ဘ၀နဲ့ တရား တထပ်တည်း နေကြပါစို့

There is no rubly in every mountain.တောင် တိုင်း တွင် ပတ္တမြား မရှိ၊
There is no pearl is every elephant.ဆင်တိုင်း တွင် အမြုတေ မရှိ။
There is no sandalwood is every forest .တောတိုင်း တွင် စန္ဒကူး မရှိ။
There is no sage in every place.အရပ်တိုင်း တွင် ပညာရှိ သုခ မိန် မရှိ။
လူဆိုတာ လူသတင်း လူချင်း ဆောင်တယ် ၊ကိုယ်က ကိုယ်စိတ်ထား လေး ထပ်ခါ ထပ်ခါ ကြည့်ပြီး ပြုပြင် ပြီး တော့ အမြဲတမ်း နေသွား တဲ့ အခါမှာ ဘယ်လို စိတ်နဲ့ ဘ၀ကို နေသွား နေသလဲ ဆိုတာ ကိုယ် ပတ်ဝန်း ကျင် က လူတွေ တ ဖြေး ဖြေး နဲ့ သိလာတယ် ။။။။။ ရေရှည် ဆက်ဆံ ရင် အလိုလို ကိုယ် စိတ် သဘော ထားကို သိလာ တဲ့ အခါ လေး စားလာတယ် ၊ ယုံ ကြည်လာတယ်၊ ကိုယ့် ကိုယ်ကိုလည်း လေးစား လာတယ်၊ ။
စိတ်သဘောထား နူးညံ့လာတော့ မကောင်းတာကို ပြောမိ လုပ်မိ ရင်လည်း ချက်ချင်းဘဲ ပြင်ဖို့ကြိုးစားဖြစ်တယ် ၊။ တခါ တလေ စိတ်ကူး ကြံ စီ တာတွေ ၊ ချက်ချင်း ဘဲ ပြင်လို ရပေမဲ့ ..... တခါတလေ တော်တော့ ကို ပြင် ဖို့ ဆိုတာ အချိန် ပေး ပြီး ကျိုးစား ရတာတွေ ရှိခဲ့ တယ်လေ ။။ ဘ၀နဲ့ တရား မိမိရရ တွဲ မိသွား ရင် တော်တော့ ကို ကျေနပ် စရာကောင်းပါတယ်။ သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း တရားအားထုပ်တာကို လုပ်နိုင်ရင် ဘ၀နဲ တရား တပေါင်း တည်း ဖြစ်သွားတယ်လေ။ ဘ၀ ဆိုတာ အင်မတန် တိုတောင်း တယ် ။ ဆရာလေး တောင်မှ ငယ်ငယ် တုံးက အကြောင်း တွေကို ပြန်တွေး မိရင် ဘယ်လောက်မှ မကြာ သေး ဘူး ထင်ရတယ်၊ အခု လည်း ဒီ ကိုရောက်တာ နှစ်အားဖြစ် လက်ချိုး ရေ လိုရ နေပြီလေ ဒါတောင် မနေ့ တနေ့ က ရောက်လာသလိုပါဘဲ ..မြန်မာပြည်မှာ ရှိတဲ့ အသိမိတ်ဆွေ အပေါင်းသင်း တွေကအ ကြာကြီး ဖြစ်နေပြီလို့  ပြောနေကြပြီ ။။အိပ်မပျော်သော ည တာ ရှည်လျှား သလို စောင့်သောသူ မှာလည်း ကြာ၏ သတဲ့ ၊ ဆရာလေးကတော့ ဆက်လက်ပြီး ပညာရှာ ရင်း ဘ၀ အတွေ့ အကြုံ နဲ့ ဘ၀နဲ့ တရား တထပ်တည်း ကျအောင် ကျိုးစားရင်း လက်လှမ်း မှီသလောက် ဘာဝနာ တရားကို မျှဝေ လျှက် ဒီမှာ ရှိနေဆဲပါ၊။တရားရဲ့ အေး ချမ်း မှု ကို သိလာ တဲ့ အခါ မှာ ဘု ရား ရှင်ရဲ့ ကျေး ဇူးကို ပိုပြီးတော့ ရင်ထဲ မှာ လှိုက်လှိုက် လှဲလှဲ ခံစား ရတယ်။ ဘုရားကို ပိုပြီး ကြည်ညို လာတယ်။ ချစ်လာတယ် ။ ကျေးဇူး တင်လာတယ်။ ရတနာသုံးပါး ရဲ့ ကျေး ဇူးကို ရင်ထဲမှာ ခံစား လာတဲ့ အခါ ကိုယ့် ကိုယ်ကို ပိုပြီး ကျေနပ်လာတယ်။သူတော်ကောင်း တွေနဲ့ တွေ့ခွင့် ရ လာ တာရယ် ၊ ဆရာကောင်းတွေနဲ့ တွေဆုံခွင့် ရ လာတာတွေကိုလည်း ကျေနပ်တယ်။
ဘ၀နဲ့ တရား တထပ်တည်းဆိုတာလည်း ၀ိပဿနာ တရား ကို အားထုပ်တဲ့အချိန်တိုင်း သိစရာ တွေကို သိဖို့ ၊ ပြီးတော့ သေချာသိ ဖို့ လိုရင်း အဓိကပါ။ ..အားထုပ်တဲ့ အချိန်တိုင်း .. ဆိုတာ အချိန် မရွေး၊ အလုပ်မရွေး၊ နေရာမရွေး အမူအရာ ဣရိယာ ပုတ်မရွေး၊ အမြဲတမ်း ရှုမှတ် အားထုတ် လို့ ရပါတယ်.သိစရာတွေ ဆိုတာက လောကမှာ သိစရာတွေများပါတယ် ။ မိမိရဲ့ သိနိုင်တဲ့ အင်အားပေါ် မူတည်ပြီး သိကြပါတယ်။
မဂ်ဥာဏ် က ဒုက္ခ သစ္စာကို သေချာသိတယ်၊သမုဒယသစ္စာကို ပယ်နိုင်တယ်။မဂ္ဂသစ္စာကို ပွားတယ်၊နိရောဓသစ္စာကို မျက်မှောက်ပြု တယ်။ဝိပဿနာ ဥာဏ်က ရုပ်ရဲ့သဘော. လက္ခဏာတွေကို တစ်ဆင့်ပြီး တစ်ဆင့် သေချာသိတယ်။နောက်ပြီးတော့ သိစရာတွေ အနေနဲ့ က ပူတာ. အေးတာ. လှုပ်တာ. ငြိမ်တာ. တင်းတာ.ရော့တာ. ပျော့့တာ.မာတာ။ နာကျင် ကိုက်ခဲတာ ကြွတာ လှမ်းတာ. စိတ်ရှုပ်တာ ပျာယာခပ်တာ တည်ငြိမ်တာ. ပူပန်တာ။ အေးချမ်းတာ။ စတဲ့ သဘောတွေ လည်း အမျိုး မျိုး ရှိပါတယ်။ ၀ိပဿနာစိတ်ဖြစ်လာဖို့ ဆိုတာကလည်း သတိရှိတဲ့စိတ်ဖြစ်မှသာ ဖြစ်နိုင်ပါတယ်သတိပါတဲ့ ကုသိုလ်စိတ်အစဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ရပ်နေသူသည် ရပ်နေတယ်လို သိပါ ။သိပြီးတော့ သေချာသိပါ၊ ဘယ်နေရာမှာ စိတ်ကိုထားရမလဲ လိုရင် သတိဖြစ်စေနိုင် ဖို့ မှတ်သား ဖူးတဲ့ သညာ အမှတ်သိနဲ့ လှုပ်ရှားတဲ့ ထဲ ထားပါတယ်။။
အားလုံးဘဲ ဘ၀နဲ့ တရား တထပ်တည်း ကျ ကြပါစေလို ဆန္ဒပြု လျှက်မေတ္တာဖြင့်ထားဝယ်ဆရာလေး။2008-6-18 ည ၁၀နာရီ ခွဲ

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .