးပါလို့ ခေါ်ကြသည် ၊ ဗိုလ်ဆိုတာ ဗလ က နေလာတာလေ ... ဗလဆိုတာ အားဘဲ .. အားရှိမှ ဗိုလ်ဖြစ်သည် ။
ဘုရား ၊တရား ၊ သံဃာ ၊ ကံ ကံ၏အကျိုးအပေါ်မှာ ယုံကြည်ရင် သဒ္ဓါဗိုလ် ၊ သဒ္ဓါအားဖြစ်သည် ။ ကုသိုလ်အရေး ကျိုးစားအားထုတ်ရင် ၀ီရိယဗိုလ် ၀ီရိယအားဖြစ်သည် ၊ ဘုရားတရား ကိစ္စထဲ စိတ်မြှုပ်နေရင် သတိဗိုလ် သတိအားပင်ဖြစ်သည် ။ ကောင်းမှု ကိစ္စထဲ မှာစိတ်ကို ပို့ထားရင် သမာဓိဗိုလ် ၊ သမာဓိအားဖြစ်သည် ၊ သဘာဝ အမှန်တရား တွေကို ထွင်းဖေါက်သိမြင်နိုင်ရင် ပညာဗိုလ် ပညာအားပင်ဖြစ်သည် ၊ တရားအားထုတ်တယ် ဆိုတာ အဲဒီ အားတွေ ဖြစ်လာအောင် ရအောင်ကြိုးစားကြရတာပါ ၊ ဒီအားတွေဟာ တရားသမားအတွက် ခိုကိုးရာ ၊ အားကိုး အားထားပြုရာ တကယ်အားတွေဖြစ်သည် ။

လောကရေးရာမှာ ကာယဗလ - ကိုယ်အား၊ ဉာဏဗလ- ဉာဏ်အား ၊ စာရိတ္တဗလ -ကျင့်အား ၊ မိတ္တဗလ - မိတ်အား ၊ ဓနဗလ - ဥစ္စာအား ငါးမျိုးလိုအပ်သည် ။လောကီလူသားတစ်ယောက်မှာ အားကိုးအားထားပြုရမှာက ဒီအားငါးမျိုးဖြစ်သည် ။ ဗလငါးတန်လို့လဲ ခေါ်ကြသည် ။
လူရယ်လိုဖြစ်လာရင် ကာယဗလ အနေနဲ့ ကာယအားကောင်းရမည် ။ ရှိရမည် ။ ကျန်းမာရမည် ။ ကြံ့ခိုင်ရမည် ။ သန်စွမ်းရမည် ။ လုပ်နိုင်ကိုင်နိုင်ရမည် ။အပင်ပန်းခံနိုင်ရမည် ။ ဉာဏဗလ အနေနဲ့ ပညာဗဟုသုတရှိသင့်သလောက်ရှိရမည် ။ စဉ်းစားတတ်ရမည် ။ အမှန်တရားကို မိမိရရ ဆုပ်ကိုင်နိုင်ရမည် ။

ငယ်ရွယ်တဲ့ အချိန်က ပညာတွေသင်ယူကြသည် ၊ တကယ်လိုအပ်တာက အသိပညာဖြစ်သည် ၊ အသိပညာအထောက်အကူရဖို့ အတတ်ပညာကိုသင်ကြရသည် ။ ... အမှန်တော့ ပညာဆိုတာ အပြင်လာတာမဟုတ်ဘူး ၊ အတွင်းကဘဲလာခြင်းဖြစ်သည် ၊ ဦးနှောက်ကဘဲ ပြောပြော ၊ ခေါင်းထဲကဘဲ ပြောပြော ၊ အတွင်းတစ်နေရာ ကလာသည် ၊ လေ့လာမှု ၊ ဆင်ခြင်မှု ၊ စူးစမ်းမှု ၊ တိုင်းထွာမှု ၊ တွေးခေါ်မှု ၊မြော်မြင်မှု ၊ ဝေဖန်ပိုင်းခြားမှု ၊ အမှန်တရားကို အမိအရ ဆုပ်ကိုင်နိုင်မှု ၊ အမှန်တရား ကို ချစ်ခင်မှု ၊ မြတ်နိုးမှု ၊ ကိုးကွယ်မှု စတာတွေမှာ သန္ဓေတည်ခဲ့တဲ့ အသိဉာဏ်ကသာ ပညာအစစ်ဖြစ်သည် ၊ဉာဏဗလဆိုတာ အဲဒီပညာပင်ဖြစ်သည် ။

စာရိတ္တဗလ - အကျင့်အားဆိုတာ ငါးပါးသီလ လုံရင်... လုံလောက်သလောက်ရှိနေပါပြီ ။ ဗုဒ္ဓဘာသာတို့ရဲ့ မူလတန်းဟာ ငါးပါးသီလဖြစ်သလို အထက်အထက်အမြင့်ဆုံးအတန်းတွေဟာလည်း ငါးပါးသီလပင်ဖြစ်သည် ။ ငါးပါးသီလ မလုံလောက်ဘဲနဲ့တော့ ဘယ်အတန်းမှ ကျော်တက်လို့ မရဘူးဆိုတာတော့ မှတ်ထားသင့်သည် ။ ငါးပါးသီလ လုံရင်ကို အတော်လေး အားရှိနေပါပြီ ။

မိတ္တဗလ - မိတ်အားဆိုတာ လည်း အတော်လိုအပ်ပါသည် ။ စီးပွါးရေးတစ်ခုအောင်မြင်ဖိုရ ကိုယ့်ကိုထောက်ခံတဲ့ ၊ အားပေးတဲ့ပရိသတ် သို့မဟုတ် မိတ် .. အတော်လိုအပ်ပါသည် ။ မိတ်မရှိဘဲ ၊ မိတ်မကောင်းဘဲ လုပ်ငန်းတစ်ခု ဘယ်လိုမှ မအောင်မြင်နိုင်ပါ ။ မေတ္တာဆိုတာ မိတ္တဖြစ်သည် ၊ မိတ်ဆွေဖြစ်သည် ၊ မိတ်ဆွေတွေအပေါ်မှာ ထားရှိတဲ့သဘော ၊ အချင်းချင်းတွေကို ကောင်းစေချင်တဲ့ စိတ်ရင်းစေတနာ နဲ့ ကူညီ၊ စောင့်ရှောက် ၊ သူ့အကျိုးကို သယ်ပိုး ဆောင်ရွက်တာ မေတ္တာပင်ဖြစ်သည် ။ မိတ်ဆွေဖြစ်ဖို့ မေတ္တာလိုသည် ။ မေတ္တာအားကောင်းလေ မိတ်အားကောင်းလေပါဘဲ ။ ရန်သူမရှိ မိတ်ဆွေသာရှိ ၊ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ မေတ္တာပင်ဖြစ်သည် ။ ဒီအားဟာလိုအပ်ဆုံးပင်ဖြစ်သည် ။

ဓနဗလ - ဥစ္စာအားလည်း အရေးကြီးပါသည် ။ ဘာအလုပ်ဘဲ လုပ်လုပ်ငွေနဲ့ လုပ်ကြရတယ်ဆိုတော့ အလုပ်ကြီးလေ ငွေကလိုအပ်လေဖြစ်သည်မဟုတ်ပါလော ..... Money makes everything . ...လို့ဆိုတော့ ငွေကတော့ မရှိမဖြစ်လိုအပ်သည် ကိစ္စတော်တော်များများက ငွေဘဲ ဦးတည် ၊ ငွေဘဲ ခွဲထွက်တာဆိုတော့ ငွေက အရေးကြီးတဲ့ အားတစ်မျိုးဆိုတာ ငြင်းလို့ရလိမ်မည်မဟုတ်ပါ ။ ဒီတော့ ရှာရမည် ၊ စုဆောင်းရမည် ၊ ဒီအတွက် အမှီကောင်းဖို့ မိတ်ကောင်းဖို့လည်း လိုတော့လိုအပ်ပါသေးသည်မဟုတ်ပါလော .....

လောကမှာ ကိုယ့်အားကိုယ်ကိုးလို့ပြောကြသည် ။ မြတ်စွာ ဘုရား သခင်ကိုယ်တော်မြတ်သည် " အတ္တာဟိ အတ္တနော နာထော " -- ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်သည်ဟုမိန့်ဆိုခဲ့သည် ။ ... အားကိုးဆိုတာလဲ ဒီအဓိပ္ပါယ်ပင်ဖြစ်သည် ၊ကိုယ့်မှာ ရှိတဲ့အားဟာ ကိုယ်တကယ်ကိုးရမယ့် အားပင်ဖြစ်သည် ။ ကိုယ့်မှာ အားမရှိရင် ဘယ်သူ့အားမှ မမျှော်ပါနဲ့ ။ ကိုယ်မှာအားရှိလား ကြည့်လိုက်စမ်းပါ ၊ ဟော... " အားမရှိဘူးလား အားမွေးလိုက်စမ်းပါ ။ အားကိုးဆိုတာ အားရှိမှ ကိုးလို့ရမည် ။အဲဒီအားဟာ အပြင်အားမဟုတ်ပါ ။ သူများအားလည်း မဟုတ်ပါ ။ ကိုယ့်အားပင်ဖြစ်သည် ။

ယနေ့ ကြွရောက်လာ သော ဆရာလေးရဲ့ ဓမ္မမိတ်ဆွေများ ကိုယ်ပိုင်အားရှိသူများဖြစ်ကြပါစေလို့ မေတ္တာအခါ ခါ ပို့ပေးလျှက် ။

မေတ္တာဖြင့်
ထားဝယ်ဆရာလေး

သတိ }~ ရှိကြပါစေ

တခုသောညနေခင်းမှာ

နေမင်းကြီး ၀င်သွားသလို

လူတိုင်းရဲ့ ဘ၀တွေဟာလဲ

ပျက်စီးကြရမယ် ဆိုတာက

ိုသိနေကြပေမယ့်

သတိ} ~ ဆိုတဲ့တရားက

နည်းပါးတော့

မကောင်းမှုတွေကိုသာ

အဖန်အဖန် ပြုလုပ်နေကြတယ်။

မိမိရဲ့ ထွက်သက် ၀င်သက်လေးတိုင်းဟာ

သေတဲ့ အချိန်တွေပါဘဲ့လို့

့အမှတ်ရနေမယ်ဆိုရင်

ဘာဝနာ ပွားများခြင်းရဲ့

အမှတ်သညာ တစ်ခုဖြစ်ပါတယ်။

ဆရာတော်ဦးအဂ္ဂဓမ္မ၏ သြ၀ါဒ (ထားဝယ်)

ရွာဝင်လမ်းက ရွှေကြာပန်း

ကြာအင်းရွာသည် ထားဝယ်မြို့ မှ မြိတ်မြို့သိုသွားရာ ဟိုင်းဝေး လမ်းမကြီးရဲ့ ရွာတန်းတလျှောက်ထဲမှာ ရွာကလေး တစ်ရွာဖြစ်သည်။
ထားဝယ်မြို့ရဲ့ အဆုံး သရက်ချောင်းမြို့ရဲ့ အစ ရွာမှာ ညောင်ဇင်ရွာဖြစ်ပြီး ထိုရွာမှ အရှေ့စူးစူး သို့ ၁ မိုင်လောက်ဝင်လျှင် ကြာအင်းရွာသို့ရောက်ပြီ။
ရွာဝင်လမ်းတလျှောက်မှာ သာယာကြည်နူးဖွယ်ကောင်းတဲ့ ထန်းပင်အဆင့်ဆင့် တင့်တင့်တယ်တယ် ရှိနေကြသည် ။ စပါးခင်းစိမ်းစိမ်းနဲ့ လမ်းဘေး တဖက်တချက်ရေအိုင်များမှာ ဗေဒါပင်နှင့် ကြာဖြူ ၊ ကြာညိုများ ဖူးပွင့်ဝေဆာနေသည်မှာ ရွာဝင်လမ်း ရဲ့ ကျက်သရေပင်ဖြစ်သည် ။မိမိ ငယ်စဉ်က ကြာအင်းရွာတွင် မူလတန်းမျှသာ ဖွင့်လင့်ထားသဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်း ဖွင့်လင့်ထားသော ညောင်ဇင်ရွာ သို့ နေစဉ် ကျောင်းတက်ရန်လျှောက်လမ်းခဲ့သော လမ်းပင်ဖြစ်သည် ။ ကြာပန်းသည် ရွှံ့ နွံ ထဲမှာ ပေါက်ဖွါးလာပေမယ့် ဖြူစင်သန့်ရှင်း သင်းရနံ့ မွှေးကြိုင်သော ပန်းမျိုး ပင်ဖြစ်သည်မဟုတ်ပါလော ။ ပန်းတကာပန်းတို့အနက်မိမိနှစ်သက်ဆုံးပန်းမှာ ကြာပန်းဖြစ်သည် ။
ဘုရားလောင်းတော်၏ မိခင်ဖြစ်သော မာယာဒေ၀ီ သည် ရွှေထမ်းစင်မှ ဆင်းသက်၍ အင်းကြင်းခက် ကို ဆွဲကိုင်စဉ် ဘုရားလောင်းတော်ကို ဖွါးမြင်သည် ။ထိုအချိန်က မဟာသက္ကရာဇ် ၆၈ -ခု ( ဘီ-စီ ၆၂၃ ) ကဆုန်လပြည့် သောကြာနေ့ ပင်ဖြစ်သည် ။ ဘုရားလောင်းတော်သည် ဖွါးလျှင် ဖွါးချင်း ပင် မတ်တတ်ရပ်ကါ ခုနှစ် ဖ၀ါးလှမ်းသွားပြီးလျှင် `` ငါသည် တစ်လောက လုံးထက် မြတ် ၏ `` ဟု ကြုံးဝါးသည် ၊ လှမ်းတိုင်း လှမ်းတိုင်းသော ခြေဖ၀ါး အောက်မှာ ပဒုမ္မာ ရွေကြာပန်း သည် လည်း ပွင့် ကါ ခံခဲ့သည် ။ မိမိသည် ယ္ခု အခါ ငယ်စဉ်က လျှောက်လမ်းခဲ့သော ရွာလမ်းနှင့် မွေးရပ်ဇာတိ ကို ဝေးကွာနေခဲ့ပြီ။
လူဆိုတာကိုယ်ရခဲ့တဲ့အ၀ိုင်းအ၀န်းထဲမှာကိုယ်ဖြစ်ချင်တာဖြစ်နိုင်ဖို့ကြိုးစားကြသည် ၊ ကြိုးစားရင်းနဲ့ပဲ ဘ၀ နိဂုံးချုပ်ကြရ သည် ၊ ကိုယ်လိုချင်တာ ဖြစ်ချင်တာ များများ လုပ်ခွင့်ရရင် ကျေနပ်စရာဖြစ်သည်မဟုတ်ပါလော .။ကိုယ့်ဘ၀ စာမျက်နှာတစ်ခုမှာ ပုံဖေါ် လုပ်ကိုင်ကြတာဟာ နုလုံးသားကို တည်မှီတဲ့ အတွေး အကြံ ``မနောကံ`` နှုတ်ကပြောဆိုတဲ့ `` ၀စီကံ`` ကိုယ်နဲ့ လှုပ်ရှား လုပ်ကိုင်တဲ့ `` ကာယာကံ`` ဒီသုံးမျိုးဘဲ ရှိသည် ။ လောကကြီးမှာ အာဏာ ၊ ငွေ ၊ ဂုဏ် တင်ရှိသည် မဟုတ်ပါ အင်မတန် သိမ်မွေ့ပြီးမမြင်နိုင်တဲ့စေတနာ၊ မေတ္တာဆိုတာလည်း ရှိသေးသည်၊မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည် .... သားသ္မီးများကို ရင်နှင့် လွယ်ပြီး ရင်သွေးအဖြစ်နဲ့ မွေးဖွါးပြုစုပေးတဲ့ မိဘများနှင့် ရင်နှစ်အဖြစ်မွေးဖွါးပေးကြတဲ့ ဆရာသမားများ လည်း... လူ့ဘ၀ရောက်လာသူတိုင်းကိုပင် ဗီဇပါရမီဓါတ်ခံ အစွမ်းရှိသလောက် ပေါက်ရောက်အောင်မြင် လူရာဝင်အောင် အစတွေကို ဖေါ်ထုတ်ပြသ မွေးဖွါးပေးကြ သည်ဖြစ်လို့ ဘ၀ရဲ့ အောင်မြင်ကြီးပွါးရေးမှာရာနုန်းပြည့် အရေးပါတဲ့ ပ၀တ္တိ မိဘရင်းများပဲဖြစ်တယ်လို့ မိန်ဆိုထားပါသည် ။ ... ( သံယုတ် ကလျာဏ မိတ္တသုတ်) အဖွင်မှာ... ရင်နှစ်အဖြစ်နဲ့ မွေးဖွါးပေးတဲ့ မိဘ .. ဆရာသမားများဆိုတာ တပည့်သားသ္မီး များကို နုလုံးသား မှာရှိတဲ့ မေတ္တာ ဂရုဏ စေတနာ များနဲ့ လုံ့လ၀ီရိယ တို့ရဲ့ လှုံဆော်မှု့  မှာ သန္ဓေတည်ပြီး နုတ် (ခံတွင်း) က နေ မြွတ်ဟပြောဆိုမွေးဖွါးပေးကြတဲ့မိဘများပင်ဖြစ်လို့ ဇာတိမိဘများနှင့် ထပ်တူကျေးဇူးကြီးမားကြတဲ့ ပ၀တ္တိမိဘများ ပဲဖြစ်သည် ။ ဒါကြောင့်လည်း ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့ အနန္တငါးပါး ကို သတ်မှတ်ရေတွက်ရာမှာ မိဘများ နဲ့ ဆရာသမား တို့ကို တစ်တန်းတည်းထား ခြင်းဖြစ်သည် ။ ဒီလို ဆရာသမား တို့က နှလုံးနဲ့ လွယ်ပြီး ခံတွင်းက မွေးဖွားမြင်ခြင်းကို ခံယူတဲ့ သားသ္မီးများ( ဥရေ၀သိတွာ မုခတောဇာတာ ) အသိပညာ အတတ်ပညာတို့နဲ့ အတူ ကိုယ်ကျင့်တရား များပါ မြင့်မြတ်တဲ့ အဆင့်ကို ရောက်ရှိလာတဲ့အတွက် တကယ်အမျိုးကောင်းသားသ္မီး ဆိုတဲ့ `` ဇာတိကုလ ပုတ္တ`` ထက်လည်း သာလွန်မြင်မြတ် ပါတယ် လို့.....ဆိုထားပါသည် ။။

မိမိသည် ရတနာမာရ်အောင်သီလရှင် စာသင်တိုက်မှာ နေခဲ့စဉ်က တစ်ပတ်တခါ ဥပုသ်နေ့တိုင်း ဆရာကြီး ဒေါ်ဝိဟာရီ က သြ၀ါဒ မိန့်ဆိုခဲ့ပါသည် ။ မိမိ အရှေ့က သီလရှင် အစ်မဆရာလေးများသည် မိမိ ရည်မှန်းထားတဲ့ အတိုင်းအတာထိ သင်ယူပြီး တခြားစာသင်တိုက်သို့သွားရောက် ပညာသင်ယူလိုကြောင်း လျှောက်ထား ပြီးထွက်ခွါ သွားသည့်အချိန် မှာ ဆရာကြီးဒေါ်ဝိဟာရီ သည် ~ဤသို့မိန်ဆိုခဲ့ဘူးသည် ---- ဆရာသမား ဆိုတာကတော့ ဘဲဥတွေ ကို သားပေါက်အောင် ရင်ငွေ့ပေးရတဲ့ ကြက်မိခင်ကြီးလိုပါပဲလေ.. အတောင် အလက်ပေါက်လာတဲ့ အထိတော့ ကိုယ်က ကိုယ့်ရင်သွေးလို သဘောထားပြီး ၀ပ်ပေးတာပေါ့ အတောင်အလက်စုံလာတဲ့ အခါမှာတော့ သူတို့က သူတို့ ဗီဇ အတိုင်း ရေထဲ ကူးနေကြတာကို ပဲ ကုန်းပေါ်က မိခင်ကတော့ ရင်တမမနဲ့ ရေထဲမှာ နစ်မွန်းများ သွားမလားဟဲ့ ဆိုတဲ့ ပူပန်စိတ်သောကတော့ ရှိနေတာပဲ ၊ ရင်သွေးပင် မဟုတ်သော်ငြားလည်း ကိုယ်ဝပ်ပေးထားရတယ်ဆိုတဲ့ ရင်နှစ်မေတ္တာတရား ကတော့ ကြီးမားတာပဲ တို့ ဆရာသမားများဟာ အဲသလိုပါဘဲ ၊ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်တပည့်မလေးတွေ သူတို့ ဗီဇ ဓါတ်ခံအတိုင်း လုပ်ဆောင်ကြလို့ အောင်မြင်မှု ရနေကြတာကို ပဲ ကျေနပ် ၀မ်းသာ မိတာပါ ဘဲ့ ။ ဒါပေမယ့် ကြက်မိခင်ကြီးလိုပေါ့ ကိုယ်က ရေဆိုတာ နစ်တတ်တယ်ဆိုတာကို သိထားတာကိုး ကိုယ့်တပည့်မလေးတွေ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရေထဲ မှာ မွှေ့လျှော်နေတာကိုလည်း ရင်တမမဘဲ ၊ ဘာဘဲဖြစ်ဖြစ် ရေဆိုတာ ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်ရင် မနစ်နိုင်ဘူး ဆိုပေမယ့် ကြာတော့ အေးတော့ ပတ်တတ် သမို့လား .. သာသနာ့ဝန်ထမ်းများနဲ့ ပစ္စည်းလေးပါးဆိုတာက သစ်ပင်နဲ့ ရေလိုဘဲ့ ။။ ရေမရှိရင် လဲ ရှင်သန်ဖို့ရာမလွယ်သလို ၊ ရေတွေများပြီး ၀တ်နေပြန်ရင်လဲ ဒီသစ်ပင် အအေးမိလို့ အမြစ်ပုတ်ပြီး သေတတ်တာမျိုးလည်း ရှိတတ်တာကိုး ဒါတွေကို တွေးပြီး စိုးရိမ်မိတာဘဲ့  ပစ္စည်းလေးပါးတို့ ဒကာ ဒကာမ များဆက်ဆံရေးတို့နဲ့ ပတ်သတ်ရင် ရေကူး ကျွမ်းကျင်တဲ့ သူများဖြစ်ကြပါစေ လို့ မိန်ဆိုခဲ့ဘူးပါသည် ။ ဆရာသမားရဲ့ မေတ္တာ စေတနာ သည် အလွန်ကြီးမားပေကြောင်း .. မိမိ သည် ဆရာသမားနဲ့ ဝေးရာနေရာမှာ နေချိန်မှာပင် ပို၍ပို၍ နားလည်လာပေသည် ။ အခုဆို ဒီနိုင်ငံ ရဲ့ရာသီဥတု သည် ဆောင်းဝင်စ ပြုနေပြီ ။ တချိန် က ကြည်လင်သော ကောင်းကင်တွင် အခုတော့ မိုးသား မိုးတိမ် ဖုံးအုပ်နေပြီ ၊ စူးစူးရှရှ နေမင်း ဟာလည်း အခုတော့နွေးထွေးမှု ကိုမပေးနိုင်တော့ပါ ၊ ခပ်ပြင်းပြင်းတိုက်ခိုက်လာသော ဆောင်းဦး လေရူး လေစိမ်း ဒါဏ်ကြောင့် သစ်ရွက်များကြွေကုန်ပြီ ။ လူတိုင်းသည် မိမိ၏ ဘ၀ ကံကြမ္မာကို ဖန်တီးနိုင်သော ဖန်တီးရှင်ပင် ဖြစ်သည်မဟုတ်ပါလော..ကြည်လင်ဆုံး၊ အလှ ဆုံး .၊စူးရှဆုံး၊နွေးထွေးဆုံး၊ အတောက်ပဆုံးသော ဘ၀ ကလေးများ ဖြစ်လာအောင် လည်း မိမိဖန်တည်းယူရမည်မဟုတ်ပါလော။ထိုသို့ဖြစ်လာအောင်လည်းမိဘ ဆရာသမား များရဲ့ သြ၀ါဒ ကို လိုက်နာ ကျင့်သုံးရာသည်မဟုတ်ပါလော။ ၊ ပညာသည် လက်တစ်ကမ်း တွင်ပင် လှမ်းဆွတ်၍ မကုန်နိုင်အောင် ၀န်းရံလျှက်ရှိသည် ။ မိမိ ရောက်လေရာနေရာ နှင့် မိမိ ပတ်ဝန်းကျင်တွင်ရှိသည် ။ ယူတတ်ရန်သာလိုသည် ။ မိမိတို့၏ ဆရာသခင်ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ဘ၀ လွတ်မြောက်ကြောင်း နည်းလမ်းကောင်းများကို သင်ပြညွန်ကြားပေးရုံသာမက ကုဋေပေါင်းများစွာသော လူနတ်ဗြဟ္မာ သတ္တ၀ါ တို့အား နိဗ္ဗာန်ရွှေပြည်နန်းသို့ရောက်အောင်ပို့ဆောင် သွန်သင်ဆုံးမတော်မူခဲ့ပါသည် ။ ထိုကြောင့် `` မဟာဂန္ဓာရုံ ဆရာတော် အရှင် ဇနကာဘိဝံသ သည်..`` ဘုရားရှင်တော် မပွင့်ပေါ်လျှင် ၊ လူတော် အများ စိတ်ကောင်းထားလည်း ၊ ဤ ကား ကုသိုလ် အကုသိုလ် နှင့် ၊ ထိုထို ဘုံဘ၀ မသိရ များလှ အပြစ်တွေ။``` `}} ဘုရားရှင်တော် ပွင့်ပေါ်ထွန်း၍ ၊ ဟောဖေါ်ညွန်ကြား မြတ်တရားကြောင့် ၊ ဤ ကားကုသိုလ် အကုသိုလ် နှင့် ထိုထို ဘုံဘ၀ သိကြရ များလှကျေးဇူးတွေ။``` ဟူ၍ ထောက်ပြခဲ့ပါသည် ။

မိမိ ငယ်စဉ်က လျှောက်လမ်းခဲ့သော ရွာဝင်လမ်းက နွံ့အိုင်ထဲမှာပွင့်လန်းနေသော ရွှေကြာပန်းလို၊ ယခုရောက်လာဖတ်ရှုနေသော ဓမ္မာမိတ်ဆွေလည်း နွံထဲမှာ ပွင့်လန်းတဲ့ ရွှေကြာပန်း ၊ ရေထဲမှာပျော်မွေ့နေတဲ့ ရွှေကြာပန်း လေးတစ်ပွင့်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါသည် ။

မေတ္တာဖြင့်
ထားဝယ်ဆရာလေး

တစ်ခါရောက်ပြန်ပြီ ဆောင်းဦးရာသီ


ရာသီတွေ အလီလီပြောင်းလို့ ဆောင်းရာသီအတွက် အကြိုတင်ပြင်ဆင်မှု ဆိုတဲ့ ဆောင်းဦးရာကို ရောက်ပြန်ပြီ။
စိမ်းလမ်းစိုပြေနေတဲ့ အပင်ပေါင်းစုံ -- လူတွေရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ ..သစ်ရွက်စိမ်းတွေဟာ သဘာဝအလျှောက် ရာသီဥတုရဲ့ အပြောင်းအလွဲမှုကြောင့် အ၀ါရောင်၊ အနီရောင်၊ ပင်နီရောင်၊အဖြစ်သို့ ပြောင်းနေကြပြီ ၊ မိမိရှေ့တွင် အ၀ါရောင်မှ အနီရောင် ပြောင်းနေကြသော သစ်ရွက်ကလေးတွေ ဆောင်းဦးရဲ လေစိမ်းတိုက်ခိုက်မှုကြောင့် ကြွေကျ လွင့်ပါးနေကြပြီ ၊ အပင်ပေါ်မှာ ကျန်နေသေးတဲ့ အရွက်စိမ်းလေးတွေဟာလည်း မဝေးလှသော အချိန်အပိုင်းအခြားမှာဘဲ ကြွေကျလုနီးပါး ဖြစ်နေပါရောသလား.........မကြာခင် အရိုးတံ ကျဲကျဲလေးသာ ကျန်ရစ်နေတော့မယ့် ပင်စည်ဟာလည်း ဆောင်းဒဏ်ကို ကြံ့ကြံ့ခံဖို့ အဆင်သင့် စောင့်မျှော်နေကြပြီလေ ..... .သစ်ပင်တွေသာမက ဆောင်းရာသီအတွက် အကြိုတင်ပြင်ဆင်မှု တွေကိုလည်း ဒီနိုင်ငံ က လူတွေ အ၀တ်အထည်များနှင့် အစားအသောက်များကို သိုလှောင်ဖို့ရာ အကြိုတင်ပြင်ဆင်မှု လုပ်နေကြပြီ ။ ဘ၀၀မ်းစာရေးအတွက် အကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြသလို သံသရာအတွက် ဒါန၊သီလ၊ ဘ၀နာ ရိက္ခာများကို လည်းအကြိုတင်ပြင်ဆင်စုဆောင်းဖို့သင့်နေပြီမဟုတ်ပါလော............မနက်အာရုံ ဘုရားဝတ်တက်ပြီးတိုင်း အပေါ်ထပ်ကို သွားပြီး အာရုံဦးမှာထွက်ပေါ်လာတဲ့ နေရောင်နှင့် ချမ်းစိမ့်စိမ့် တိုးဝင်လာသော လေအေးအေးလေးကို ရူကာ လမ်းလျှောက်ရင်း သဗ္ဗေသတ္တာဝေနေယျာအား နေ့ဒဓူဝ မေတ္တာပို့အမျှဝေသည်မှာ မိမိအလုပ်ရပ်ပင်ဖြစ်တယ် ။ ထိုအချိန်မှာဘဲ မလှန်းမကမ်းမှ “ကားချီ ” လို့ခေါ်တဲ့

ငှက်ငယ်လေးတစ်ကောင်ဟာ နေစဉ် မိမိရောက်လာ အချိန်ကို ရှိနေစမြဲပါ ။ တခါတလေ မိမိထက် အရင်ရောက်တတ်တယ် ။ မေတ္တာရဲ့ အသွားအပြန်ဓါတ်ကြောင့်လား... မိမိမေတ္တာကို ငှက်ငယ်လေး က သိနေသလို သူက တစောင်းလေးလှည့်ကာမိမိကိုပြန် ကြည့်တတ်တဲ့ နေထားမှ သူ့မျက်လုံးကလေးက ဘာတွေ ပြန်ပြောနေတယ်ဆိုတာ ကို မိမိနား လည်းခံစားမိတယ်။ မကြာခင်မှာဘဲ ငှက်ငယ်လေးလည်း ဆောင်းရာသီရဲ့ ဒဏ်ကို အကာအကွယ်ဖို့အတွက် ပြင်ဆင်မှု လုပ်နေလေရောမှာပေါ့ ။။။။ မေတ္တာပို့တဲ့အခါမျာလည်း တခါတခါ “ ရာဂ ” ဆိုတာက လည်း မေတ္တာလိုလိုနဲ့ ၀င်ရောက်လှည့်စားတတ်တယ် ။ ဒီလိုဆိုတော့လည်း မေတ္တာပို့ရင်... ဂရုဏာ -- ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တ၀ါပညတ်ကို အာရုံပြုပြီး သနားကြင်နာခြင်း သဘောကို အခြေခံ ကာ ပိုသရပါတယ် ။ မုဒီတာ -- ချမ်းသာအောင်မြင်သော သတ္တာဝါ ပညတ်ကို အာရုံပြုပြီး ၀မ်းမြောက်ခြင်းသဘောကို အခြေခံကာ ပိုသရပါတယ် ။ ဥပေက္ခာ --- ဆင်းရဲ ချမ်းသာမှု နှစ်ဖြာကို လျှစ်လျူရှုမှုသဘောကို အခြေခံပြီး ပိုသရပါတယ် ။ မကြမ်းထမ်း မခက်ထန်ခြင်း သဘောဖြင့် သတ္တ၀ါအပေါင်းကို မေတ္တာစိတ် ပို့လွှတ်ခြင်းဆိုတဲ့ အခြေခံကတော့ မေတ္တာပို့သခြင်းဖြင့် “ရာဂ ” ကိုလည်း ကင်းစေတယ် ၊ ကိုယ်ရောစိတ်ပါ အေးချမ်းတယ် ၊ အေးမြတယ် ၊။ မေတ္တာက အပြုသမားဖြစ်တယ် ။ မေတ္တာဟာ တပါးသူ၏ အကျိုးစီးပွါးကို သယ်ပိုးတယ် ။ .............. လိုချင်မှု ၊ တက်မက်မှု ၊ စိုးရိမ်မှု ၊ ပူပန်မှု ။ စတဲ့“ ရာဂ ”လွန်ကဲလျှင် ရောဂါဝေဒနာလွန်ကဲလာတတ်ပြီး ဘေးအန္တရယ် များလာတတ်တယ် ။ “ရာဂ” လျှောနည်းရင် ရောဂါ ဝေဒနာ လျှော့နည်းပြီး ဘေးအန္တရယ်လည်း နည်းပါတယ် ။။ ဘေးတွေ ၊ ကိုယ်စိတ်ဝေဒနာတွေ မလွန်ကဲ မလိုဘူးဆိုရင် “ရာဂ ”ကို ကင်းအောင်
လျှော့နည်းအောင် မေတ္တာနဲ့ ယှဉ်တဲ့ ကုသိုလ်စိတ်ကို ပွါးပေးရပါတယ် ။ .......... စိတ်က လည်း အာရုံ တစ်ခု ကို မျှော်လင့် တောင်းတနေချိန်မှာ တရားဓမ္မကို အဖေါ်မပြုဘဲ တောင်းတနေတဲ့ ကာမဂုဏ်စိတ်ခံစားမှု ကို အဖေါ်ပြုလိုက်မယ်ဆိုရင်တော့ .... စိတ်ဟာ ဘယ်တော့မှ အာရုံရဲ့ မျော်လင့်တောင်းတမှုကို ကျေနပ်နိုင်မှာမဟုတ်ဘူး ။ ... ခံစားပြီးလေလေ ... အဲဒီခံစားမှု အာရုံကိုထပ်ပြီး ဖန်တည်းလေလေ ... ထပ်ပြီးလိုက်ရှာလေလေ ဖြစ်နေမှာဘဲ။ လိုချင်တယ်၊ ရချင်တယ်၊ဖြစ်ချင်တယ် ၊ ကြားချင်တယ် ၊ အဲဒါတွေ ဟာ တဏှာ အာသာမပြေ မငြိမ်းသမျှဟာ စကြာမန္ဓာတ်မင်း ၊ သီကြားမင်း၊ နတ်မင်း ဖြစ်သော်လည်း ငတ်မွတ်ခြင်းဒုက္ခ အမြဲနိုပ်စက်နေမှာဘဲ

။ ...............လယ်တီဆရာတော် ဘုရားဟောကြားတော်မူသော ““မသက်ကယ် အာသာ”” ““ ပြာပုံမွမှာ အရသာရှာ”” တဲ့.. မိန့်ဆိုထားပါတယ် ။ ။။ ထာဝရ လိုချင်တောင်းတနေတဲ့ ရူပတဏှာ ၊ သဒ္ဒတဏှာ ၊ ဂန္ဓတဏှာ ၊ ရသတဏှာ ၊ ဖောဋ္ဌဗ္ဗတဏှာ ၊ ဓမ္မတဏှာ ၊ ခြောက်ပါးသော တဏှာ အာသာ ကိုမဖြတ်နိုင် ၊ မသတ်နိုင်ဖြစ်ပြီး လူ့ခန္ဓာ ၊လူ့ဘောဂ ၊ နတ်ခန္ဓာ ၊နတ်ဘောဂ ၊ ဗြာဟ္မာခန္ဓာ ဗြဟ္မာဘောဂ ၊ ဟူသမျှဟာ တစ်ဆယ့်တစ်ပါးသော မီးတို့၏ မပြတ်မစဲ အမြဲလောင်ရာဖြစ်တဲ့ ပြာပုံပြာစုမှာ အနှစ်သာရဆိုတာ အဏုမြူမျှ မရှိပါ တဲ့ ။ ...နောက်တစ်ခု ကတော့ အရူးမတစ်ယောက်ဟာ ရွာတံခါးဝတွင် ရွာသူတို့ထာဝရစွန့်ပစ်ထားသော အမှိုက်ပုံကြီးကို တွေ့လေရာ သူနှစ်သက်ရာများကို ရှာဖွေကောက်ယူလေတယ် ၊။ ထိုမှိုက်ပုံကြီးမှာပင် များစွာသော အကောင်းအမွန်ခံစားဖွယ် စံစားဖွယ်များကို တွေ့ရှိသိမ်းယူသကဲ့သို့ ထိုအတူ လူနတ်ဗြဟ္မာ စည်းစိမ်းချမ်းသာဟူသော အရိယာတို့ စွန့်ပစ်သော အမှိုက်ပုံပြာပုံရွ တို့၌ အကောင်းမွန် ခံစားဖွယ် ၊ စံစားဖွယ် ရသမျှကို ရှာဖွေလိုက်စားသည်လို့ ဆိုထားပါတယ။် ။။။။။။။။။။။။။။။။။။။။။။ ဆာလောင်မွတ်သိပ်မှုဆိုတဲ့ လိုချင်နှစ်သက် တပ်မက် သာယာမှုမျိုးစုံ (တဏှာ) ကို တရားဓမ္မနဲ့ အဖေါ်ပြုပြီး အချိန်မှီ ပယ်သတ်နိုင်မှ တော်ရာရောက်မည်မဟုတ်ပါလော .......... တရားဓမ္မာဆိုတာကလည်း တခြားသွားရှာစရာမလိုပါဘူး။ မိမိရဲ့ လက်တွေ့ ဖြစ်နေတဲ့ ဘ၀ထဲက လက်ရှိ အဖြစ်အပျက်တွေကိုဘဲ မှန်သောအနည်းလမ်းဖြင့် မိမိ ဘ၀ကို အပြုသဘောနဲ့ နားလည်သိမြင်လာရင် အကောင်း အဆိုးနှစ်တန်ကို သေချာထင်ရှားစွာ ခွဲခြားသိမြင်လာတာကို ဓမ္မာလို့ ဆိုလိုတာဘဲ ။ ........ ”လူ” ဆိုတာဟာလည်း အမြဲတန်း တက်ကြွနေတတ်တဲ့ အတွက်ကြောင့် အခြေအနေ အချိန်အခါနဲ့ ကိစ္စ အရပ်ရပ်ပေါ်မှာ မူတည်ပြီးပြောင်းလွဲတတ်ပါတယ် ။....... အခြေအနေ တစ်ခုမှ တစ်ခုသို့ ပြောင်းခြင်းဟာလည်း “ ကောင်းကင်ဘားတန်းတစ်ခု မှ တစ်ခုသို့ လွဲခုန်ခြင်းလိုပါဘဲ .. ဘယ်မှာ ဘားတန်းတစ်ခုတဲမှာ ဘဲ တွဲလွဲ အကြာကြီး... မနေကြဘူးလေ ...... အရှေ့က မြင်နေရတဲ့ ဘားတန်းကို ခုန်လွဲပြီးရောက်အောင်သွားချင်ကြတယ် ။ ရှေ့က ဘားတန်းကို မထိခင် လေထဲမှာ အခိုက်အတန့် ကတော့ ရင်ခုန်စရာကောင်းတာပါဘဲ။ .. .................. နွေးထွေးမှု ဆိုလို့ လုံးဝ ဥဿုံ မရှိ တဲ့ ဆီးနှင်းတောထဲက အရိုးတံ ကျဲကျဲ အပင်တွေဟာ ပြောင်းလွဲတတ်တဲ့ အချိန်အခါအလျှောက် နွေဦးရဲ့  နွေးထွေးတဲ့ နေရောင်ချည်ကို အပြည့်အ၀ ရာရှိလာတဲ့အခါမှာ ဖြင့် အဖူး အပွင့် ရွက်နုတွေ ဝေေ၀ ဆာဆာ ပွင့်လာနိုင်သလို -- ပြောင်းလွဲခြင်းဆိုတာဟာလဲ ကြောက်စရာကောင်းတာတွေကြုံတွေ့ရသလို - ပျော်ရွှင်မှုနဲ့ စိတ်သက်သာမှု တွေဟာလဲ ပြောင်းလွဲခြင်းနဲ့ သာ တိုးတက်မှု အတွေ့အကြုံနဲ့  စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုဆိုတဲ့ အဖူးအပွင့်များကို ပိုင်ဆိုင်လာခဲ့ကြတယ်မဟုတ်လား ....... တစ်ခုတော့ ထပ်ပြောလိုက်ပါရစေအုံး ......... လူတစ်ယောက်မှာ ကြောက်စရာအကောင်းဆုံးထဲမှာ “စကား”တစ်ခုလည်း အပါအ၀င်ဖြစ်တယ် ၊.. စကားတစ်ခွန်းကြောင့် မိမိပတ်ဝန်းကျင်ဟာ . စိတ်ဆင်းရဲမှု ၊ စိတ်ဖိစီးမှု ၊မကြေနပ်မှု ၊ဒေါသဖြစ်မှု တွေကို ဖြစ်စေတတ်သလို ၊ စကားတစ်ခွန်းကြောင့် စိတ်ချမ်းသာမှု ၊ စိတ်လွတ်လပ်ပေါ့ပါးမှု ၊ ကျေနပ်မှု၊ အဒေါသ ဖြစ်မှုတွေကို ဖြစ်စေတတ်ပါတယ် ။ တချို့များ ရှိတတ်ကြပါတယ် ၊ မိမိက ပြောသမျှ ဆိုသမျှ တွေဟာ ချောက်ပြစ်သလဲ ကင်းစင်ပြီး အမှားဆိုတာ “နတ္ထိ” ဘဲ ၊ မိမိပြောသမျှကို လက်ခံစေချင်တယ် ၊ မိမိပြောသမျှ ကိုလိုက်နာစေချင်တယ် ၊မိမိပြောသမျှဟာ အမှန် ၊ တစ်ပါးသူပြောသမျှအမှား ၊ တစ်ပါးသူပြောတာကို လက်မခံ .. ဒီလိုပုဂ္ဂိုလ်တွေကိုလည်း တော်တော်များများ တွေ့ခဲ့ရတယ် ။စာဖတ်သူရဲ့  ပတ်ဝန်းကျင်မှာလည်း တွေ့ကြုံ ဖူးပါလိမ့်မယ်။ လူတွေဟာ ကိုယ်ပြောမယ့် စကားတစ်ခွန်းကို တစ်ကြိမ် နှစ်ကြိမ်ဖြစ်နိုင်ရင်သုံးလေးကြိမ်ပေါ့ ပြန်စဉ်းစားပြီး မှ နုတ်မှ အံထွက်လာရင် မိမိပတ်ဝန်းကျင်ဟာ အခြေအနေ အတိုင်းအတာတစ်ခုထိတော့ လက်ခံနိုင်လိမ့်မယ် ။ မစဉ်းမစား မဆင်မခြင်ဘဲ စိတ်ထဲဖြစ်ပေါ်လာတာနဲ ထစ်ခနဲဆိုနုတ်မှ လွှတ်ထွက် အံထွက် တဲ့ စကားတစ်ခွန်းဟာ လက်ရှိဘာဝ မှာတင် ငရဲ ပြည်ရောက်နေရသလို ၊ နတ်ပြည်ကိုလည်းရောက် နေ တယ်လို ခံစား မှုလည်း ဖြစ်တတ်ပါတယ် ။ အပြော အဆို အနေ အထိုင် မှုတွေ့ ကို သတိမလွတ်စေဘဲ ဆင်ခြင်မှု တရားကို လက်ကိုင်ထားပြီး မိမိရဲ စိတ် အာရုံ တွေကို ဖြစ်ပြီးတဲ့အတိတ်ကာလနှင့် ၊ ဘာမှ မဖြစ်လာသေးတဲ့ အနာဂါတ်ဆီကိုလဲ ပျံ့ လွင့်ခွင့်မပေးဘဲ အခု လက်ရှိ မိမိ ရဲ့ လုပ်ရှားမှု ပစ္စုပ္ပါန်တည့်တည့်မှာဘဲ ဗဟိုပြုထားမယ်ဆိုရင်တောင် လောလောတော့ စိတ်ရဲတည်ငြိမ်မှု၊ အေးချမ်းမှု ၊ကြည်လင်မှု ဆိုတဲ့ သမာဓိ နဲ သတိကို ပိုင်ဆိုင်နိုင်သူတစ်ယောက်ဖြစ်နေပါပြီ ။
................................ အချိန် အခါ ရာသီတွေ အလီလီပြောင်းလို့  ဆောင်းတွင်း
အတွက် အကြိုတင်ပြင်နေကြတဲ့ ဟောဒီက သစ်လေလို ဘ၀ သံသရာအတွက် မိမိ အကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ကြပါစေ လို့ .......................



မေတ္တာဖြင့်

ထားဝယ်ဆရာလေး

ဉာဏ်စိတ်ထောက်ဆပါစေ

ထေရ်ကျော်ငါးရာ
ရဟန္တာဝသီ
သမ္ဘီဒါဉာဏ်ရ
သံဃိန္ဒတို့
ဘုရားမိန့်ရွတ်
ပိဋကတ်ကို
မွတ်မွတ်ဖြူဖွေး
ပေထက်ရေး၍
ဆေးလေးကြပ်ကြပ်
အထပ်တရာ
တည်းဖြတ်ပါလည်း
အက္ခရာပုဒ်ဆွေး
မှားယွင်းသေး၏
ညစ်ကြေးစပ်ယှဉ်
ပုထုဇဉ်သာ
ငါတို့မှာကား
မမှားဘယ်သို့
ရှိလေမြို့လိမ့်
ယွင်းချို့အက္ခရာ
ပျက်ယိုရာ၌
ပညာကြီးရှင်
ဉာဏ်ကောင်းဆင်သို့
ပြင်စေသတည်း........

(ဥတေနပျို
့)
ထားဝယ်ဆရာလေး

လူတိုင်းပြောနေကြတဲ့ အာသ၀ တရား(၄)ပါး

အာသ၀ တရား မကုန်သေးတော့ သံသာရာ ရေယဉ်မှာမျော ရအုံးမှာပေါ့တဲ့ ပြောကြတယ်။
အာသ၀ (၄)ပါး
၁။ ကာမသဝ
၂။ ဘ၀ါသဝ
၃။ ဒိဋ္ဌာသဝ
၎။ အ၀ိဇ္ဇာသဝ

အာသ၀ = အာ+ သဝ
အာ = မှ ( တိုင်အောင် ၊ ဘ၀ဂ်တိုင်အောင် ၊ ဂေါတြဘူတိုင်အောင် ။)
သ၀= ယိုထွက်သည်။ ( စီးသွားသည် ၊ အပေါ်သို့လည်းကောင်း ၊ ဘေးသို့လည်းကောင်း၊ အောက်သို့လည်းကောင်းစီးသွားသည် ။)

အာသာဝတရားသည် ဘုံအားဖြင့် နေ၀သညာနာသညာယနာဘုံတိုင်အောင် ၊ တရားအားဖြင့် ပုထုဇဉ်၏အဆုံး အရိယာအဆင့်ဖြစ်သော ဂေါတြဘူ တိုင်အောင် စီးသွားသည်။

ကဲ ...ယိုထွက်တာကတော့ ဘယ်လိုယိုထွက်သလဲ ...... သဘောင်္သီးကို လက်ဖြင့် ဆိတ်လိုက်ရင်အစေးဖြူများ ထွက်လာတယ် ။ တစောင်းပင်ကို ဓားဖြင့် ထိုးဆွလိုက်ရင် အစေးများယိုထွက်လာတယ် ။ အသားထဲမှ အနာကျိတ်ဖြစ်ပြီး အနာလုံးပေါက်ကာ ပြည်ယိုထွက်လာတယ် ။ အလိုလိုပေါက်သော အနာကလည်း ပြည်၊သွေး ယိုထွက်လာတယ်။ လူရဲ့  ကိုယ်ခန္ဓာမှ အသားကို ဓား၊ လှံနှင့် ထိုးပါက သွေးယိုထွက်လာတယ် ၊အဲဒီလို ယိုထွက်လာတာတွေကို လည်း အာသ၀လို့ခေါ်ပါတယ်။ အသီးအပင်တို့မှ အစေးယိုထွက်ကာ အနာမှ ပြည်ယိုထွက်ပြီး အသားမှ သွေးယိုထွက်သလိုလူတို့၏ စိတ်ထဲမှ လောဘ ၊ ဒိဋ္ဌိ၊ မောဟ တရားများယိုထွက်တယ် ။ အသားဟာ သူ့ အလိုလိုနေသော် သွေးမထွက်နိုင်ပေ ၊ တစုံတခုနှင့် ထိုးဆွမှ သွေးထွက်တယ် ။ အဲဒီလိုဘဲ စိတ်ဟာလည်း အာရုံနှင့် တွေ့ ထိမှ လောဘ ၊ဒိဋ္ဌိ၊ မောဟ စသော အကုသိုလ် တရားများထွက်လာတယ်။ အဆင်းလှလှ ၊အသံ ၊အနံ့၊ အရသာ ကောင်းကောင်း ၊ အတွေ့အထိကောင်းကောင်း ဂုဏ်ပကာသန ကောင်းကောင်းဆိုတဲ့ အာရုံခြောက်မျိုး နှိုးဆွတိုင်း စိတ်ထဲမှ လောဘ ဖြစ်လာတယ် ။ ဒါကြောင့် စိတ်ထဲမှ လောဘယိုထွက်လာတာကို အာသ၀ လို ခေါ်တယ် ။ အသားကို တုတ်ချွန်၊ သံချွန် ဖြင့် မထိုးဆွရင် သွေးမထွက်ပါ ။ အဲဒီလိုဘဲ စိတ်ဟာလည်း အာရုံနှင့် မတွေ့ဆုံရင် စိတ်ထဲမှ လောဘမထွက်ပါ ။ အနာမှ ပြည်ထွက်တာ ၊ အသားမှ သွေးထွက်တာ ဟာ အသားကို စားသွားနိုင်သလို လောဘဟာလည်း စိတ်ထဲမှ ထွက်ပြီူ လောဘထွက်သောသူရဲ့ ဂုဏ်သိက္ခာ၊ ကျင့်စာရိတ္တများကို ဖျက်ဆီးပစ်နိုင်ပါတယ် ။ တဦးနှင့်တဦး သတ်ကြ ဖြတ်ကြ ၊မဟုတ်မမှန် လိမ်လည် ပြောဆိုကြ တိုင်ခိုက် ခိုးယူကြ တာတွေဟာ လောဘ က ဖျက်ဆီးနေခြင်းဖြစ်သည်မဟုတ်ပါလော ။
တဏှာ၊ လောဘ ၊ ရာဂ တရားတို့ဟာလည်း အတူတူပင်ဖြစ်တယ် ။ တဏှာ၊ လောဘ ၊ရာဂ တို့ဟာ မြစ်ရေစီးကြောင်းသဖွယ် တနေရာမှ တနေရာသို့ အမြဲစီးဆင်းနေတဲ့အတွက် တဏှာသောတ ဆိုပြီး ခေါ်လေ့ရှိကြတယ် ။ နဒီသောတ လို့ခေါ်တဲ့ မြစ်ရေစီးကြောင်းဟာ ရပ်တန့်နေသည်ဟူ၍ မရှိ ၊ တနေရာမှ တနေရာသို့ အမြဲစီးဆင်းလျှက်ရှိနေသလို လောဘရေစီးကြောင်း လည်းအမြဲစီးဆင်းလျှက် ရှိရာ လူတွေဟာ လောဘရေစီးကြောင်းအပေါ်မှာ မျောနေကြတယ် ။ လောဘဟာ လူရဲ့ စိတ်ထဲမှာ အငြိမ်နေတဲ့ မျိုးမဟုတ်ပါ ၊ လှုပ်ရှားစီးသွားနေတယ် ။ အငြိမ်မနေတဲ့အတွက်ကြောင့်လည်း လူတွေဟာ ဒီလောဘရေစီးကြောင်းမှာ တရွေ့တရွေ့နဲ့ မျောပါလေတော့တယ် ။ မြစ်ရေစီးကြောင်းမှာ ရေအလျှင်ဟာ အားပျှော့ကာ နည်းနည်းစီးဆင်းပြီး အားပြင်းကာ ရှင်သန်စွာစီးဆင်းတာတွေလည်း တွေ့ရှိကြတယ်မဟုတ်ပါလော ၊ လောဘရေစီးကြောင်းဟာလည်း စီးဆင်းမှုအားအနည်းအများရှိပါတယ် ၊ ဥပမာ ပြောကြပါစို့ ------သိန်းထီပေါက်ပြီး ၀မ်းသာလွန်းကာ သေဆုံးသွားတယ် လောင်းကစားမှုအောင်ပြီး ကခုန်သောကြောင့် သေဆုံးသွားတယ် ဒါမျိုးတွေ ဟာ လောဘရေစီးကြောင်း ရှင်သန်းသောကြောင့်လိုဖြစ်တယ် ။ ။။။။။။။။။။။။ ကုသ၀တီ တိုင်းပြည်ကြီး၏ အရှင်သခင်ဖြစ်သော မင်းကုသ သည် မဒ္ဒရာဇ်တိုင်း ၊ ပြည်ငယ်ကလေး၏ ဘုရင့်သမီးတော်ဖြစ်သော ပဘာဝတီ ကို စွဲလမ်းရကား ၊ မဒ္ဒရာဇ်တိုင်းငယ်ကလေး သို့ပင် သွားရောက်၍ အိုးလုပ်ဖျာရက်နေရတယ် ၊ မင်းကုသကို လောဘရေစီးကြောင်းက သယ်ဆောင်သွားခြင်းဖြစ်တယ် ။ နောက်တဦီး ကြည့်ကြပါစို့ ... သေဋ္ဌေးသမီး ပဋာစာရီ သည် မိဘဆွေမျိုးများနှင့် စည်းစိမ်ဂုဏ်သိက္ခာတိုကို ပစ်ပယ်ပြီး ၊ ကိုဒါသနှင့် လယ်ကွင်း ဟင်းလင်းထဲတွင် အတူနေသည်မှာလည်း လောဘ အာသ၀ရေစီးကြောင်းတွင် မျောပါနေခြင်းဖြစ်ပါတယ် ။
ဗေဒါပင်များဟာ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရေအလိုက် မျောပါနေသလို လူအများဟာလည်း ပွဲလမ်းသဘင် ၊ ရုပ်ရှင် ပျော်ပွဲ ရွှင်ပွဲများသို့ သွားလာနေကြတယ် ၊ ဗေဒါပင် ဟာ အနှစ်ရှိတယ်လို့ ထင်မှတ်ရပေမယ့် တကယ်တော့ အနှစ်မရှိပါ ။ အဲဒီလို ပွဲလမ်းသဘင် ရုပ်ရှင်ကြည့်တာဟာလည်း အပေါ်ယံ ကောင်းတယ်လို့ ထင်ရပေမယ့်တကယ်တော့ အနှစ်မရှိ အကာအတိသာ ဖြစ်တဲ့ အကုသိုလ်လုပ်ငန်းများသာ ဖြစ်တယ်။ ...... လူတို့ရဲ့ စိတ်မှာ လောဘ ယိုထွက်ဖန်များလာတဲ့အခါ မှာ ဒိဋ္ဌိ ၊ မောဟ တရားများ လည်းယိုထွက်လာတယ် ၊ လောဘ နှင့် ဒိဋ္ဌိ ဟာ အတူတူရောပါတော့တယ်။
ဝိသုဒ္ဓိမဂ် ၊ ကင်္ခါ ၀ိတရဏ၀ိသုဒ္ဓိ အဖွင့်တွင် --
ဒိဋ္ဌိဗန္ဓနဗဒ္ဓါတေ ၊ တဏှာ သောတေန ၀ုယှရေ ။
တဏှာသောတေန ၀ုယှန္တာ ၊ နတေ ဒုက္ခာ ပမုစ္စရေ ။ ဟူ၍ ပါရှိပါသည် ။
အမြင်မှား နှောင်ကြိုးဖြင့် နှောင်ဖွဲ့ခြင်းခံရသော ထိုသတ္တာဝါများသည် လောဘ ရေယဉ်ကြောမှာ မျောနေကြ၏ ။ လောဘရေယဉ်ကြောမှာ မျောနေကြသေးသမျှ ၊ ထိုသတ္တာဝါများသည် ဆင်းရဲအမျိုးမျိုးမှ မလွတ်နိုင်သေးပေ ။

အမြင်မှား နှောင်ကြိုးဖြင့် ဘယ်လိုများ နှောင်ဖွဲ့ ထားသလဲဆိုယင် “ ငါသွားတယ်” “ငါကြည့်တယ်” ငါလုပ်တယ်” ငါစားတယ်” ငါတပ်ကာမြင်မှားနေကြတယ် ။
အကုသိုလ်လုပ်ငန်းများဆောင်ရွက်နေသူများ ဟာ လူ့ဘ၀မှ အပါယ်ဘ၀ သို့ မျောပါသွားနိုင်ပါတယ် ။ အပါယ်ဘ၀ကို လိုချင်သော လောဘစိတ် ကားမဟုတ်ပါ ။ မြတ်စွာဘုရား လက်ထက်တော်အခါက သင်္ကန်းကို စွဲမက်၍ သေသောကြောင့် သင်္ကန်းတွင်း သန်းဖြစ်ရသော ရဟန်းသည် သန်းဖြစ်လိုသော လောဘမရှိပေ ။ သင်္ကန်းကို စွဲမက်သော လောဘစိတ်သာရှိတယ် ။ ထိုလောဘ ရေစီးကြောင်းက အားသန်လွန်းသောကြောင့် သာလျှင် ထိုလောဘကပင်သန်းဘ၀ သိုရောက်ရလေတယ် ။ ဆရာတော်ကြီးတပါး သည် သီလ၊ သမာဓိ နှင့် ပြည့်စုံသော်လည်း ငှက်ပျောပင်ကို နှစ်သက်စွဲလမ်းသောကြောင့် ပျံလွန်သောအခါ ထိုငှက်ပျောပင် ၌ ပိုးကောင်ကြီး ဖြစ်ရလေတယ် ။ အဲဒီလို ပွဲလမ်းသဘင်၊ ပျော်ပွဲများ ၊ စည်းစိမ်ဥစ္စာများကို လိုလားတပ်မက်လွန်းသော် အပါယ်လေးဘုံသိုရောက် ပါတယ် ။

လယ်တီဆရာတော် ဘုရားက စတုသစ္စဒီပနီ တွင် -- လောဘရေစီးကြောင်းကို တောင်ကျရေနှင့် ခိုင်းနှိုင်းပါတယ် ။ တောင်ကျရေဟာ သစ်ရွက် သစ်ခက်များကို အောက်သို့ မျှောချ သကဲ့သို့ လောဘ ကလည်း လူတို့ကို အပါယ်လေးဘုံ သို့ မျှောချပါတယ် လို့ မိန့်ဆိုထားပါတယ် ။
ရေဟာ အမြင့်မှ အနိမ့်သို့ ဆင်းတယ် ၊ သတ္တာဝါ တိုဟာလည်း ရှိရင်းစွဲဘ၀မှ အနိမ့်ဖြစ်တဲ့ အပါယ်လေးဘုံ သို့ ဆင်းကြရမည်ကား များလေတယ် ။ ဒါပေမယ့်လည်း ရေကို လေဖြင့် မှုတ်တင်ရင် အထက်သို့ တက်နိုင်သလို ကုသိုလ် လေဟုန်ဖြင့် မြှောက်တင်လိုက်မယ်ဆိုရင် အထက်နတ်ပြည် ၊ ဗြဟ္မာ ပြည်များသို့ ရောက်သွားနိုင်ပါတယ် ။

အာသ၀တရား ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ရွှေပြည် ကို မျက်မှောက်ပြုနိုင်ကြပါစေ ။။
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

အိပ်ရာနေရာကြောင့် ကုသိုလ်ဖြစ်ပုံနှင့် အကုသိုလ်ဖြစ်ပုံ

အိပ်ရာနေရာ သန့်ရှင်းမှုကြောင့် စိတ်ကြည်လင်ပြီး ကောင်းရာကောင်းကြောင်းများကို တွေးတောမိတဲ့အခါ စိတ်ထဲမှာကုသိုလ်ဖြစ်တယ်။ စိတ်ကြည်လင်မှု အရင်းခံပြီးတော အကျိုးရှိရာ ရှိကြောင်း စကားများကို နှုတ်က ပြောတဲ့အခါ နှုတ်ထဲမှာ ကုသိုလ်ဖြစ်ပြန်တယ် ။ စိတ်ကြည်လင်မှု အရင်းခံပြီး အကျိုးရှိရာ ရှိကြောင်း အမှုကိစ္စများကို ကိုယ်ဖြင့် ဆောင်ရွက်တဲ့အခါ ကိုယ်ထဲမှာ ကုသိုလ်ဖြစ်ပြန်တယ် ။ အဲဒီလို စိတ်၌ ဖြစ်စေ ၊ နှုတ်၌ ဖြစ်စေ၊ ကိုယ်၌ဖြစ်စေ ကုသိုလ်ဖြစ်ပြီး အကျိုးရှိရာရှိကြောင်း အလုပ်တာဝန်များကို အောင်မြင်စွာ လုပ်ဆောင်ပြီး တိုးတက်ကြီးပွားရန် အတွက် အိပ်ရာနေရာ သန့်ရှင်းမှုဟာလည်း အခြေခံ အဖြစ် အလွန် အရေးကြီးလှပါတယ် ။ အထူးသဖြင့် အိပ်ရာနေရာ အပေါ်၌ လျောင်း ၍ အိပ်နေတဲ့ အခါမှာ အိပ်တယ် ၊ အိပ်တယ် ။ ထိုင်၍နေတဲ့အခါ မှာလည်း ထိုင်တယ် ၊ထိုင်တယ်၊ ဆိုပြီး အမှတ်များကို အသုံးပြုနိုင်လျှင် ၀ိပဿနာဉာဏ် ၊မဂ်ဉာဏ် ၊ဖိုလ်ဉာဏ်အထိ ရောက်စေနိုင်သော ကုသိုလ်အထူးကြီးများကို ရယူနိုင်ပါတယ်။

အိပ်ရာနေရာကြောင့်အကုသိုလ်ဖြစ်ပုံကတော့........အိပ်ရာကောင်းကောင်းနဲ့ အိပ်နေရရင်လည်း တပ်မက်စွဲလမ်းသော လောဘ အကုသိုလ်စိတ်ဖြစ်ပေါ်တယ် ။ အိပ်ရာနေရာ မကောင်းပြန်ရင်လည်းစိတ်ညစ်စိတ်ဆိုးတဲ့သဘောမကျ မကြေနပ် တဲ့
ဒေါသ အကုသိုလ်စိတ်ဖြစ်ပေါ်တယ် ။ အိပ်ရာကောင်းဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ အိပ်ချင်မူးတူးနှင့် အိပ်ရာပေါ်တွင် အိပ်သော် တွေဝေမိန်းမောသော မောဟအကုသိုလ်စိတ်ဖြစ်ပေါ်တယ် ။
အိပ်ရာအပ်ါတွင် အိပ်မပျော်နိုင်လောက်အောင် တွေးတောနေခြင်း ၊ စိတ်ကူးယဉ်ခြင်းများ ဟာလည်း အကုသိုလ်ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ် ။အိပ်ရာနေရာနှင့် ပတ်သတ်ပြီး စည်းစိမ်ခံရန် ပြောသောစကားများ ၊ အိပ်ရာနေရာကို မကျေနပ်သဖြစ် ပြောတဲ့စကားများကို ပြောဆိုမိတဲ့အခါမှာ နှုတ်တွင် အကုသိုလ်ဖြစ်ရတယ် ။ အိပ်ရာနေရာနှင့် ပတ်သတ်ပြီး စည်းစိမ်ခံရန်ဆောင်သော အလုပ်၊ အပြုအမှုများ ၊ စိတ်ညစ် စိတ်ဆိုး၍ ပြုသော အပြုအမှုများကို ဆောင်ရွက်ပြုမူမိသောအခါ ကိုယ်၌ အကုသိုလ်ဖြစ်ပြန်တယ် ။ အိပ်ရာနေရာကြောင့် မနောကံ အကုသိုလ်၊ ၀စီကံ အကုသိုလ် ၊ ကာယကံ အကုသိုလ် များဖြစ်နိုင်ပါတယ် ။
အိပ်ရာနေရာတွင် အိပ်စက်နာယူနေတဲ့အခါမှာ ဆင်ခြင်မှုတရားဘ၀နာများကို မပြတ်မလတ် နုလုံးသွင်း ဆင်ခြင်ကြပါလို့ ဆရာလေးရဲ ဓမ္မမိတ်ဆွေများကို တိုက်တွန်းလိုက်ပါတယ် ။
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

လောဘစိတ် ရှင်သန်စည်ကားနေသူ

လောဘဟိတ် ရှင်သန် စည်ကားလာသော သူတစ်ယောက် ဟာ မိမိလိုချင် တပ်မက်သော ပစ္စည်းကို မရမနေ ယူလိုကြတယ် ။ ကောင်းသောနည်းလမ်းဖြင့် ဖြစ်စေ ၊ မကောင်းသောနည်းလမ်းဖြင့် ဖြစ်စေ ၊ ရယူရန်ကြိုးစားကြတယ် ။ အဲဒီလို မကောင်းသော နည်းလမ်းဖြင့် ယူသော် အပြစ်ရှိမည် ၊ မကောင်းကျိုးကို ဖြစ်လာနိုင်တယ်ဆိုတာကို မမြင်မသိတော့ပါ ။။။။။။

မတော်လောဘများ ကင်းဝေးကြပါစေ ။
ထားဝယ်ဆရာလေး

အစားစာကြောင့် ကုသိုလ်ဖြစ်ပုံနှင့် အကုသိုလ်ဖြစ်ပုံ


ကောင်းမွန်တဲ့ အစားစာများကို တွေ့ကြုံတဲ့အခါ ရဟန်းသံဃာ ဆရာမိဘ စသည်တို့ကို ကျွေးချင်သောစိတ်ဖြင့် သတိရသော် အစား အစာကြောင့် စိတ်ထဲမှာ ကုသိုလ်ဖြစ်ပါတယ် ။ စားကြပါ ၊ သောက်ကြပါ စသည်ဖြင့် ပြောမိသောအခါ နှုတ်ထဲမှာ ကုသိုလ်ဖြစ်ပြန်တယ် ။ ကြည်ကြည်ဖြူဖြူ နှင့် အစားအသောက် ကျွေးမွေးလှူဒါန်းရန်အတွက် ကိစ္စကြီးငယ်များကို ဆောင်ရွက်တဲ့အခါ ကိုယ်ထဲမှာ ကုသိုလ်ဖြစ်ပြန်တယ် ။ အထူးသဖြင့် အစားအသောက်ကို စားတိုင်းသောက်တိုင်း စားတယ်၊ စားတယ် ၊ ၀ါးရင်လည်း.. ၀ါးတယ်၊ ၀ါးတယ် ၊ မျိုရင်လည်း.. မျိုတယ် ၊ မျိုတယ်၊သောက်ရင်လည်း.. သောက်တယ် သောက်တယ် ၊ စားနေဆဲ ၊သောက်နေဆဲမှာ ပစ္စုပ္ပါန်အခိုက်အတန့် ကျကျ မှတ်၍ မှတ်၍ စားသောက်ရင် အလွန်တန်ဖိုး ရှိတဲ့ ၀ိပဿနာကုသိုလ်စိတ်ဖြစ်ပါတယ်။ မှတ်ခါစ အရှိန်မရသေးသူ ခြောက်ကပ်ကပ်နှင့် မည်သည့် အရာမျှ အကျိုးမပြီးစီး အချည်းနှီးသာဖြစ်တယ် ထင်ရပေမယ့်လည်း သဘောရင်း အမှန်မှာ အလွန်ထူးမြတ်တဲ့ ကုသိုလ်ကို ရနေပါတယ်။

ဥပမာ ။ ။ ရွှေရှိတဲ့ မြေကြီးကို ကျုံးပြီး ရွှေကျင်တဲ့သူမှာ အစပိုင်းမှာတော့ မြေကြီးကို ကျုံးအခါစ ရွှေကို မမြင်ရပေမယ့် မြေကြီးထဲမှာ ရွှေရှိတယ်ဆိုတာကတော့ သေချာပါတယ် ။ တစတစရွှေရအောင် ကျင်ထုတ်လိုက်တဲ့အခါ ရွှေမှုံ့ ရွှေခဲတွေကို မြင်ရမှ ၀မ်းသာခြင်းဆိုတဲ့ပီတိဖြစ်ခဲ့တယ် ။ အဲဒီလိုဘဲ စားနေတဲ့ခိုက် ၊ ၀ါးနေတဲ့ခိုက် မှတ်ခါစ အချိန်မှာလည်းမြေထဲမှာရွှေပါသလိုအမှတ်ထဲမှာအလွန်အဖိုးတန်တဲ့ဝိပဿသနာ ဉာဏ်ရှိနေပါတယ် ။ အမှတ်မသန့်ရှင်းသေးတဲ့အတွက်ကြောင့်သာ သိသာထင်ရှားမှု မဖြစ်ပေမယ့် အမှတ်သန့်ရှင်းတဲ့အခါမှာ သိသာထင်ရှားလာပါလိမ့်မယ်။

အစားအစာကြောင့်အကုသိုလ်ဖြစ်ပုံကတော့ ............. အစားအစာနှင့် ပတ်သတ်ပြီး အလွန်အကောင်းကြိုက်ပြီး လောလုပ္ပတဏှာ နှင့် မိမိသာ စားချင်ပြီး သူတပါးစားမည့်ကို မနာလိုသော အရေးနှင့် တွေးမိတိုင်း တွေးမိတိုင်း စိတ်ထဲမှာ အကုသိုလ်ဖြစ်တယ်။ အစားအသောက်ပေါ်မှာ သာယာတက်မက် မှု နှင့် လောဘစိတ်ဖြစ်နေရင် လည်းအကုသိုလ်စိတ်ဖြစ်ပြန်တယ် ။ အဲဒီစိတ်ကို အရင်းခံပြီး ပြောတိုင်း ပြောတိုင်း နှုတ်ထဲမှာ အကုသိုလ်ဖြစ်ပြန်တယ် ။ ပြုမူ ဆောင်ရွတ်တိုင်း ဆောင်ရွတ်တိုင်းမှာလည်း ကိုယ်ထဲမှာ အကုသိုလ်ဖြစ်ပြန်တယ် ။ အစားအစာကြောင့် အကုသိုလ်ဖြစ်တဲ့ သဘာဝကတော့ အစာငတ်သူတွေ ၊ ရှားပါးသူတွေများမှာ ဖြစ်များကြပါတယ် ။ ....................

အစားအစာနဲ့ပတ်သတ်ပြီး
ကုသိုလ်စိတ်ဖြစ်
ဆင်ခြင်စားသောက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

မှန်ကန်စွာနုလုံးသွင်းနိုင်ကြပါစေ


ကိလေသာလွှမ်းမိုးနေသော အနိစ္စလက္ခာရှိသောစိတ်ကို အပေါ်ယံအားဖြင့် ကြည့်လျင် ကိလေသာအလွှာကို ဖောက်ထွင်း၍ အနိစ္စသဘောကို မတွေ့မြင်နိုင်ပေ။ တည်ငြိမ်စွာ စောင့်ကြည့်သုံးသပ်ကြည့်မှသာ ကိလေသာအလွှာကို ဖောက်ထွင်း၍ အနိစ္စသဘောကို တွေ့မြင်နိုင်ပေသည်။ ကြည်လင်နေသော ရေအောက်က ငါးကိုမှ စူးစိုက်ကြည့်မှသာ မြင်နိုင်၏၊ နမော်နမဲ့ကြည့်က မမြင်နိုင်သည်ရှိသော် ညစ်ထည်သော ကိလေသာအလွှာကို ဖောက်ထွင်း၍ အနိစ္စလက္ခဏာအား တွေ့မြင်ရန်အဖို့မှာ လွန်စွာ စူးစိုက် လုံးလစိုက်ရပေလိမ့်မည်။ ဤသို့ အမှန်တရားအပေါ်၌ အမှားများဖုံလွှမ်းနေတတ်၏။ စီစစ်ဝေဖန်မှုဉာဏ်ကင်းမဲ့၍ ဝီရိယအားနည်းသူအဖို့မှာ ဖုံးလွှမ်းနေသော အမှားကို အမှန်တရားဟု ခံယူရှုမြင်၏။ ဤသို့မှားယွင်းမှုအပြစ်သည် ၎င်းသူအား မှားယွင်းမှုအပြစ်ဒဏ်သင့်စေသည်။ ဤဒဏ်တည်းမဟုတ် တစ်ခြားသော ရန်များစွားနှင့်လည်း တွေ့ကြုံရ၏။ အဘယ်ကြောင့်ဆိုသော် အန္တာရယ်ရှိသောလမ်းပေါ်၌ သူ လျှောက်လှမ်းနေသောကြောင့်ဖြစ်သည်။ ပညာဉာဏ်နုံချာသူသည် အာရုံ၏ လှည့်စားမှုကို ခံရ၏။ လှည့်စားမှု ခံရသူ၏ စိတ်အစဉ်သည် အာရုံ၏ ဖောက်ပြန်မှုအစဉ်အတိုင်း ဖောက်ပြန်၏။ အာရုံ၏ ဆင်းရဲခြင်းလက္ခဏာအတိုင်း ထိုသူ၌ ဆင်းရဲခြင်းဖြစ်၏။ ဤအာရုံသည်ဖောက်ပြန်ခြင်းလက္ခဏာရှိ၏။ ဤအာရုံကြောင့်ဖြစ်ပေါ်သောစိတ်သည်လည်းဖောက်ပြန်ခြင်းလက္ခဏာပဲရှိသည်သာတည်းဟု ရှုမြင်သုံးသပ်မြင်သူသည် ထိုအာရုံအပေါ်၌ မှန်စွာနှလုံးသွင်း၏။ ထိုသို့ မှန်စွာနှလုံးသွင်းခြင်းသည် အာရုံ၏ လှည့်စားမှုမှ ကာကွယ်ပေးသည့် အစွမ်းသတ္တိရှိ၏။ လှည့်စားမှုမခံရသူအဖို့ အန္တာရယ်ကင်းသည့် လမ်းမှန်သို့ ဦးတည်၏။ ဤလမ်းမှန်၌ လျှောက်ရသူအဖို့မှာ အန္တာရယ်ကင်း ဘေးရှင်း၍ ချမ်းသားခြင်းသုခနိဗ္ဗာန်သို့ မျက်မှောက်ပြုရာ၏။ (၀င်းမြင့်)


ယခုလာရောက်ဖတ်ရှုနေသော ဓမ္မမိတ်ဆွေများကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေ။

မေတ္တာဖြင့်

ထားဝယ်ဆရာလေး

အနာမျိုး ၉၆ * ပါးသိကောင်းစရာ

(၁)မျက်စိကဖြစ်သောအနာ၊(၂) နားတွင်းကဖြစ်သောအနာ၊(၃) နှာခေါင်းတွင်းကဖြစ်သောအနာ၊(၄) လျှာကဖြစ်သောအနာ၊(၅) ကိုယ်ကဖြစ်သောအနာ၊(၆) ဦးခေါင်းကဖြစ်သော အနာ၊(၇) နားရွက်ကဖြစ်သောအနာ၊(၈) ခံတွင်းကဖြစ်သောအနာ၊(၉) သွားကဖြစ်သောအနာ၊(၁၀) ချောင်းဆိုးနာ၊(၁၁) ကြို့ထိုးနာ၊(၁၂) နှာခေါင်းအာဝကဖြစ်သောအနာ၊(၁၃) တစ်ကိုယ်လုံးပူစေတတ်သောအနာ၊(၁၄) ဖျားသောအနာ၊(၁၅) ၀မ်းကဖြစ်သောအနာ၊(၁၆) တွေဝေမေ့မောစေသောအနာ၊(၁၇) သွေးကိုသွန်အန်တတ်သော ၀မ်းလေနာ၊(၁၈) ထိုးကျင်စေတတ်သောဝမ်းလေနာ၊(၁၉) ကြီးစွာဝမ်းလျှောကျသောအနာ ကာလနာ၊(၂၀) နူနာ၊(၂၁) အိုင်းနာ မြင်းဖု စသောအနာ၊(၂၂) တင်းထိပ်နာ၊(၂၃) အဆုတ်နာ၊ ကုတ်ဟီးနာ၊ ပန်းနာ၊(၂၄) နတ်ဘီလူး ဖမ်းစားသောအနာမျိုး၊(၂၅) ပွေးနာ၊(၂၆) ၀ဲကြီးဝဲစိုနာ၊(၂၇) ၀ဲငယ် ၀ဲခြောက်နာ။(၂၈) ခြေသည်း လက်သည်းတို့ဖြင့်ခြစ်မိရာအရပ်က ဖြစ်ပေါ်သောအနာ၊(၂၉) ခြေဖ၀ါး၊ လက်ဖ၀ါးပြင်တို့က အမျှင်အမျှင်ကွဲအက်သောအနာ၊(၃၀) သွေးသည်းခြေနာ၊ သို့မဟုတ် နီသောသည်းခြေနာ၊(၃၁) ဆီးချိုနာ၊(၃၂) အရိယိုနာ၊(၃၃)ထွတ်မြင်းနာ ဖေါယောင်နာ၊(၃၄) ဂယင်ဂျီနာ၊ ဤပါဠိတော်မြတ်၌ မျက်စိနာအစ ဂယင်ဂျီနာ အဆုံးရှိသော ၃၄-ပါးတို့တွင် ““ခြေသည်းလက်သည်းခြစ်မိသောအနာနှင့် နတ်ဘီးလူးဖမ်းစာသောအနာ" ၄င်းအနာ ၂-ပါးမှာ သည်းခြေ သလိပ် လေတို့ကြောင့် မဖြစ်မ၍ အကြွင်း ၃၂-ပါးသောအနာတို့သည်သာ သည်းခြေခ သလိပ်ခ လေတို့ကြောင့်ဖြစ်ကုန်ရကား သည်းခြေနာ ၃၂-ပါး၊ သလိပ်နာ ၃၂-ပါး၊ လေနာ ၃၂-ပါး၊ ပေါင်း အနာမျိုး ၉၆-ပါးဖြစ်သတည်း။

၉၆-ပါးသော ရောဂါဝေဒနာမှ ကင်းဝေးကြပါစေ။
ထားဝယ်ဆရာလေး

မဟာပဇာပတိဂေါတမီ ဘိက္ခုနီမ အကြောင်း သိကောင်းစရာ

သဒ္ဒါ ,သတိ ,၀ီရိယ, ပညာ, ဟူသော ကြီးပွါးကြောင်းတရားများဟာ ...ဘ၀နေ၀င်ချိန် ကို လှပစေပြီး နောက်ဆုံး အိုခြင်းကင်းရာ သေခြင်းကင်းရာ ၊မနှစ်သက်အပ်တဲ့ သတ္တ၀ါ သင်္ခါရတို့နှင့်တွေ့ဆုံခြင်းဆင်းရဲကင်းရာ၊.နှစ်သက်အပ်တဲ့သတ္တ၀ါသင်္ခါရတို့နှင့်ကွေကွင်းရခြင်း ဆင်းရဲကင်းရာ ၊ အသင်္ခတဓါတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ စံမြန်းလေပြီးသော မဟာပဇာပတိဂေါတမီဘိက္ခုနီအကြောင်း ကို တိပိဋိကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ရေးသားပြုစုသောမဟာဗုဒ္ဓ၀င် ကျမ်းလာအတိုင်း ထုပ်ဖေါ်၍ ဆရာလေးရဲ့ ဓမ္မမိတ်ဆွေများ ကြည်ညို သဒ္ဒါ ပွါးများ နိုင်ကြပါစေခြင်းအကျိုးငှာ ဓမ္မဒါနဖြင့် မျှဝေလိုက်ပါသည်။
မဟာပဇာပတိဂေါတမီထေရီမ၏အလောင်းအမျိုးကောင်းသမီးသည်ပဒုမုတ္တရာမြတ်စွာဘုရား လက်ထက်တော် အခါဝယ် ဟံသာဝတီမင်းနေပြည်ဖြစ်လတ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေတနာကို ကြားနာစဉ်မြတ်စွာဘှုရားရှင်က ဘိက္ခုနီမ တပါးကို ညဥ့်အပိုင်းအခြားကို သိကြသော ဘိက္ခုနီ -၀ါကြီးသော ဘိက္ခုနီမတို့အနက် အသာဆုံး အမြတ်ဆုံး - ဧတဒဂ် ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် တိုရတ္တညူဧတဒဂ်” ရာထူးဌာနန္တရကို ဆုတောင်းပတ္တနာမှု ပြုလေ၏။
ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း ဗျာဒိတ်စကားမိန့်ကြားတော်မူလေ၏။
”ရေခပ်ကျွန်မ အကြီးအကဲဘ၀”
ရေခပ်ကျွန်မအမျိုးသမီးသည်အသက်ထက်ဆုံး အလှူကိုပေးလှူကာ သီလကိုစောင့်ထိန်း၍
ထိုဘ၀မှစုတေလတ်သော်နတ်ပြည်၌ ဖြစ်ပြီးလျှင်တဖန်တခုသောဗုဒ္ဓ န္တရခေတ်၌ နတ်ပြည်မှ စုတေခဲ့၍ဗာရာဏသီပြည်ဝယ်ရေခပ်ကျွန်မငါးရာတို့၏အကြီးအကဲကျွန်မဖြစ်လာ၏။
ထိုနောက်ဝါ လကပ်သောအခါပစ္စေကဗုဒ္ဓါအရှင်မြတ်ဆူတို့သည်နန္ဒမူလိုဏ်မှကြွလာတော်မူကာဗာရာသီပြည်ဣသိပတနမိဂဒါ ၀ုန်ု်တော၌သက်ဆင်းတော်မူကြ၍မြို့၌ဆွမ်းခံလှည့်လည်တော်မူကြပြီးလျှင်မိဂဒါဝုန်တောသို့တဖန်ပြန်ကြွတော်မူကြပြီး“၀ါဆိုရန် ကျောင်းငယ်အလို့ငှာ လက်အမူ-ဟတ္ထကံကို တောင်းခံကြကုန်အံ့ဟု ကြံစည်တိုင် ပင်ကြလေ၏။ဆိုခါနီးကပ်လျှင်ဝါ ဆိုကျောင်းရှာရမြဲဓမ္မတာဖြစ်သောကြောင့်ပစ္စေကဗုဒ္ဓါ၅ဆူတို့သည်“ဟတ္ထကံကိုတောင်းခံကြကုန်အံ့”ဟုသင်္ကန်းရုံတော်မူကြကာညနေချမ်းအခါ၌မြို့တွင်းသို့ဝင်၍ဗာရာဏသီသူဌေး၏အိမ်တံခါး၌ရပ်တော်မူကြလေကုန်၏။ရေခပ်ကျွန်မအကြီးအကဲဖြစ်သော အမျိုးသမီးသည် ရေအိုးရွက်၍ ရေဆိပ်သို့ သွားစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်၅ဆူတို့ မြို့တွင်းသို့ ၀င်တော်မူကြသည်တို့ကို မြင်လိုက်ရလေ၏။ဗာရာဏသီသူဌေးသည်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကြွလာတော်မူကြသောအကြောင်းကိုကြားသိပြီးလျှင် “တပည့်တော်တို့မှာအရှင်ဘုရားတို့အားဟတ္ထကံပေးနိုင်ရန်အခွင့်မရှိ၊ကြွတော်မူကြကုန်လော့” ဟု ပစ်ပစ်ခါခါ စကားပြောကြားလိုက်လေသည်။ထိုအခါပစ္စေကဗုဒ္ဓါ အရှင်မြတ်၅ဆူတို့ မြို့တွင်းမှ ပြန်ကြွကာ ထွက်လာကြသည်တိုကို ရေခပ်ကျွန်မအကြီးအကဲအမျိုးသမီးသည်ရေအိုးကိုရွက်၍မြို့တွင်းသို့ဝင်စဉ်ပက်ပင်းတွေ့မြင်ရ၍ရေအိုးကိုချကာရှိခိုးဦးညွတ်လျှက်မျက်နှာကိုမော့ချီကာ“အရှင်မြတ်တို့သည်မြို့တွင်းသိုင်ပြီးကာမျှဖြစ်ကြ၍လျှင်ပြန်လည်ထွက်ခွါတော်မူခဲ့ကြကုန်ပြီ၊ဘယ်လိုအကြောင်းရှိပါသနည်း”ဟုမေးလျှောက်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“ါဆိုကျောင်းငယ်အတွက်ဟတ္ထကံလက်အမူကိုတောင်းခံရန်ငါတို့လာခဲ့ကုန်ပြီ” ဟုမိန်တော်မူကြလေလျှင်အမျိုးသမီးသည် “ရခဲ့ပါပြီလားအရှင်ဘုရားတို့”ဟု မေးပြန်လေ၏ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“မရခဲ့ပါဒါယိကာမ”ဟုမိန့်တော်မူကြလေလျှင်အမျိုးသမီးသည်အရှင်မြတ်တို့....ဤ၀ါဆိုကျောင်းဆိုသည်ကိုအစိုးရသူလူကုံထံတို့သာဆောက်လုပ်လှူဒါန်းကောင်းပါသလောသို့မဟုတ်တပည့်တော်များဆင်းရဲသားတို့
သည်လည်းဆောက်လုပ်လှူဒါန်းနိုင်ပါသလောဟုမေးပြန်လေ၏။ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“အစိုးရသူလူကုံထံဖြစ်စေ . ဆင်းရဲသားဖြစ်စေမည်သူမဆိုဆောက်လုပ်လှူဒါန်းနိုင်၏ဒါယိကာမ”ဟုမိန့်တော်မူကြလေလျှင် အမျိုးသမီးသည်“ကောင်းပါပြီအရှင်ဘုရားတို့တပည့်တော်မတို့ဆောက်လုပ်လှူဒါန်းကြပါမည်၊ နက်ဖြန်ခါတပည့်တော်မ၏ဤယခုပင့်ဖိတ်သည့်ဆွမ်းကိုအလှူခံတော်မူကြပါဘုရား”ဟုပင့်ဖိတ်၍ရေအိုးကိုတဖန်ကောက်ယူကာ ( မြို့ တွင်းသို့ ပြန်မသွားသေးပဲ) လာခဲ့ရင်းဖြစ်သည့်ရေဆိပ်လမ်း ၌ ရပ်တည်၍ လာတိုင်း လာတိုင်းသော ကြွင်းကုန် သည့်  ရေခပ်ကျွန်မတို့ကို “ဤနေရာ၌ ရှင်မတို့ ထိုင်ကြလော့ ” ဟု စုဝေးဖိတ်ခေါ်လေ၏။
ရေခပ်ကျွန်မငါးရာစုံညီကြသောအခါ “အမိတို့..အမြဲတစေသူတပါး၏ ကျွန်မအလုပ်ကိုသာ ပြုလုပ်လိုကြသလော၊သို့မဟုတ်ကျွန်မအဖြစ်မှလွတ်လိုကြသလော့”.. ဟုမေးမြန်းလေ၏။အားလုံးရေခပ်ကျွန်မတို့ “အိုရှင်မ...ငါတို့သည်ယနေ့ပင် ကျွန်မအဖြစ်မှ လွတ်လိုကြပါကုန်၏”ဟု တညီတညွတ်တည်း ပြောဆိုကြလေလျှင် ထိုအကြီး အကဲ အမျိုးသမီးသည် “ယင်းသို့လျှင်ဖြစ် ငါသည် ဟတ္တက = လက်မှုတောင်းခံ၍ မရကြသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅ဆူတို့ကို နက်ဖြန်ကောင်းမှုကုသိုလ်အလို့ငှာ ပင့်ဖိတ်အပ်ပြီးကုန်ပြီ ၊ အမိတို့၏ အရှင်သခင် လင်ယောက်ျားများကို တနေ့တာမျှ ဟတ္ထက =လက်အမှုကို လှူဒါန်းကြပါကုန်စေ”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ ထိုရေခပ်ကျွန်မတို့သည် ကောင်းပါပြီ” ဟု ၀န်ခံကြ၍ ညနေချမ်းအခါ တောအုပ် အလုပ်လုပ်ပြီး၍ ပြန်လာကြသော မိမိတို့၏ သခင် လင်ယောက်ျားများအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏ ။ ထိုလင်ယောက်ျားတို့သည်လည်း “ကောင်းပြီ”ဟု အားလုံးသဘောတူ ၀န်ခံကြကာ အကြီးဆုံးကျွန်ယောက်ျား၏ အိမ်တံခါးဝ၌ စည်းဝေးညီမှုကြလေကုန်၏ ။
ထိုအခါ ကျွန်ယောက်ျားတို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် “အမောင်တို့... နက်ဖြန်ခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅ဆူတို့အား ၀ါဆိုကျောင်းဆောက်လုပ်ရန် ဟတ္ထကံ= လက်အမှု ကို လှူကြကုန်လော့” ဟု တိုက်တွန်းစကား အကျိုးအာနိသင်ကို ဖော်ပြကာ ပြောကြားပြီးလျှင် မလိုက်နာလိုသော ကျွန်ယောက်ျားများကိုလည်း အတင်းအကြပ် တရားဟောပြ အဆုံးအမဖြင့် ခြိမ်းခြောက်၍ အားလုံးကိုပင် ၀န်ခံစေလေ၏ ။ ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် နောက်တနေ့၌ ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူပြီးလျှင် ဟတ္ထကံ=လက်အမှုလှူဒါန်းကျွန်သားတို့အား အမှတ်ချက် ပေးလိုက်လေ၏ ။ ကျွန်ယောက်ျားငါးရာတို့သည် ထိုခဏမှာပင်တောသို့ဝင်ကြ၍ သစ်အဆောက်အဦတို့ကို စုပေါင်း သယ်ဆောင်ခဲ့ကြပြီးလျှင် လူတရာလျှင်တကျောင်းကျစီ စင်္ကြံ၊ နေ့သန့်ရာ - စသည်နှင့်တကွသော ၀ါဆိုကျောင်း ၅ကျောင်းကို ဆောက်လုပ်ကြ၍ ညောင်စောင်း၊ အင်းပျဉ် သောက်ရေ သုံးရေ စသည်တို့ကို မလိုရအောင် တည်ထားကြလျက် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ၀ါတွင်းသုံးလပတ်လုံး ထိုမိမိတို့၏ ၀ါဆိုကျောင်းများ၌ နေထိုင်သီတင်းသုံးရန် လျှောက်ထားတောင်းပန် ခံဝန်ချက် ရယူပြီးလျှင် အလှည့်ကျဆွမ်းအလှူဒါနကို ပေးလှူကြလေကုန်၏။
မိမိအလှည့်ကျသော နေ့၌ ဆွမ်းလှူရန်မတတ်နိုင်သော ရေခပ်ကျွန်မအား အကြီးအကဲ ကျွန်မ အမျိုးသမီးသည် မိမိတို့အိမ်မှပင် ဆွမ်းအလျာပစ္စည်းများကို ထုတ်၍ ပေးလေ၏ ဤသို့ဝါတွင်းသုံးလကြာပြုစုလုပ်ကျွေးကာဝါကျွတ်ခါနီးလတ်သော်ရေခပ်ကျွန်မအကြီးအကဲ အမျိုးသမီးသည် ကျွန်မတယောက် တယောက်လျှင်အ၀တ်အထည် တထည်ကျစီ စီမံရက်လုပ်စေလေ၏ ။ ထိုသို့စီမံချက်အရ အ၀တ်ကြမ်းအထည်ငါးရာတို့ကိုမှ တဖန် လဲလှယ် ဖလှယ်၍ အကြီးအကဲ ရေခပ်ကျွန်မသည် ပစ္စေဗုဒ္ဓါ ၅ဆူတို့အား တိစီဝရိက် ( သင်္ကန်းကြီး ဧကစ္စီ သင်းပိုင်) သင်္ကန်းအချော သုံးထည်စီ ပြုလုပ်ကာ ဆက်ကပ် လှူဒါန်းလေ၏ ။ ပစ္စေကာဗုဒ္ဓါအရှင်မြတ်တို့သည် ထိုကျွန်မတို့ ကြည့်ရှု နေကြစဉ်ပင် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူကြလေကုန်၏ ။

“ယက်ကန်းသည် အကြီးအကဲဘ၀”
ထိုအမျိုးသမီး ကျွန်မအားလုံးတို့သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြုကြ၍ ထိုဘ၀မှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သမီးငါးရာတိုအနက် အကြီးဆုံးဖြစ်သော နတ်သမီးသည် နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည်၏ အနီးယက်ကန်းသည်ရွာဝယ် ယက်ကန်းသည်အကြီးအကဲ၏အိမ်၌ ငါးရာတို့အနက် အကြီးအဆုံးဖြစ်လေ၏၊ တနေ့သ၌ ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် ဗာရာသီမင်းကြီး ပင့်ဖိတ်ချက်အရရွှေနန်းတော်တံခါးသို့ကြွရောက်တော်မူကြ၍နေရာထိုင်ခင်းပေးဖို့ဆွမ်းကျွေး
ဖို့ကိုထား ကြည့်ရုံမျှ ကြည့်မည့်သူ တဦးတယောက်ကိုမျှ မတွေ့ရသဖြင့် ပြန်နစ်တော် မူခဲ့ကြကာ မြို့မှ ထွက်ခဲ့ကြ၍ထိုယက်ကန်းသည်ရွာသို့ကြွရောက်တော်မူကြလေကုန်၏။ ထိုယက်ကန်းသည်မ အကြီးအကဲသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ဖူးမြင်ရလျှင်ပင် ချစ်ခင်ကြည်ညိုလျှက် ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ကာ ဆွမ်းအလှူ ဒါန ကို လှူဒါန်းဆက်ကပ်လေ၏။ပစ္စေကဗုဒ္ဓါအရှင်မြတ်ငါးရာတို့သည်ဆွမ်းဘုန်းပေးပြီးလတ်ကြ
သော်ဂန္ဓမာဒနတောင်သို့သာလျှင် ကြွသွားတော်မူကြလေကုန်၏။
“နောက်ဆုံးဘ၀ ဘိက္ခုနီမ ပြုခြင်း”
ထိုယက်ကန်းသည်မ အကြီးအကဲ အမျိုးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှ ရှေးကာလကပင် ဒေ၀ဒဟပြည် မဟာသုပ္ပဗုဒ္ဓသာကီဝင်မင်းကြီး၏ သမီးတော်အငယ် ဖြစ်လာလေသည် ။ ထိုမင်းသမီးငယ်၏ အမည်ကို “ဂေါတမီ” ဟူ၍မှည့်ခေါ်ကြလေသည်။မဟာမာယာမင်းသမီး၏ညီမတော်ဖြစ်လေသည်။ဗေဒင်ကျမ်းတတ် လက္ခဏာဖတ်ပုဏ္ဏားတို့သည်ထိုမင်းသမီးနှစ်ယောက်တို့၏လက္ခဏတို့ကိုစုံစမ်းကြည့်ရှုကြ
ကုန်လျက်“ဤမင်းသမီးညီမနှစ်ယောက်တို့၏၀မ်း၌ကိန်းနေလာသောသားတို့သည်
စကြတေး
မင်းများဖြစ်ကြလိမ့်မည်“ဟုနိမိတ်ဖတ်ကြလေကုန်၏။သုဒ္ဓေါဒနမင်းကြီးသည်အရွယ်သို့
ရောက်သောအခါထိုမဟာမာယာနှင့်ဂေါတမီမင်းသမီးညီအမနှစ်ယောက်လုံးကိုပင်ထိမ်းမြား
မင်္ဂလာမှုပြု၍မိမိ၏ကပိလတ်ရွှေနန်းတော်သို့ဆောင်ယူခဲ့လေ၏။ရွှေနန်းတော်သို့ရောက်လျင် မဟာမာယာမင်းသမီးကိုအဂ္ဂဒေ၀ီမဟာသီမိဖုရားခေါင်ကြီးအရာ၌တင်ထားလေ၏။
နောက်အဖို့၌ဆရာလေးတို့မြတ်စွာဘုရားအလောင်းတော်သည်တုသိတာနတ်ပြည်မှ
စုတေတော်မူခဲ့၍ မဟာမာယာမိဖုရားခေါင်ကြီး၏ ၀မ်း၌ပဋိသန္ဓေယူနေတော်မူလေ၏။
မဟာမာယာမိဖုရားကြီးသည်ဘုရားလောင်းတော်ကို မဟာသက္ကရာဇ်
၆၈ -ခုနှစ် ကဆုန်လပြည့်ဖွားတော်မူသည့်နေ့မှ နောက်ခုနှစ်ရက်မြောက် -ကဆုန်လပြည့်ကျော်ခုနှစ်ရက်နေ၌ နတ်ရွာစံ၍ တုသိတာနတ်ပြည်ဝယ်
သန္တုသိတနတ်သားဖြစ်လေ၏။မဟာမာယာဒေသ၀ီနတ်ရွာစံပြီးသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ညီမတော်ဂေါတမီ မိဖုရားကို အဂ္ဂဒေ၀ီ မဟေသီမိဖုရားကြီးအရာ၌ မြှောက်စားလေသည်။
မဟာမာယာမိဖုရားကြီးမှသားတော်ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကိုမီးရူးသန့်စင်
်ဖွားမြင်ပြီးနောက် နှစ်ရက် သုံးရက်မြှောက်တွင် မဟာမာယာဒေ၀ီ၏
ညီမတော် ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိဂေါတမီ
မိဖုရားမှနန္ဒမင်းသားကိုဖွားမြင်လေသည်။မဟာမာယာဒေ၀ီနတ်ရွာစံသောအချိန်တွင်ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားမှာ ခုနှစ်ရက်သား
သာ ရှိသေး၍ ညီတော်နန္ဒမင်းသားမှာ လေးရက် .ငါးရက်သားသာ
ရှိသေးသည်။မဟာမာယာဒေ၀ီနတ်ရွာစံသွားသောအခါမိထွေးတော် မဟာပဇာပတိဂေါတမိသည်မိမိ၏သားရင်းနန္ဒမင်းသားကို အထိန်းတော်များအားပေးအပ်ပြီးလျှင်မိမိကိုယ်တိုင်ဘုရားအလောင်းတူတော်၏ အထိန်းအယ ကိစ္စအ၀၀ကို ကိုယ်တိုင်ပြုလုပ်ကာ မိမိ၏ နို့ချိုအေးကို အလောင်းတော်အား တိုက်ကျွေးမွေးမြူခဲ့လေသည်။
နောင်တချိန်၌ ဘုရားအလောင်းတော်သည် တောထွက်၍ သဗ္ဗညူဘုရား အဖြစ်သို့ ရောက်တော်မူကာ သတ္တလောကကို ချီးမြှောက်မှု ပြုတော်မူလျှင်က အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ ပထမအကြိမ် ရောက်တော်မူ၍ နောက်တနေ့ဝယ် မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူလေ၏။ထိုအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် ဆွမ်းခံလမ်းခရီးအကြားမှာပင် တရားစကားနာကြားရ၍ သောတာပန် အရိယာ ဖြစ်လေသည်။ တိုနောက် နှစ်ရက်မြောက်နေ့၌ နန္ဒမင်းသား ရဟန်းပြု၍ ခုနှစ်ရက်မြောက်နေ့၌ ရာဟုလာမင်းသား ရှင်ပြုလေသည် ။
မြတ်စွာ ဘုရားသည် နောက်တချိန်ဝယ် ဝေသာလီပြည် မဟာဝုန်တော အတွင်း ကူဋာဂါရကျောင်းတိုက်၌၀ါကပ်ဆိုသီိတင်းသုံးနေထိုင်တော်မူ၏။
ထိုအခါသုဒ္ဓေါဒနမင်းကြီးသည် ကပိလတ်ပြည်ရွှေနန်းတော်အတွင်းမင်္ဂလာထီးဖြူတော်အောက်၌အရဟတ္တဖိုလ်သိုရောက်၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန် ၀င်စံလေသည်။ထိုအခါ မဟာပဇာပတိဂေါတမီ သည် ရဟန်းပြုရန်စိတ်အားသန်၍လာလေ၏ ။ ထို့နောင်မှ မဟာသမယသုတ်လာ သုတ်လာ ရဟန်းငါးရာတို့၏ကြင်ယာဟောင်းသာက၀ီင်မင်းသမီးငါးရာတို့သည်တစိတ်တည်းဖြစ်ကြကာ“ငါတို့သည်မဟာပဇာပတိဂေါတမီအထံသို့
သွားရောက်ကြ၍အားလုံးပင်ဘုရားရှင်အထံတော်၌ရဟန်းမပြုကြကုန်စို့”ဟုတိုင်ပင်ညီညွတ်ကြကာ မိထွေးတော်ကြီးကိုအကြီးအမှုးပြု၍ဘုရားထံသို့သွားရောက်ကြကာရဟန်းမ -ပြုလိုကြကုန်ဆဲဖြစ်ကုန်း၏ ။
မိထွေးတော်ကြီးသည်လည်းမထမအကြိမ်ကမြတ်စွာဘုရားကို ဘိက္ခုနီမ -ရဟန်းမ အဖြစ်ကို တောင်းပန်ပါသော်လည်း အခွင့်မရခဲ့သောကြောင့် ဤအကြိမ်၌မူ ဆတ္တာသည်ကို ခေါ်၍ ဆံတို့ကို ရိတ်ဖြတ်စေကာ ဖန်ရည်တပ်ဆိုးသောအ၀တ် တို့ကိုဝတ်ဆင်လျှက် ထိုသာကီဝင်မင်းသမီးငါးရာတှို့ကို ခေါ်ဆောင်ခဲ့ဖြစ်ပြီးလျှင် ခြေလျှင် ခရီးဖြင့် ဝေသာလီပြည့်သို့ သွားရောက်၍အရှင်အာနန္ဒာမထေရ်ကိုအကူအညီတောင်းယူကာမြတ်စွာဘုရားကိုတောင်းပန
်စေပြီးနောက် ဂရုဓံရှစ်ပါး တရားတို့ဖြင့် ရှင်အဖြစ် ရဟန်းအဖြစ်ကို ရယူလေ၏ ။ သာကီဝင်မင်းသမီးငါးရာတို့သည်ကား ရဟန်းယောက်ျား သံဃာတဖက်ဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိကြသည့် =ဧကတော ဥပသမ္ပန္နဘိက္ခုနီမ -များဖြစ်ကြလေသည် ။ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမသည်ရဟန်းမိန်းမဖြစ်ပြီးနောက်“သံခိတ္တသုတ်ဒေသနာ“
ကိုကြားနာရသဖြင့်အရဟတ္တဖိုလ်သို့ရောက်ရှိလေသည်၊သာကီဝင်မင်းသမီးငါးရာတို့သည်ကားနောက်အခါ၌နန္ဒကောဝါဒသုတ္တန်ကိုကြားနာရသဖြင့် မိမိတို့အလိုဆန္ဒအတိုင်း အချို့သောတာပန်၊ အချို့ သကဒါဂါမ်၊ အချို့ အနာဂါမ်၊ အချို့ ရဟန္တာဖြစ်ကြလေကုန်၏။
“ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း”
နောက်တချိန်၌မြတ်စွာဘုရားသည်ဇေတန်ကျောင်းတိုက်တော်၌သီတင်းသုံးနေတော်မူလျှက် ဘိက္ခုနီမတို့ကိုရာထူးဌာနန္တရ၌ထားတော်မူသည်ရှိသော်မိထွေးတော်ကြီးမဟာပဇာပတိဂေါတမီထေရီကို .
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီန့ ရတ္တညူနံ ယဒိဒံ မဟာကဇာပတိ ဂေါတမီ “ - ရဟန်းတို့ ..... ညဥ့်အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်မ - သာဝိကာ ဘိက္ခုနီမတို့တွင် မဟာပဇာပတိ ဂေါတမီထေရီသည် အသာဆုံး အမြတ်အဆုံး ဖြစ်ပေ၏”။ဟုချီးကျူးမိန့်မြတ်တော်မူကာ ရတ္တညူ=ရှည်သော ညဥ့် အပိုင်းအခြားကိုသောအရာ - ဘိက္ခုနီမ၀ါကြီးသောအရာ - ၀ယ် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏ ။
“ဂေါတမီထေရီ ပရိနိဗ္ဗာန်စံယူတော်မူခြင်း”
ထိုနောက် တနေ့သ၌ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမကြီးသည် မြတ်စွာဘုရားရှင်ဝေသာလီပြည်မဟာဝုန်တောရကျောင်းတိုက်၌သီတင်းသုံးနေတော်မူစဉ်မိမိကိုယ်တိုင်ကလည်းဝေသာလီပြည်အတွင်းဘိက္ခုနီမကျောင်းတိုက်၌နေထိုင်စဉ်(ထိုအချိန်၌ မိထွေးတော်ဂေါတမီသည်အသက်ကားနှစ်ပေါင်း ၁၂၀ ရှိလေပြီ ။ ဘုရားလက်ထက်တော်က ဘိက္ခုနီကျောင်းတိုက်ကိုမြို့တွင်း ရွာတွင်း၌ တည်ဆောက်ရသည်။)
တနေ့သ၌ မိထွေးတော်ဂေါတမီထေရီမကြီးသည် နံနက်အခါ ဝေသာလီပြည်တွင်း၌ ဆွမ်းခံလှည့်လည်ကာ ဆွမ်းဘုဉ်းပေးပြီးနောက် မိမိ၏ နေ့သန့်နေရာ၌ အချိန်ပိုင်းဖြင့် ဖလသမာပတ်ကို ၀င်စားပြီးလျှင် ထိုဖလသမပတ်မှ ထ၍ မိမိအကျင့်စဉ်ကို ဆင်ခြင်အောက်မေ့ကာ လွန်စွာဝမ်းမြောက်လျက်မိမိ၏ အာယုသင်္ခါရ ဇီဝိတသန္တာန်အစဉ်ကို ဆင်ခြင်ကြည့်ရှုလတ်သော် ထိုအာယုသင်္ခါရတို့ ကုန်နေပြီကို သိ၍“ငါသည် မဟာဝန်တောရကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန်စံဖို့ရန် ခွင့်ပြု - သိစေပြီး ၊ မနောဘာဝနီယ ဖြစ်တော်မူကြသည့် အဂ္ဂသာဝကနှစ်ပါး စသော မထေရ်မြတ်များ တည်းဟူသော သီတင်းသုံးဖော် အရိယာသံဃာတော်တို့ကို ပန်ကြားပြီးမှ ဤဘိက္ခုနီမကျောင်းသို့တဖန်ပြန်လာ၍ ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်မိလေ၏ ။ မိထွေးတော်ဂေါတမီကြီး၏ သန္တာန်မှာကဲ့သို့ ဤအတူပင် သာကီဝင်မင်းသမီးဘိက္ခုနီမ ငါးရာတို့၏ သန္တာန်မှာလည်း အကြံအစည် ဖြစ်ရှိလာလေသည်။
မိထွေးတောဂေါတမီထေရီမကြီး၏ စိတ်သန္တာန်၌ “ငါသည် သာတော်ဘုရား ,အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါး , မြေးတော် ရာဟုလာမထေရ် ,တူတော် အာနန္ဒာမထေရ် , သားတော် နန္ဒမထေရ် တို့၏ ပရိနိဗ္ဗာန်ဝင်စံခြင်းကို ဖူးမြင်ခွင့် ရတော့မည် မဟုတ် ၊သားတော်ဘုရား , အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါး,မဟာကဿပမထေရ်,တူတော်အာနန္ဒာမထေရ်သားတော်နန္ဒမထေရ် ,မြေးတော် ရာဟုလာမထေရ် တို့ ပရိနိဗ္ဗာန်စံတော်မမူကြမီအာယုသင်္ခါရကိုလွှတ်၍စောစောစီးစီးသားတော်ဘုရားခွင့်ပြုချက်ရယူပြီး ပရိနိဗ္ဗာန်စံယူတော့အံ့”ဟု အကြံဖြစ်သကဲ့သို့ ထိုအတူ ပင် သာကီဝင်မင်းသမီး ဘိက္ခုနီမငါးရာတို့၏ စိတ်သန္တာန်မှာ လည်းအကြံအစည် ဖြစ်လေသည်။ ထိုအခါ မြေငလျှင်
ပြင်းစွာတုန်လှုပ်၏ ။ ကောင်းကင်မှ အခါ မဟုတ် မိုးတစ်ချုန်း၏ ၊ ကျောင်းစောင့်နတ်တို့ ငိုကြွေးကြလေ၏ ။ ဘိက္ခုနီမငါးရာတို့ မိထွေးတော်ဂေါတမီမကြီးထံ သွားရောက်၍ ထိုအကြောင်းကို ပြောကြားကြသည်တွင် မိထွေးတော်ထေရီမကြီးက မိမိအကြံအစည်ဖြစ်ရှိသည်ကို ပြန်ကြားပြောဆိုလေ၏ ။ ဘိက္ခုနီမငါးရာတို့ကလည်း မိမိတို့လည်းထိုနည်းပင်အကြံအစည် ဖြစ်ရှိသည်ကို ပြန်ကြားပြောဆိုကြပြီးနောက် ဘိက္ခုနီမအားတို့ပင် ကျောင်းစောင့်တို့ကို အပြစ်ရှိခဲ့က သည်းခံ ကြရန် တောင်းပန်ပြီး ဘိက္ခုနီမကျောင်းတိုက် ကို နောက်ဆုံးကြည့်ရှုကာ မိထွေးတော် ထေရီမကြီးက ----
“န ဇရာမစ္စု ၀ါယတ္တ၊ အပ္ပိယေဟိ သမာဂမော။
ပိယေဟိ န ၀ိယောဂေါတ္ထိ ၊ တံ ၀ဇိဿံ အသင်္ခတံ ။
ငါသည် အိုခြင်းကင်းရာ . သေခြင်းကင်းရာ . မနှစ်သက်အပ်သည့် သတ္တ၀ါ . သင်္ခါရတို့နှင့် တွေ့ဆုံရခြင်း ဆင်းရဲကင်းရာ. နှစ်သက်အပ်သည့် သတ္တ၀ါ . သင်္ခါတို့နှင့် ကွေကွင်းရခြင်း ဆင်းရဲကင်းရာ အသင်္ခတဓါတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ သွားရောက်တော့အံ့” ----ဟူသော ဂါထာရွတ်ဆိုပြီး ကြားကြာုးသမျှ ရာဂ မကင်းကြသူနတ်လူအားလုံးတို့ပင် သည်းစွာငိုကြွေးကြလေသည်။။

မြို့လယ်လမ်းမကြီးအတိုင်း ဘိက္ခုနီမများ
ထွက်လာကြသောအခါမှာလည်း သဒ္ဓါတရား အားကြီးကြသူ ဥပါသိကာတို့ အိမ်မှထွက်၍ ဂေါတမီထေရီမကြီး၏ ခြေရင်း၌ တုပ်ဝပ်ကြကာ ဖွဲ့နွဲ့ ငိုကြွေးကြလေသည် ။
မိထွေးတော်ဂေါတမီထေရီမကြီးသည်ထိုဥပသကာတို့၏သောကကိုပယ်ဖျောက်နိုင်ရန်လည်း တရားဟောတော်မူခဲ့ရသေး၏ ။
မိထွေးတော် ဂေါတမီထေရီမကြီးသည် ဝေသာလီပြည်သူဥပါသိကာတို့ကို တရားဟောပြ နှစ်သိမ့်စေပြီးနောက်မြတ်စွာဘုရားတံတော်သို့ရောက်သောအခါ“အဟံသုဂတ တေမာတာ၊ တွံစ ၀ီရပိတာမမ”အစရှိသော ဂါထာများစွာ တို့ဖြင့် ဖွဲ့ဆိုလျှောက်ထားကာ ပရိနိဗ္ဗာန်စံလိုကြောင်း ခွင့်တောင်း. ကန်တော့ပြီးနောက် မြတ်စွာဘုရားက ခွင့်ပြုဂါထာ မိန့်ဆိုတော်မူလေသည်။
ထိုနောက်ရဟန်းသံဃာ,အရှင်ရာဟုလာ,အရှင်အာနန္ဒာအရှင်နန္ဒတို့ကိုလည်းရိုသေစွာရှိခိုး၍ “အာသီဝိသာလယသမေ” စသော ဂါထာတို့ဖြင့် ခန္ဓာ၏ အပြစ်ကို ဖော်ပြကာ မိမိ ပရိနိဗ္ဗာန်ဝင်စံလိုကြောင်း ခွင့်တောင်းပြန်လေသည် ။ အရှင်အာနန္ဒမထေရ် . အရှင်ရာဟုလ မထေရ်တို့မှာ ရဟန္တာဖြစ်ကြ၍ ဓမ္မသံဝေဂဖြစ်ရှိကြသော်လည်း အရှင်အာနန္ဒာသည်ကား သေက္ခအရိယာဖြစ်၍ “ဟာ သန္တိံဂေါတမီယာတိ” စသော ဂါထာကို ရွတ်ဆိုကာ သည်းစွာ ငိုကြွေးလေသည်။ ထေရီမကြီးသည် တူတော်အရှင်အာနန္ဒာမထေရ်ကိုလည်း မျက်ရည်သိမ်းတရားများ ဟောကြားပြီးမှ မြတ်စွာဘုရားရှင်က-------
“ထီနံ ဓမ္မာဘိသမယေ ၊ ယေ ဗာလာဝိမတိ့ဂတော ။
တေသံ ဒိဋ္ဌပ္ပဟာနတ္ထံ ၊ ဣဒ္ဓိံ ဒေဿဟိ ဂေါတမိ။
ဂေါတမီခေါ် မိထွေးတော် .....မာတုဂါမ မင်းမိန်းမတို့ဤငါဘုရားသာသနာဝယ် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း၌ သို့လောသို့လော တွေးတောယုံမှား ကြသည့်ဉာဏ်ပညာနည်းပါးသော သူတို့၏အယူမှားကို ပယ်ရှားဖို့ရန် တန်းခိုးဣဒ္ဓိကို ပြဦးလော့” ........
ဟုတိုက်တွန်းတော်မူသဖြင့် အသက်၁၂၀ ရှိပြီးဖြစ်သော ထေရီမကြီးသည် ဣဒ္ဓိဝိဒအဘိညာဏ်ခဏ်း၌ လာရှိသည့် ..တပါးတည်းက အများဖြစ်ခြင်း၊ အများကြီးက တပါးဖြစ်ခြင်း၊ပေါ်ခြင်း၊ပျောက်ကွယ်ခြင်း၊နံရံတဖက်တောင်တဖက်သို့မကပ်သွားခြင်းစသော တန်းခိုးတို့ကို ပြသသည့်ပြင် မြင်းမိုရ်တောင်ကို ထီးရိုး . မဟာပထ၀ီမြေကြီးကို ထီးရွက်ပြု၍ အထက်အောက်ပြန်လှန်ကာ ကောင်းကင်၌ ထီးသဖွယ်ဆောင်း၍ စင်္ကြံလျှောက်ကာ ပြသလေသည် ၊ နေ ၆ စင်းထွက်သောအခါကဲ့သို့ သြကာသ လောကတခုလုံး အခိုးတွေဖုံးနေပုံကိုလည်းဖန်ဆင်းပြသလေသည်။ဤသို့စသည်များစွာသောတန်ခိုးဣဒ္ဓိတို့ကို ပြပြီးနောက် ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရားကို ရှိခိုးပြီးကာ လျှောက်ပတ်ရာ၌ ထိုင်နေလျက်“သားတော်ဘုရား...တပည့်တော်မ =မိထွေးတော်ကြီးသည် အသက်နှစ်ပေါင်း၁၂၀ ရှိပါပြီ၊ အိုမင်းလှပါပြီး ဤမျှဖြင့် သင့်တော်လောက်ပါပြီ ။ သားတော်ဘုရား.. ပရိနိဗ္ဗာန် ၀င်စံပါရစေတော့” ဟု လျှောက်ထားလေ၏
ထိုအခါ စည်းဝေး ရောက်ရှိလာသော ပရိသတ်က အလွန်အံ့သြ၍ “ဂေါတမီထေရီ အရှင်မကြီးဘုရား ...ဘယ်ပုံကောင်းမှု အဓိကာရကုသိုလ်ကိုပြုခဲ့၍ ဤမျှလောက်တုမရသည့် တန်းခိုးလုံ့လနှင့်ပြည့်စုံရပါသနည်း“”ဟု မေးလျှောက်ပြန်သဖြင့် ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်ကစခဲ့သည့်မိမိ၏ကျင့်စဉ်အပါဒါန်ကိုယခုနောက်ဆုံးမစ္ဆိမဘတိုင်အောင်ဂါထာများစွာတို့ဖြင့်အကျယ်ဟောပြရပြန်သည်။ ............ထိုနောက်ဘိက္ခုနီမငါးရာတို့သည်လည်း ကောင်းကင်သို့ပျံတက်ကြကာ ကြယ်တရာတို့ကို စုရုံးသီကုံး၍ ထားသကဲ့သို့ အလွန်တင့်တယ်လှစွာ တန်းခိုးဣဒ္ဓိအမျိုးမျိုးတို့ကို ပြကြ၍ ကောင်းကင်မှ ဆင်းသက်ကြကာ မြတ်စွာဘုရားရှင်ခွင့်ပြုချက်အရ ဘုရားကို ရှိခိုးကြပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ထိုင်နေကြပြီးလျှင်မိထွေးတော်ဂေါတမီထေရီမကြီး၏ကျေးဇူးမိမိတို့အပေါ်၌အလွန်များလှကြောင်း ဖွဲ့ဆိုလျှောက်ထားကြ၍မြတ်စွာဘုရားကိုမိမိတို့ပရိနိဗ္ဗာန်စံင်ရန်ခွင့်တောင်းလျှောက်ထားကြလေသည် ။
မြတ်စွာဘုရားက “ယဿဒါနိ ကာလံဝေါ မညထ=ဘိက္ခုနီမတို့... သင့်တို့၏ ပရိနိဗ္ဗာန်စံရာအချန်ကိုသင်တို့ပင်သိကြကုန်၏ဟု”မိန့်တော်မူလေလျှင်ထိုဘိက္ခုနီမအားလုံးတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ နေရာမှထကာ ပြန်လာကြလေကုန်၏ ။ မြတ်စွာဘုရားသည် ပရိသတ်များစွာဖြင့် မိထွေးတော်ကြီးကို တောရကျောင်းတိုက်တံခါး မုခ်အရောက် လိုက်၍ပို့တော်မူလေသည်။ တံခါးမုခ်သို့ရောက်သောအခါ မိထွေးတော်ကြီးသည် မြတ်စွာဘုရားခြေတော်ရင်း၌ ၀ပ်စင်း၍ ဘိက္ခုနီမငါးရားတို့နှင့် အတူတကွ နောက်ဆုံးရှိခိုးခြင်းဖြင့်ရှိခိုးပြီးလျှင်သောလီပြည်အတွင်းဘိက္ခုနီမကျောင်းတိုက်သို့သွားရောက်၍
ဘိက္ခုနီမအားလုံးပင်မိမိတို့၏ကျောင်းအသီးအသီး၌တင်ပလ္လင်ထက်ဝက်
်ဖွဲ့ခွေထိုင်နေကြလေသည်။
ထိုအခါ သာသနာကိုကြည်ညိုကြသည်ဥပါသိကာမတို့သည် ပရိနိဗ္ဗာန်စံကြတော့မည်ကို သိကြ၍ ရှိခိုးပူဇော်ရန်ဆည်းကပ် ရင်ဘတ်ကိုတီးခတ်ကြလျှက် အမြစ်ပြတ်သော နွယ်သစ်ပင်ကဲ့သို့မြေတွင်ဗုန်းဗုန်းပစ်လှဲကာငိုကြွေးကြကုန်၏။ မိထွေးတော်ထေရီမကြီးသည် အကြီးဆုံးပဓာနဖြစ်သည့် ဥပါသိကာမ၏ ဦးခေါင်းကို ယုယကိုင်သပ်လျက် ------
“အလံ ပုတ္တ ၀ိသာဒေန ၊ မာရပါသာနုဝတ္တိနာ ။

အနိစ္စံ သင်္ခတံ သဗ္ဗံ ၊ ၀ိယောဂန္တံ စလာစလံ ။

သမီးတို့.... မာရ်မင်းကျော့ကွင်းသို့ လိုက်ပါခြင်းဖြစ်သည့် ငိုယိုမြည်တမ်း ပင်ပန်းခြင်းဖြင့် အကျိုးမရှိ ၊ အကြောင်းပြုမှ ဖြစ်ခွင့်ရသည့် သင်္ခါရဥဿုံ အလုံးစုံသည် အမြဲမရှိ၊ ကွေကွင်းရခြင်းအဆုံးရှိ၏ ။ တလျှပ်လျှပ် တုန်လှုပ် ဖောက်ပြန်တတ်၏ ။ဟု ဟောပြောဆုံးမ၍ အိမ်သို့ပြန်ကြရန် စေလွှတ်ပြီးလျှင် ရူပါဝစရ ပဌမဈာန် မှ နေ၀သညာနာသညာယတနဈာန် တိုင်အောင် (တဖန်) ထိုနေ၀သညာနာသညာယတနဈာန်မှ ပဌမဈာန်တိုင်အောင် လောကီဈာန်သမာပတ် ရှစ်ရပ်တို့ကို အနုလုံ. ပဋိလုံ = အစုံ .အဆန် ၀င်စား၍ (တဖန်) ပဌမဈာန် မှသည် စတုတ္ထဈာန်တိုင်အောင် ၀င်စား ပြန်၍ စတုတ္ထဈာန်မှ ထပြီးသော် ဆီနှင့် ဆီမီးစာ ကုန်၍ ဆီမီးတောက်မီးလျှံငြိမ်းသကဲ့သို့ အနုပါဒိသေသ နိဗ္ဗာနဓါတ်ကို ယူသိမ်း အငြိမ်းကြီး ငြိမ်းလေ၏ ။ အကြွင်းသော အနွယ်သာကီ ဘိက္ခုနီမငါးရာတို့သည်လည်း ထိုကအတူ နိဗ္ဗာန်ယူသိမ်းငြိမ်းကြလေကုန်၏ ။
ိ ထိုအခါ ပြင်းစွာမြေလှုပ်ခြင်း ၊ ကောင်းကင်းမှ ဥက္ကာကျခြင်း၊ နတ်မိုးနတ်စည် ချုန်းမြည်ခြင်း၊ နတ်တို့ ငိုယိုမြည်တမ်း ခြင်း ၊ပန်းမိုးရွာခြင်း ၊ ပွဲသဘင်အလယ် ကချေသည် ကဲ့သိုက မြင်းမိုရ်ဏ္ဍိုင်ယိမ်ယိုင်တုန်လှုပ်ခြင်း၊ စိုးရိမ်သည့်ပမာ သမုဒြာအော်မြည်ခြင်း၊ နဂါး အသုရာ နတ်ဗြဟ္မာတို့ ထိတ်လန့်သံဝေဂ ရရှကြ၍ “အနိစ္စာဝတ သင်္ခါရာ၊ ယထာယံဝိလယံ ဂတာ” ဟု သံဝေဂစကားမြွက်ဆိုခြင်း စသည့်အထူးထူး အလည်လည် အံ့သြဖွယ်တို့သည် ဖြစ်ကုန်၏ ။
ထိုအခါ နတ်၊ ဗြဟ္မာ တို့သည် မိထွေးတော် ဂေါတမီထေရီမကြီးနှင့်တကွ သာကီဝင်မင်းသမီးဘိက္ခုနီမငါးရားတို့ပရိနိဗ္ဗာန်စံကြပြီဖြစ်ကြောင်းမြတ်စွာဘုရားရှင်သို့ဆည်းကပ်၍ လျှောက်ထားကြကုန်၏”မြတ်စွာဘုရားသည်ရဟန်းတို့အား အကြောင်းကြားချေ”
ဟုအရှင်အာနန္ဒာကိုစေလွှတ်၍ရဟန်းသံဃာအများနှင့်တကွဘုရားရှင်ကိုယ်တော်တိုင် ကြွတော်မူပြီးလျှင် (၁) ရှေ့ဆုံးမှ လူ .နတ် .နဂါး .အသုရာ.ဗြဟ္မာများ၊(၂)ထိုနောက်မှဝိသုကြုံ
ဖန်ဆင်းအပ်သည့်ရွှေသားအလောင်စင်ပြာသဒ်ငါးရာတို့၏အလောင်းစင်ပြာသဒ်တို့ကိုနတ်တို့
ကထမ်းလျက်လည်းကောင်း၊(၃)ထို့နောက်မှမိထွေးတော်ဂေါတမီထေရီ၏အလောင်းစင်ပြာသာဒ်ကို
လောကပါလနတ်မင်းကြီးလေးယောက်တို့ကထမ်းလျှက်လည်းကောင်း၊ (၄)ထို့နောက်မှ သံဃာတော် များနှင့် မြတ်စွာဘုရားရှင် လိုက်ပါတော်မူလျက်လည်းကောင်း ၊ အစီအစဉ်အတိုင်းလမ်းတလျှောက် ကောင်းကင်အပြည့်ဗိတာန်မျက်နှာကြက်မိုးကာ၊ ကြက်လျှာ၊အလံတံခွန်ထူစိုက်၊မြေ၌ပန်းမွေ့ရာကြဲမြှောက်၊အောက်သို့တွဲလျားကျသည့်
ကောင်းကင်ပဒုမာ ၊ အမျိုးမျိုးသောပန်းနံ့သာ၊ သာယာချိုအေးသောတူရိယာ၊ သီချင်း၊ ကခြင်းအမျိုးမျိုးတို့ဖြင့် ပူဇော်ချီးမြောက်ကြ၍ သုဿန်သင်းချိုင်းမြေလုပ်တိုင်းသို့ရောက် ပို့ဆောင်ကြလေကုန်၏ ။
ထိုသို့ ပို့ဆောင်သောအခါ လ. နေ တို့ကို လူအများမြင်နေကြရ၏။ကြယ်နက္ခတ်တို့လည်း တောက်ပလျက်ရှိကုန်၏ ၊ နေသည်မွန်းတည့်ချိန်ဖြစ်သော်လည်း လကဲ့သို့ အေးမြ၍ နေ၏ ၊ မိထွေးတော်၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ် ခဏ်းလောက်မြတ်စွာဘုရား၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ်ခဏ်းမှာ အံ့ဖွယ်သရဲ မများလှချေ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်လားတော်မူရာ၌ ကိုယ်တော်တိုင်လည်းမကြပ်မတ်မစီရင် ၊ အရှင်သာရိပုတ္တရာ စသည်တို့လည်း မကြပ်မတ် မစီရင်ကြကုန် ။ မိထွေးတော်ဂေါတမီ နိဗ္ဗာန်လားရာ၌ကား မြတ်စွာဘုရားရော အရှင်သာရိပုတ္တရာ - စသည်တို့ပါ ကြပါမတ်စီရင်ကြကုန်၏ ။
သုသာန်သင်းချိုင်းသို့ ရောက်သောအခါ နံ့သာထင်းပုံထက်သို့တင်၍ မီးသင်္ဂြိုဟ် ပြီးလျှင် အရှင်အာနန္ဒာသည် ဂေါတမီထေရီ၏ အရိုးဓါတ်တို့ကို ယူကိုင်လျှက်
ဂေါတမီ နိဓနံ ယာတာ ၊ဍ္ဍယှဉ္စဿာ သရီရကံ။
သင်္ကေတံ ဗုဒ္ဓနိဗ္ဗာနံ ၊ န စိရေန ဘ၀ိဿတိ။
ဂေါတမီ = ဂေါတမီခေါ် မိထွေးတော်သည် ။ နိဓနံ=ပျက်ဆုံးကွယ်စဉ် နိဗ္ဗာန်ဝင်ခြင်းသို့ ။ ယာထာ = ရောက်ရှာလေပြီ ။ အဿာ= ထိုမိထွေးတော်ဂေါတမီ၏ ။ သရီရကဉ္စ = ဥတုဇခေါ်ဆို ရုပ်ကိုယ်အစုကိုလည်း ။ ဍ္ဍယှ့ =မီးဖြင့်လောင်အပ် ကျွမ်းပြက်ခဲ့လေပြီ ။ သင်္ကေတံ= ယုံမှားမကင်းတွေးတောခြင်းဖြင့် မှတ်အပ်သော ။ ဗုဒ္ဒနိဗ္ဗာနံ =ငါတို့ဆရာ မြတ်စွာဘုရား နိဗ္ဗာန်လားခြင်းသည် ။ နစိရေန = မကြာမြင့်မီ။ ဘ၀ိဿတိ= ဧကန်စင်စစ် ဖြစ်လိမ့်တကား ..ဟု သံဝေဂစကား ညည်းတွားပြောဆိုပြီးလျှင် မိထွေးတော်၏ သပိတ်၌ အရိုးဓါတ်တို့ကိုထည့်ကာ မြတ်စွာဘုရားအားဆက်ကပ်လေ၏ ။ ထို မြတ်စွာ ဘုရားသည် မိထွေးတော်၏ အရိုးဓါတ်တို့ကို လက်တော်ဖြင့် ကိုင်ယူပြသတော်မူကာ စည်းဝေးရောက်ရှိလာသော လူ၊ နတ်၊ဗြဟ္မာ ပရိသတ်အား --
မဟာတော သာရ၀န္တဿ ၊ယထာ ရုက္ခဿ တိဋ္ဌတော ။
ယော သောမဟတ္တရော ခန္ဓော ပလုဇ္ဇေယျ အနိစ္စတာ။
တထာ ဘိက္ခုနိသံဃဿ၊ ဂေါတမီ ပရိနိဗ္ဗုတာ ။
သာရ၀န္တဿ = အနှစ်သာရ ပြည့်သသော ။ တိဋ္ဌတော = မြဲမြံခိုင်ခံ့ တည်တံ့သော ။ မဟတော်ရုက္ခဿ= သစ်ပင်ကြီး၏။ ယောခန္ဓော =အကြင် ပင်စည်သည် ။ မဟတ္တရော= အလွန်ပြန့်ပွါးစည်ကားကြီးကျယ်၏ ။သောခန္ဓော = ထိုကြီးကျယ်စည်ကား ပြန့်ပွါးသော ပင်စည်သည် ။အနိစ္စတာ- အနိစ္စတာယ = ပင်ကိုယ်သူ့သဘော မမြဲလေသောကြောင့် ။ ပလုဇ္ဇေယျ ယထာ= ထိုအတူ ဘိက္ခုနိသံဃဿ = သစ်ပင်ကြီးပမာ ဘိက္ခုနီသံဃာ၏ ။ ခန္ဓသဒိသာ=ပင်စည်နှင့်မူ အလားတူသော ။ ဂေါတမီ = ဂေါတမီခေါ်မိထွေးတော်သည် ။ ပရိနိဗ္ဗုတာ= နိဗ္ဗာန်ယူသိမ်း ငြိမ်းလေပြီတကား .......
ဤသို့ အစရှိသော (၁၀) ပါထာတို့ဖြင့် တရားဟောပြ ဆုံးမတော်မူလေသတည်း ။။။။။။။

ဒီနေ့ရောက်လာ ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာ ကြပါစေ။

မေတ္တာဖြင့်

ထားဝယ်ဆရာလေး

မိသားစုစိတ်ဓါတ်မွေးမြူနိုင်ကြပါစေ

မုဆိုးကို စိုင်ကသင်ပေးဆိုသလို မုဆိုးဟာတောစလိုက်အခါစမှာတော့ မကျွမ်းကျင်သေးပါ ။ စိုင်ကိုလိုက်ရင်းလိုက်ရင်းနဲ့ တောကျွမ်းသွားတယ် စိုင်က တောကျွမ်းအောင် သင်ပေးသလိုပေါ့ ။ အဲဒီလိုပါပဲ အလုပ်ကလည်း လုပ်ရင်းနဲ့ သင်ပေးသွားသလို အလုပ်လုပ်ရင်းနဲ့ပဲ အလုပ်မှာ ကျွမ်းကျင်လာရတာဘဲ။ မေတ္တာ၊စေဒနာ ဆိုတဲ့ အလုပ်...... လူတိုင်းအပေါ်မှာ မေတ္တာထား စေဒနာထားတဲ့ အလုပ်ကလဲ အလေ့အကျင့်တစ်ခုတော့လုပ်ယူရပါလိမ့်မယ်၊ ကိုယ်ကမေတ္တာစေဒနာရှိတဲ့သူအပေါ်မှာ ထားသကဲ့သို့ တခြားတယောက်အပေါ်မှာ လည်းမေတ္တာ စေဒနာထားတတ်ဖို့ အလေ့အကျင့်ကို လုပ်ရမယ် ။ လောကမှာ လူပဲဖြစ်ဖြစ် ၊ ဘုန်းကြီး သီလရှင်ပဲဖြစ်ဖြစ် အတော်အတန်အောင်မြင်ကျော်ကြားလာပြီဆိုရင် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို သူသိသလောက်တော့ ငါလည်းသိတာပဲ၊ သူတော်သလောက်တော့ ငါလည်းတော်တာပဲ၊ သူထက်ငါတောင်ပိုသိတာ ၊ ပိုတော်တာရှိသေးတယ်၊ လို့အတွေးဝင်ပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို အထင်တောင်သေးတတ်ကြပါသေးတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကို မိမိ ၀န်းကျင်မှာ မြင်လည်းမြင်ရတယ်၊ အဲဒီလိုပုဂ္ဂိုလ်တွေအကြောင်းကို အခြားသူတွေပြောတာကိုလည်း ကြားရတယ်။ကိစ္စတစ်ခု အောင်မြင်လာရင်တောင် ငါကြောင့် အောင်မြင်လာတာလို လက်မထောင်ပြချင်ကြတယ်၊ ဂုဏ်ယူဝင့်ကြွားချင်ကြတယ်၊ နာမည်ကောင်းယူချင်ကြတယ်၊ အမှတ်ယူချင်ကြတယ်၊ ငါကြောင့်ပဲ ဆိုပြီး လူစွမ်းကောင်းဝါဒ ပြချင်ကြတယ်၊ မဏ္ဍပ်တိုင် တက်ချင်ကြတယ်၊ ကိစ္စတစ်ခုဟာ မအောင်မြင်တော့ဘူး အပြစ်ပေါ်လာပြီဆိုရင်တော့ ခေါင်းရှောင်ချင်ကြတယ်၊ ဟိုသူ လက်ညှိုးထိုး ဒီသူ လက်ညှိုးထိုး လုပ်ချင်ကြတယ် ဒီလိုဖြစ်တာ သူကြောင့် လို့ဆိုချင်ကြတယ်၊ ဒါငါကြောင့်လို့ မပြောချင်ကြဘူး၊ ထမင်းရည်ပူ လျှာလွဲ လုပ်ချင်ကြတယ်၊ ချောက်တွန်းချင်ကြတယ်၊ကိုယ့်အပြစ်လွတ်ရင် ပြီးရော ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့သဘောတွေလည်းထားကြတယ်၊ မုသားကိုလွယ်လွယ်နဲ့ ရေလိုသုံးတတ်ကြတယ် ၊လူအသိုင်းအ၀ိုင်းမှာ ဒီသဘောတွေ မိမိ ကောင်းကောင်း နားလည် သဘောပေါက်လာတယ် ၊လောဘ ၊ဒေါသ၊ မောဟ၊ မာန တရားတွေရှိနေသမျှ ကါလပတ်လုံး မိမိဘ၀တစ်လျှောက်မှာ ဒီလိုလူတွေကို ရောက်တဲ့ အရပ်မှာ ကြုံတွေ့ခဲ့ဘူးတယ်။မိမိရဲ့ ဓမ္မမိတ်ဆွေတွေလည်း ဒီလိုလူမျိုး ဒီလိုအတွေ့ကြုံမျိုးတွေ ကြုံတွေ့မှာသေချာတယ် ၊နောင်လည်း များစွာကြုံတွေ့ ရပါလိမ့်အုံးမယ်။ ဒါတွေဟာ လူသားများ အားနည်းချက်ကတော့ “မိသားစုစိတ်ဓါတ်မရှိကြလို့ပါဘဲ”
မိသားစုစိတ် ၊ကိုယ်ချင်းစာနာစိတ်၊ ရှိကြမယ်ဆိုရင် အိမ်တိုင်း အိမ်တိုင်း၊ ကျောင်းတိုင်းကျောင်းတိုင်း၊ ရွာတိုင်းရွာတိုင်း၊ မြို့တိုင်းမြို့တိုင်း ၊နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လိုက်နာကျင့်သုံးနလုံးသွင်းကြရင် သိပ်ကောင်းမှာပါဘဲ။ လိုက်နာကျင့်သုံးကြရင် အိမ်တိုင်း ၊ ကျောင်းတိုင်း၊ ရွာတိုင်း၊မြို့တိုင်း၊ နိုင်ငံတိုင်းဟာ သာယာကြည်နူးပြီးစည်ပင်ဝပြောလာကြမယ်၊ အဲဒီလိုဆိုရင် ကမ္ဘာလောကကြီးဟာ အင်မတန် နေချင်စဖွယ်ကောင်းလာပါလိမ့်မယ်၊။
တကမ္ဘာလုံး မိသားစုစိတ်ဓါတ်တွေ မွေးမြူလာကြရေးအတွက် မစွမ်းဆောင်နိုင်ပေမယ့် ကိုယ်နှင့်လက်လှမ်းမှိရာမိမိပတ်န်းကျင်မှာရှိတဲ့သူများကိုမေတ္တာစိတ်ကိုယ်ချင်းစာစိတ်မိသားစ
ုစိတ်ဓါတ်တွေကိုထားနိုင်ကြပါစေ“Who is responsible” “ဘယ်သူမှာ တာဝန်ရှိသလဲ”
မိသားစုစိတ်ဓါတ်တွေမွေးမြူဖို့မိမိမှာလည်းတာန်ရှိတယ်။၊
ယခုလာရောက်ဖတ်ရှုနေ့တဲ့မိမိရဲ့ဓမ္မမိတ်တွေမှာလည်းတာန်ရှိသည်
မဟုတ်ပါလော.........
*စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကိုမစွန့်။
*ဆင်ပြောင်သည်စစ်မြေပြင်သို့ ရောက်သော် ခံထည်တင့်တယ်ခြင်းကိုမစွန့်။
*ကြံသည်ကြိတ်စက်သို့ ရောက်သော်လည်း ချိုသောအရသာကို မစွန့်။
*ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောာင်းတရားကိုမစွန့်။
*Sandalwood does not lose its fragrance even when dry.
*The great elephant does not shed its magnificence even on the battlefield.
*Sugarcane does not lose its sweetness even when at the mill.
*The wise and virtuous does not abandon virtue even when in trouble.
(လောကနီတိ)
မိသားစုစိတ်ဓါတ်မွေးမြူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

တံဘူမိရာမေဏယ်ကံ

ပြာသို ..တန်ပိုးတွဲ ..လဆိုလေရူးတွေတိုက်လို့ ..တောရွာရဲ့ ဓလေ့ထုံးစံအရ
ဘ၀၀မ်းစာရေးအတွက် တောသူတောင်သားများ တံလင်းထဲ ကောက်ရိတ်စပါးများကို လွင့်ခဲ့ကြတယ်။ ယာယီတဲခလေး (ကောက်ရိုးအိမ်)နေပူရိပ်ခုံရန် တဲခလေးထဲမှာ လူကြီးများထမင်းစားရန် အိမ်ပြန်ချိန်ကို ကျွဲ. နွားများ .မ၀င်ရအောင်စောင့်ကြည့် ရသည်က မိမိတာဝန်ပါ။ အစ်ကိုတစ်ဝမ်းကွဲ ဖြစ်သူက ထားဝယ်ကောလိပ် တက်ခဲ့စဉ် စနေ.တနင်္ဂနွေ ကျောင်းပိတ်ရက်ကို အိမ်ပြန်လာတိုင်း ကြီးပွါးရေး စာတိုက်မှ မြတ်မင်္ဂလာ၊နက္ခတ္တ ရောင်ချည်၊ မင်္ဂလာစွယ်စုံ၊ စာအုပ်များကို ပုံမှန် ၀ယ်ယူလာလေ့ရှိတယ်။ အဲဒီစာအုပ်များကို လဲကွင်းထဲ နားနားနေနေ ရှိတဲ့အခါ ဖတ်ရအောင် အဆင်သင့် ရှိနေတဲ့ စာအုပ်များနဲ့ ပထမဆုံး မိမိရွေးကောက် ဖတ်မိတာက မြတ်မင်္ဂလာစာအုပ်ပါ ၊ စာအုပ်ရဲ့ စာမျက်နှာ အလယ်တ၀က်လောက်မှာ ရွှေတောင်ကုန်းသာသနာရိပ်သာမှာ လောကုတ္တရာစာပေများကို လေ့လာသင်ယူရင်းပဋိပတ်ကျင့်မြတ်ကိုကျင့်ကြံအားထုတ်နေတဲ့နီပေါဆရာလေးမအဂ္ဂဉာဏီအကြောင်းကိုတွေ့ရှိရပါတယ်၊နိုင်ငံရပ်ခြားမှ လာရောက်ပြီး သာသနာ့ဘောင်သို့ ၀င်ရောက်ကါ မြတ်ဗုဒ္ဓ၏ တရားတော်ကို လိုက်နာကျင့်သုံးပြီး ပရိယတ္တိကျမ်းစာ များကို သင်အံနေတဲ့ ဆရာလေးကို ချီးကျူးမိပါတယ်။
တောရွာဓလေ့ဝါတွင်းကာလတွင်ဗုဒ္ဓဘာသာမိရိုးဖလာအစဉ်အတိုင်း ရွာဦးကျောင်းသို့သွားရောက်ပြီးဥပုတ်သီတင်း သီလဆောက်တည်ရန် အဖိုးအဖွါးများ နောက်ကို လိုက်ပါလေ့ရှိသော မျိုးသမီးခလေးငယ်များအနက် မိမိလည်းတယောက် ပါဝင်ခဲ့ပါတယ်။ မိမိသည် ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်း ၀ါသနာပါခဲ့သော်လည်း သာသနာဘောင်ဝင်ပြီး သီလရှင်ဝတ်ဖို့ရာ အိပ်မက် ကို ဘယ်သောအခါ မျှမမက်ခဲ့ပါ။ တိုက်ဆိုင်လိုက်ပုံက ... တပေါင်းလပြည့်ကျော်လောက်မှာအဖိုးအဖွားများကရွာဦးကျောင်းစေတီတွင်
်ဘုရားထီးတော်တင်ပွဲကို ကျင်းပရာ မြေးများ ရဟန်း ၊ သာမဏေ ၊သီလရှင်များ ပြုလုပ်ပေးခဲ့တယ် ထိုပွဲတွင် မိမိသည် မြတ်မင်္ဂလာစာစောင်ထဲ က ဆရာလေးမအဂ္ဂ ဉာဏီ၏ကျေးဇူးကြောင့် ဆိုရပါဘိ ဒုလ္လဘသီလရှင်အဖြင့်သာသနာထဲ ၀င်ခဲဖြစ်ပါတယ်။ ရိပ်သာထဲ ညနေ ၃နာရီမှ ၄နာရီအထိ မြတ်ဗုဒ္ဓ၏တရားတော်များကိုနေတိုင်း ကြားနာခဲ့ရသည့် ကျေးဇူးကြောင့် မိမိသည် သာသနာ့ဘောင်ထဲ ၀င်ရောက်သည်မှာ နောက်ကျလှပါဘိဟု တရားနာတိုင်းမှာ တွေးမိတယ်။တနေ့တော့ တရားရိပ်သာမှ တွက်လာခဲ့ပြီး တဖန် မိဘဆီ မှာ ဆက်လက်ပြီး ပရိယတ္တိ စာပေများကို လေ့လာသင်ယူချင်ကြောင်း သာသနာ့ ဘောင်းမှာ နေခွင့်ပြုပါကြောင်း ခွင့်တောင်းရပြန်တယ်။ ဒီအချိန်မှာ မေမေ့ ခမျာ အဖြေမပေးနိုင်ဘဲ ရင်ဝကိုသာ ဖိနိုပ်ပြီး မျက်ရည်တွေသာ ကျနေခဲတယ်၊ ဘာမျှ မပြောဘဲ အိမ်က ထွက်သွားခဲ့တယ်။"ခဏတာမျှသာ ဒုလ္လဘအဖြင့် ၀တ်ပါမယ်လို့ မတတ်သာလို ခွင့်ပြုလိုက်ရသည်ကို အခုတခါ ဆက်လက်ပြီးသာသနာ့ဘောင်မှာနေသွားမယ်ဆိုတော့ ရင်ဘတ်ထဲမှ နုလုံးသားများကို ဆွဲထုတ်ပြီးဖိညှစ်သလို ခံစားရပါကြောင်း ပူလောင်တဲ့ နုလုံးသားမှ မီးတောက်ကို ဘယ်လိုတွေးတွေး မဖြေသာပါဘုရားလို" ရွာဦးကျောင်းဆရာတော်ဘုရားဆီ ပြေးလျှောက်တယ်။ ဆရာတော်ဘုရားက ဒီလိုမိတ်ကြားခဲ့တယ်သတဲ့ "တကာမကြီး မီးပုံ ၁၀ ပုံ ကိုတန်းစီပြီး ပုံကြည့်စမ်းပါလို့  ဘယ်မီးပုံ က အပူဆုံးလဲ လို့ မေးတော့ တပည့်တော်မ နဲ့ အနီးဆုံးမီးပုံ က အပူဆုံးပါဘုရားလို့ လျှောက်ခဲ့တယ်"တဲ့..အဲဒီတော့ ဆရာတော် ဘုရားကြီး က" အေးအေး လူတိုင်းဟာ ကိုယ်နဲ့နီးတဲ့မီးဟာ အပူဆုံးပါဘဲ ”. . တကာမ ကြီးသမီး က သေသွားတာမဟုတ်ဘူး သာသနာဘောင်ထဲ သို့ ၀င်သွားတာနောင်တချိန် အကျိုးများသူ ဖြစ်ဖို့ရန်သာ ဖြစ်တယ်လို့ မိတ်ကြားခဲ့သတဲ့" ..မေမေ ကအိမ်ပြန်လာတော့ ဆရာတော်ဘုရားမိတ်ကြားတဲ့အကြောင်းကို ပြောပြခဲ့တယ်။ အဲဒီအချိန်က ပူလောင်တဲ့သောကနဲ့ ဟန်မဆောင်နိုင်တဲ့ မျက်ရည်တွေနဲ့အိုကျနေတဲ့မေမေ့မျက်ကို မိမိ မေ့ဖျောက်လို့ မရနိုင်ပါ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ဖူးပွင့်ကာစ ပန်းလေးတပွင့်ဟာ မြင်ရသူတိုင်းကြည်နူးမိပြီး အများသူငါ လိုချင်စိတ်နဲ့ ပြုံးကြည့်ကြတာဓမ္မတာပါ..လန်းဆန်းနေတဲ့အချိန်မှာ လိုချင်သူများ တမြတ်တနိုးထားကြပေမယ့် နွမ်းလျှချိန်မှာတော့ လိုချင်သူမယ့် ပြီး စွန့်ပစ်ကြတာလည်းဓမ္မတာပါဘဲ ..သီလရနံ့ သင်းပျံ့နေတဲ့ မေမေသမီး ပန်းပွင့်ကလေးဟာ ဘယ်သောအခါမှ မနွမ်းဘဲ အမြဲ လန်းဆန်းနေမဲ့သူပါမေမေလို့ ပြောလိုက်ချင်ပေမယ့်.. ...ဒီအချိန်မှာ ပူလောင်နေတဲ့ မေမေ့မျက်နှာကို ကြည့်ပြီး သနားစိတ်က လွဲလို မိမိ ရည်မှန်းချက်ကိုတော့ မပြောင်းလွဲ ခဲ့ပါ။ ဘ၀တစ်ခုမှာ အပြောင်းအလွဲ ဆိုတာလဲ လွယ်ကူတဲ့ ကိစ္စ တစ်ခု မဖြစ်သလို ကြောက်စရာကောင်းတာတွေလည်း ရှိခဲ့တယ် ။ ဒါပေမယ့် ပြောင်းလဲခြင်းနဲ့သာ ဘ၀တိုးတက်မှု ကို ကြုံတွေ့ ရနိုင်ပါတယ် ။အန္တရယ်အမျိုးစုံ အခက်ခဲ အမျိုးစုံ ကို ရင်ဆိုင်ခြင်းနဲ့သာ အောင်မြင်ခြင်း၊ ကြီးမြတ်ခြင်းဆိုတဲ့ အောင်နိုင်မှု မျိုးကို ရနိုင်ပါတယ်မဟုတ်ပါလော။ ............ မြတ်စွာဘုရားလက်ထက်တော်မှာ အဂ္ဂသာဝက အရှင်သာရိပုတ္တရာရဲ့ ညီတော်အငယ်ဆုံး ရေ၀တ ဆိုတာရှိပါတယ် ၊ နောင်တော်ကြီးက ရဟန်းပြုပြီးနောက်မှာ ညီနှစ်ယောက်နဲ့ ညီမငယ်သုံးယောက်ကို ရဟန်း ရဟန်းမိန်မ ပြုပေးလိုက်လို အိမ်မှာအငယ်ဆုံးရေ၀တလေးဘဲ ကျန်နေခဲတယ်ပေါ့။ ဒီတော့ မယ်တော် ဒေါ်သာရီက သားငယ်လေးကို အိမ်ရာဖွဲ့နှောင်ပြီး မျိုးရိုးမတိမ်ကောအောင်လုပ်ထား မှဘဲဟု စဉ်းစားပြီး ခုနှစ်နှစ်ရွယ် သား ရေ၀တ ကိုသင့်တော်တဲ့အရွယ်တူ အမျိုးသမီးတယောက်နဲ့ ကြောင်းလမ်းလက်ထပ်ပေးတယ် ၊ အပြန်မှာ အမျိုး သမီးငယ်လေးနဲ့အတူ အသက်၁၂၀ ရှိတဲ့အဖွားကလှည်းပေါ်မှာလိုက်ပါလာတယ်၊။ အသက်တရာ ကျော်လာပြီဖြစ်လို့သွားကျိုးဆံဖြူ ပါးနားအရေတွန့်နဲ့ ဇရာရုပ်ထောင်းနေပြီမို့ ကြည့်မကောင်း ရှုမကောင်းပေါ့ ရေ၀တဟာ အဲဒီအဖွားကြီးကို ကြည့်ပြီး နောင်တော်ကြီးဟာ ဒီလိုဖောက်ပြန်ပျက်စီးတာကို မြင်လို့ ရဟန်းပြုသွားတာဖြစ်မှာဘဲ ... ငါလဲ အခုကဘဲ ထွက်ပြေးမှတော်မယ် .လို့ စိတ်ကူးပြီး ခရီးတလျှောက်လှည်းပေါ်ကဆင်းလိုက် လမ်းဘေးတောထဲ အလေးအပေါ့ သွားသလိုနဲ့ လှည်းပေါ် ပြန်တက်လိုက်နဲ့ အယုံသွင်းပြီး ဦးတို့ အဒေါ်တို့ ရှေ့ဆက်သွားကြပါ ကျွန်တော် နောက်က လိုက်ပါမယ် ပြောပြီး တဖြေးဖြေး နောက်ချန်နေခဲ့ကာ ထွက်ပြေးလာခဲ့တယ် ။
တစ်နေရာရောက်တဲ့အခါ ရဟန်းတော်သုံးဆယ်တို့ တောရဆောက်တည်ပြီး တရားကျင့်နေတဲ့ ကျောင်းတစ်ကျောင်းကို တွေ့ရလို့ ၀င်ရောက်ကန်တော့ပြီး ရှင်ပြုပေးဖို့ တောင်းပန်တယ်။ရဟန်းတော်များက ရေ၀တရဲ့ သစ်လွင်တဲ့ ၀တ် ဆင်မှုကို ကြည့်ပြီး ရှင်ပြုပေးဖို့ မ၀ံ့မရဲ ဖြစ်နေကြတယ်.။တပည်တော်ရှင်သာရိပုတ္တရာ ရဲ့ ညီအငယ်ဆုံး ဖြစ်ပါတယ်ဘုရား လို လျှောက်တော့မှ ကျေကျေနပ်နပ် ရှင်ပြုပေးကြပါတယ် ။ ရှင်သာရိပုတ္တရာက တပည့်တော်ရဲ့ မိဘတွေဟာ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်သူ မဟုတ်ပါ .. အကယ်၍ ညီငယ်လေး ရှင်ရဟန်းပြုပေးဖို့ တောင်းပန်လာတဲ့အခါ တပည့်တော်ကို ဘဲ ညီလေးရဲ မိဘလို့ မှတ်ယူကြပြီး ရှင်ရဟန်း ပြုပေးကြပါလို့ မှာကြားထားတာကိုး ... ရေ၀တဟာ ရှင်အဖြစ်သို့ ရောက်ခဲ့ပေမယ့် နောက်ကြောင်းမလုံဘူး ၊ ဆွေမျိုးမိဘများလိုက်လာရင် ပြန်လိုက်သွားရမှာ စိုးရိမ်လို့ ရဟန်းတော်များထံမှာ ကမ္မဌာန်းကျင့်စဉ်ကို တောင်းခံသင်ယူပြီး ယူဇနာ သုံးဆယ်ဝေးကွာတဲ့ ရှားတောကြီးထဲမှာ နေထိုင်ကာ ကမ္နဌာန်းအားထုတ်တော့ ၀ါတွင်းမှာဘဲ တန်ခိုးအဘိညာဉ်နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ခဲ့တယ် ။ သီတင်းကျွတ်တဲ့အခါ ရှင်သာရိပုတ္တရာက ညီငယ် သာမဏေ ရှိရာသို့ သွားဖို့ဘုရားရှင်ထံ ခွင့်ပန်တယ် ဗုဒ္ဓမြတ်စွာ က ငါ ဘုရားလည်း လိုက်ပါမယ် လို အမိန်ရှိပြီး ရဟန်းငါးရာ နှင့်အတူ ရှင်ရေ၀တ သီတင်းသုံးရာ ရှားတောဆီသို့ ကြွလာတာကို ကြိုတင်သိနှင့်လို့ သီတင်းသုံးနေထိုင်ကြမယ့် နေရာများကို အဘိဉာဉ်တန်ခိုးနှင့် စီမံဖန်တီးတာပါတယ် ။ မြတ်စွာ ဘုရားနှင့် ရဟန်း ငါးရာတို့ ရှားတောကြီးမှ ပြန်လည်ကြွသွားတဲ့အခါ အတူပါလာတဲ့ ရဟန်းကြီး နှစ်ပါး အသုံးအဆောင်အချို့ မေ့ကျန်ခဲ့လို့ ပြန်ရှာတော့ ရှားတောကြီးဟာ ဆူးငြောင့်တွေနဲ တောကြီးမျက်မျည်းဖြစ်နေလို့ ကျန်ခဲ့တဲ့ အသုံးအဆောင်ကို စမ်းတ၀ါးဝါး နဲ့ ရှာဖွေရယူခဲ့ရသတဲ့ ။သာဝတ္တိမြို့တော်သို့ ပြန်ရောက်ကြတဲ့အခါ ၀ိသာခါ ကျောင်းအမကြီး ဆောက်လုပ်လျူဒါန်းထားတဲ့ ပုဗ္ဗာရုံ ကျောင်းတိုက်မှာ ၀င်ရောက်အနားယူကြပါတယ် ၊ နံနက်မိုးသောက်အလင်း ရောက်တဲ့အခါ ရဟန်းတော်တွေ ဆွမ်းခံကြွရင်း ၀ိသာခါရဲ့ အိမ်မှာ ယာဂုရည်ဘုဉ်းပေးကြတယ် ၊ ဒီတစ်ခါ ၀ိသာခါတကာကကြီးက ရှင်ရေ၀တနေထိုင်တဲ့ ရှားတောကြီး အကြောင်း ကို မေးမြန်းရာမှာ ရဟန်းကြီး နှစ်ပါးက ကြောက်စရာကောင်းတဲ့ တောကြီး မျက်မျည်းပါလို့ ဖြေကြားပြီး တန်ခိုးနဲ့ ဖန်တီးထားတဲ့ နေရာကိုသာ မြင်ခဲ့နေခဲကြတဲ့ ရဟန်းငယ်တွေက ရှားတောကြီးရဲ့ ကြီးကျယ်ခန်းနားပုံဟာ စာဖွဲ၍ မကုန်နိုင်ကြောင်း ပြောကြားကြပါတယ် ။ အဲသလို အမျိုးမျိုးဖြေကြလို့လဲ မြတ်စွာ ဘုရား ဆွမ်းခံ ကြွရင်း ယာဂုရည် သုံးဆောင်လာတဲံအခါ ထပ်မံလျှောက်ထားမေးမြန်းပြန်ပါတယ် ၊။ မြတ်စွာ ဘုရားရှင်က" ၀ိသာခါ ... ရွာမှာဖြစ်စေ ၊ တောအုပ်မှာဖြစ်စေ ၊ တောချုံတောင်ကြား အနိမ့်ပိုင်းမှာဖြစ်စေ ၊ တောင်ကုန်းတောင်ခြေ အမြင့်ပိုင်းမှာ ဖြစ်စေ ။ ရဟန္တာတို့ သီတင်းသုံးနေထိုင်တဲ့ နေရာတွေဟာ မွေ့လျော်ကြည်နူးဖွယ်ကောင်းပါတယ်လို"့  မိန့်ကြားတော်မူပါတယ် ။ဘုရားရှင်ဖြေကြားတော်မူတဲ့ ပါဠိစကာက တော့ ""တံဘူမိရာမဏေယျကံ"" ဖြစ်ပါတယ် ။ဆရာလေးတို့ မြန်မာနိုင်ငံ တော်အတွင်းမှာ ကျောင်ကန် ဘုရားစေတီ ပုထိုးအစရှိတဲ့ သာသနိကအဆောက်အအုံတွေ ၊ သီလရှင်စာသင်တိုက်တွေ၊ စာပေပို့ချ သင်ပြကာ ပရိယတ္တိ သာသနာထွန်းကားစည်ပင်ရေးကို ကြိုးပမ်းရွက်ဆောင်နေကြတဲ့ စာသင်တိုက်ကြီး ကြီး ငယ်ငယ်တွေ ၊ သမထ ၀ိပဿနာဘာဝနာ ကြိုးပမ်းအားထုတ်ကာ ပဋိပတ္တိသာသနာစည်ပင် ပြန့်ပွါးရေးကို အားထုတ်နေကြတဲ့ တရားရိပ်သာကြီးကြီး ငယ်ငယ်တွေ မြို့ရွာ တောစပ်တောင်ခြေမျိုးမှာ အနှံ အပြား ရှိနေကြပါတယ်။ သာသနာရေးရှုထောင့် မှ ကြည့်ရင် အဲဒါတွေဟာ မွေ့လျော်ကြည်နူးဖွယ်ကောင်းတဲ့ နေရာတွေပါ ၊ မြတ်စွာဘုရားချီးမွမ်းတော်မူတဲ့" တံဘူမိရာမဏေယျကံ" ဖြစ်ပါတယ် ။
မိမိသည် ဘုရားသာသနာထွန်းကားတဲ့ ခောတ်မှာ သာသနာ့ ဘောင်ဝင်ရောက်ပြီး ကျရာ သာသနာ့တာဝန်ကို ထမ်းဆောင်နေရာတာ မိမိကိုယ်ကို မွန်မြတ်ပါတယ် ။ ဒီလိုသာသနာထဲသို့ ရောက်ရှိရန် နည်းလမ်းညွန်ပြပေးသော မြတ်မင်္ဂလာစာအုပ်နှင့် ဆရာလေးမအဂ္ဂဉာဏီကို လည်း အထူး ကျေးဇူးတင်နေမိပါတယ် ။
ဒီနေ့ကြွရောက်လာကြသော ဆရာလေးရဲ့ ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာကြပါစေ။
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

ပါရမီ (၁၀)ပါး ပွါးများနည်း

div align="left">၁။ ငါဟာ ရက်ရောသောသူ ကူညီစောင့်ရှောက်သောသူ ဖြစ်စေရမယ်။(ဒါနပါရမီ)


၂။ ငါဟာ စည်းကမ်းရှိသူ အမူအရာအားဖြင့် ယာဉ်ကျေးသိမ်မွေ့သူဖြစ်ရမယ် ၊ ငါ့ရဲ့အကြံအစည်၊ အပြအမူ ၊အပြောအဆို အားလုံးဟာ သန့် ရှင်းစင်ကြယ်ရမယ် ။(သီလပါရမီ)

၃။ ငါဟာ တစ်ကိုယ်ကောင်းဆန်သူ၊ ကိုယ်ကျိုးရှာသူ မဖြစ်စေရ ၊ ငါဟာ တစ်ကိုယ်ကောင်းမဆန်သူ၊ ကိုယ်ကျိုးမရှာသူဖြစ်ရမယ် ငါ တခြားသူအတွက် မိမိပျော်ရွှင်မှုကို စွန့်လွှတ်နိုင်သူဖြစ်ရမယ် ။(နိက္ခမပါရမီ)

၎။ ငါဟာ ပညာရှိသူ ၊ အမှန်တိုင်းသိမြင်နိုင်သူဖြစ်စေရမယ်၊ ငါဟာအမှန်တရားကို သိမြင်ပြီး ၊အခြားသူများအား အမှောင်မှ အလင်းသို့ ပို့ဆောင်နိုင်သူဖြစ်ပါမယ် ၊ ငါဟာ အလင်းဉာဏ်ရပြီး တခြားသူတွေကို အလင်းဉာဏ်ရစေနိုင်စွမ်းရှိရမယ် ၊ ငါရရှိထားတဲ့ အသိဉာဏ် ဗဟုသုတ များကို အခြားသူအား ဖြန့်ဖြူးပေးရန် စွမ်းနိုင်ရမယ် ။(ပညာပါရမီ)

၅ ။ငါဟာ လွတ်လပ်သူ အင်အားရှိသူ ဇွဲကောင်းသူ ဖြစ်ရမယ်၊ ငါဟာ ငါရဲ့ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်း လုံ့လ ၀ီရိယ နှင့် ကြိုးစား အားထုတ်နိုင်ရမယ် ၊ ငါဟာဘေးအန္တရယ်တွေ့နှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့ခြင်းကင်းလျှက် အခက်အခဲ များ ကိုလည်း သတ္တိရှိစွာ ကျော်လွှားနိုင်ရမယ်၊ ငါဟာ မိမိစွမ်းနိုင်သလောက် အခြားသူတိုရဲ့ အကျိုးကို ဆောင်ရွက်နိုင်ရမယ်။(၀ီရိယပါရမီ)

၆။ ငါဟာ အမြဲစိတ်ရှည်သူ ဖြစ်ရမယ် ၊ ငါဟာ တခြားသူတွေရဲအမှားကို သည်းခံခွင့်လွှတ်နိုင်ရမယ်၊ ငါဟာ အမြဲသည်းခံသူဖြစ်လျှက် အရာအားလုံး လှကွက် ကောင်းကွက် ကိုသာ မြင်တတ်သူ ဖြစ်ရမယ်။(ခန္တီပါရမီ)

၇။ ငါဟာ အမြဲမှန်ကန်ရိုးသားသူဖြစ်ရမယ် ၊ ငါဟာ ယဉ်ကျေးမှုအတွက် အမှန်ကို
ဖုံးကွယ်ခြင်းမပြုပါအံ့၊ ငါဟာ အမှန်တရားလမ်းကြောင်းကို ဘယ်သောအခါမှ
သွေဖည် ခြင်းမပြုပါအံ့ ။(သစ္စာပါရမီ)

၈။ ငါဟာ ခိုင်မာပြတ်သားပြီး သံမဏိစိတ်ဓါတ်ရှိရမယ်၊ ငါဟာ
ပန်းပွင့်လို နူးညံ့ပြီး ကျောက်ဆောင်လိုခိုင်မာသူ ဖြစ်ရမယ်။ ငါဟာ
အမြဲတမ်းမြင့်မားသည့် အကျင့်စရိုက်ရှိသူ ဖြစ်ရမယ် ။(အဓိဋ္ဌာန်ပါရမီ)

၉။ ငါဟာ အမြဲတမ်းသနားကျင်နာ ဖေါ်ရွေတတ်သူ ဖြစ်ရမယ်၊ ငါဟာ
သတ္တ၀ါအားလုံးကို ငါရဲ့ညီအစ်ကိုမောင်နှမများ အဖြစ် သဘောထားရမယ်။(မေတ္တာပါရမီ)

၁၀။ငါဟာ အမြဲတမ်း အေးချမ်းတည်ငြိမ်သူ ဖြစ်ရမယ် ၊ စိတ်လှုပ်ရှားမှုမရှိဘဲ
အေးချမ်းတည်ငြိမ်သူဖြစ်ရမယ်။ ငါဟာ ညီမျှသော စိတ်ရှိရမယ်၊ ငါဟာ
အပြည့် စိတ်တည်ငြိမ်မှုရှိသူ ဖြစ်ရမယ်။ (ဥပေက္ခာပါရမီ)
(ကိုး ဘွဲ့ရဆရာတော် အရှင်အာစာရလင်္ကာရ)


ပါရမီ(၁၀)ပါးဆင်ခြင်ပွါးများနည်းကို လက်ကိုင်ထားကာ

ဆင်ခြင်ပွါးများနိုင်ကြပါစေ။

မေတ္တာဖြင့်
ထားဝယ်ဆရာလေး<

မှတ်သား နာယူကြပါစို့လို့*

div align="left">*ဒီလို ဒီလို ဒေါသကို ဖြေသိမ့် ကြပါစို့*

*ရန်သူဟာ ငါကိုသာ ဒုက္ခပေးနိုင်တာ ငါစိတ်ကို ဒုက္ခပေး နိုင်တာ မဟုတ်ဘူး၊

စိတ်ဆင်းရဲတယ်ဆိုတာ ငါစိတ်ကသာ ငါကို ညှင်းဆဲ နေတာပဲ..

သူက ငါကို စိတ်ဆင်းရဲပါစေလို့ လုပ်တာကို ငါမဆင်းရဲဘူးဆိုယင် သူက

ဘာတတ်နိုင်မှာလဲ လို့  တွေး ရမယ်. ခံယူရမယ်။


*ယုတ်မာတဲ့သူကို အမျက်ထွက်ရင် သူနဲ့ငါ ယုတ်မာတာ ပြိုင်သလို

ဖြစ်သွားမှာပေါ့ လို့ ခံယူရမယ် ။


*ငါ၏ဒေါသသည် ရန်သူကို ဒုက္ခပေးခြင်မှ ပေးနိုင်မည် ၊ ငါ၏ စိတ်က ပင်ပန်းခြင်း

က လက်တွေက ဧကန္တတည်း လို့  ခံယူရမယ် ။

*ငါစိတ်ဆိုးအောင် စိတ်ဆင်းရဲအောင် သူကပြုတာကို ငါကစိတ်ဆိုးရင်

သူအလိုပြည့် သွားမှာပေါ့လို့ ခံယူရမယ်။

*ရန်သူသည် ဒေါသဖြင့် အပါယ်ခရီးလမ်းမှား လိုက်နေပြီ ၊ အရှည်မြင်သူသည် .

လမ်းမှားသို့မလိုက် အမြင်တိုသူသည် လမ်းမှား သို့ကောက်ကောက်လိုက်၏ ၊

လို့ခံယူရမယ်။

*ငါ့မှာရှိသောဒေါသကို ရန်သူက အားကိုနေတယ် ၊ သူ အားကိုးမရှိအောင် ငါ.

ဒေါသကို ဖြောက်ထားရမယ် လို့ခံယူရမယ်၊

*ခန္တှီမူလ ၊ မာန်ကိုချ ၊ ဒေါသကိုပယ် ၊ မေတ္တာလွယ် ။

*ဒီနေရာက်လာသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေ။

မေတ္တာဖြင့် ထားဝယ်ဆရာလေး။

ကြိုးစား ကြပါစို့လား

ဘ၀သည် အပါယ်ဘ၀ ၊ လူ့ ဘ၀ ၊ နတ်ဘ၀ ဟူ၍ သုံးမျိုးရှိပါတယ် ။
ထိုတွင် အပါယ်ဘ၀သည် ဆင်းရဲမှုများတယ် ချမ်းသာမှုနည်းတယ်။
အချို့  ဆင်းရဲသက်သက်ဖြစ်တယ် ။ လူ့ ဘ၀သည်ကား ချမ်းသာ
ဆင်းရဲရောနေတယ်မဟုတ်လား ။ ကံအား ၊ဉာဏ်အား၊ လုံ့ လအား
စိုက်ထုတ်ရသော ဘ၀ဖြစ်ပါတယ် ။


နတ်ဘ၀ဟာ ကုသိုလ်ကံ၏ အကျိုးပေးရာဖြစ် ၍ ချမ်းသာမှုများတယ် ၊ဉာဏ်အား ၊ လုံ့ လအားစိုက်ထုတ်စရာမလို ပေ။ ကံ အား ၊ ဉာဏ်အား လုံ့ လအား ကို ရင်းနှီးမြှုပ်နှံကြသော လူ့ ဘ၀ဟာ အချို့  အောင်မြင်ကြ၍ အချို့  မအောင်မြင်ကြပေ ။အချို့  တိုးတက်ကြ၍
အချို မတိုးတက် ကြပေ ။
ကံအား
ဉာဏ်အား
လုံ့ လအား
စည်းကမ်းလိုက်နာမှုအား
ညီညွှတ်မှုအား
ခန္တီအား
မေတ္တာအား
စာရိတ္တအား
တိုဖြစ် အောင် မြင်လိုသူတိုင်းသည် ဖေါ်ပြပါ အင်အား (၈) ရပ်ကို မလွဲမသွေ လက်ဆုပ်လက်ကိုင် ပြုကြရပေသည် ။

အချို့ ကံအား ဉာဏ်အား ကောင်းကြပါတယ် ၊ လုံ့ လအား ၊ ညီညွှတ်မှုအား စာရိတ္တအား ညံ့ကြပါတယ် ။ အဲဒီ ပုဂ္ဂိုလ်တို့  အဖွဲအစည်း ဟာ အောင်မြင်ဖို့ ရန် မလွယ်ကူ ပေ ။

အချို့  လုံ့ လအား ၊ စည်းလုံးမှုအား ၊ စာရိတ္တအား ပြည့်စုံကြတယ် ၊ ကံအား ၊ ဉာဏ်အား (အရည်ချင်း) ချို့ တဲ့ရှာကြတယ် ။ အဲဒီ ပုဂ္ဂိုလ်တို့  အဖွဲအစည်းဟာလည်း မတိုးတက်နိုင် ပါ ။


အချို့ ကျတော့ စည်းကမ်းကို သတ်သတ် မှတ်မှတ် ချမှတ်ထားခြင်း မရှိ ၊ ဖြစ်သလို အုပ်ချုပ်တယ် ၊ ခန္တီပါးရှား ဒေါသများ ကြတယ် ။ အဲဒီပုဂ္ဂိုလ်တို့  အဖွဲ့ အစည်းသည်လည်း ထိပ်တန်းမရောက်နိုင်ပေ။ အမျိုးသား ဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ၊ မည်သူမဆို အင်အား နှင့် ပြည့်စုံ ဖို့ လိုအပ်ပါတယ် ၊ အင်အားကောင်းလျှင်ကောင်းသလို တိုးတက် တယ် ၊ မကောင်းလျှင်မကောင်းတဲ့အလိုက် ဆုတ်ယုတ်တယ်။ မိန်မသား ဖြစ်သော်လည်း အချို့ မျိုးသမီးများဟာ ရည်ရွယ်ချက်မြင့်မားကြတယ် ၊ စွမ်းရည်ထက်မြက်တယ် အမျိုးမျိုးသော အင်အားများနှင့် ပြည့်စုံကြတယ် ။ ကိုယ့် နေရာ ၊ ကိုယ့်ဒေသကို အရာရာ အဖွံဖြိုးတိုးတက်စေလို ကြတယ် ။

"နသောသဗ္ဗတ္ထ ဌာနေသု ၊ ပုရိသော ဟောတိ ပဏ္ဍိတော ။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ ၊ တတ္ထတတ္တ ၀ိစက္ခဏာ" ။

ဟူသော ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် ဘဒ္ဒကုဏ္ဋလကေသီ အပါဒန်လာ
ဆိုစကားကို သတိယ မိပါတယ် ။
"နေရာတိုင်းမှာ ယော်ကျားသာ ပညာရှိဖြစ်သည် မဟုတ်ပါ ။ ထိုထို နေရာ၌
အဆင်အခြင်ရှိသော မိန်းမသည်လည်း ပညာရှိဖြစ်သည် "ဟု ဆိုထားပါသည်။
ထိုကြောင့်
"၀ီရိယတော ကိံနာမ ကမ္မံ နသိဇ္ဈတိ " ဟူသော မူလဋ္ဋီကာ ဆရာကြီး
ဆိုစကားနှင့် အညီ "ကြိုးစားလျှင် ဘာမဆို ဖြစ်နိုင်သည် "။

သိုဖြစ်၍ မိန်းကလေးများလည်း အထက်ပါဆိုစကား ကို စိတ်မှာစွဲပြီး ကောင်း သော အလုပ်ဟူသမျှ နောက် မဆုတ်တန်းပြုလုပ် အားထုတ်နိုင်ပါစေ ..

ငါတို့ မိန်းကလေးတွေ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့ ဆုတ်နစ်သည့် စိတ်ထားကို လက်မခံဘဲ ကောင်းတဲ့ အလုပ်ကို ကြိုးစားလျှင် ကောင်းသော အရာ ဟူ သမျှ ပြည့်စုံရမည်သာဟူသော ဆန္ဒကို စွဲမြဲစေကာ ဆရာကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှု ကို အတုယူပြီး နောင်လာ နောက်သား ဆရာလေးများ လည်း ကြိုးစား ပြီး အရာရောက်သော သာသနာပြုလုပ်ငန်းကို ဆောင်ရွက် နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

သာသနာအကျိုးကို မျှော်ကိုး၍
မေတ္တာဖြင့်
ထားဝယ်ဆရာလေး **

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .