မဟာပဇာပတိဂေါတမီ ဘိက္ခုနီမ အကြောင်း သိကောင်းစရာ

သဒ္ဒါ ,သတိ ,၀ီရိယ, ပညာ, ဟူသော ကြီးပွါးကြောင်းတရားများဟာ ...ဘ၀နေ၀င်ချိန် ကို လှပစေပြီး နောက်ဆုံး အိုခြင်းကင်းရာ သေခြင်းကင်းရာ ၊မနှစ်သက်အပ်တဲ့ သတ္တ၀ါ သင်္ခါရတို့နှင့်တွေ့ဆုံခြင်းဆင်းရဲကင်းရာ၊.နှစ်သက်အပ်တဲ့သတ္တ၀ါသင်္ခါရတို့နှင့်ကွေကွင်းရခြင်း ဆင်းရဲကင်းရာ ၊ အသင်္ခတဓါတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ စံမြန်းလေပြီးသော မဟာပဇာပတိဂေါတမီဘိက္ခုနီအကြောင်း ကို တိပိဋိကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ရေးသားပြုစုသောမဟာဗုဒ္ဓ၀င် ကျမ်းလာအတိုင်း ထုပ်ဖေါ်၍ ဆရာလေးရဲ့ ဓမ္မမိတ်ဆွေများ ကြည်ညို သဒ္ဒါ ပွါးများ နိုင်ကြပါစေခြင်းအကျိုးငှာ ဓမ္မဒါနဖြင့် မျှဝေလိုက်ပါသည်။
မဟာပဇာပတိဂေါတမီထေရီမ၏အလောင်းအမျိုးကောင်းသမီးသည်ပဒုမုတ္တရာမြတ်စွာဘုရား လက်ထက်တော် အခါဝယ် ဟံသာဝတီမင်းနေပြည်ဖြစ်လတ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေတနာကို ကြားနာစဉ်မြတ်စွာဘှုရားရှင်က ဘိက္ခုနီမ တပါးကို ညဥ့်အပိုင်းအခြားကို သိကြသော ဘိက္ခုနီ -၀ါကြီးသော ဘိက္ခုနီမတို့အနက် အသာဆုံး အမြတ်ဆုံး - ဧတဒဂ် ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် တိုရတ္တညူဧတဒဂ်” ရာထူးဌာနန္တရကို ဆုတောင်းပတ္တနာမှု ပြုလေ၏။
ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း ဗျာဒိတ်စကားမိန့်ကြားတော်မူလေ၏။
”ရေခပ်ကျွန်မ အကြီးအကဲဘ၀”
ရေခပ်ကျွန်မအမျိုးသမီးသည်အသက်ထက်ဆုံး အလှူကိုပေးလှူကာ သီလကိုစောင့်ထိန်း၍
ထိုဘ၀မှစုတေလတ်သော်နတ်ပြည်၌ ဖြစ်ပြီးလျှင်တဖန်တခုသောဗုဒ္ဓ န္တရခေတ်၌ နတ်ပြည်မှ စုတေခဲ့၍ဗာရာဏသီပြည်ဝယ်ရေခပ်ကျွန်မငါးရာတို့၏အကြီးအကဲကျွန်မဖြစ်လာ၏။
ထိုနောက်ဝါ လကပ်သောအခါပစ္စေကဗုဒ္ဓါအရှင်မြတ်ဆူတို့သည်နန္ဒမူလိုဏ်မှကြွလာတော်မူကာဗာရာသီပြည်ဣသိပတနမိဂဒါ ၀ုန်ု်တော၌သက်ဆင်းတော်မူကြ၍မြို့၌ဆွမ်းခံလှည့်လည်တော်မူကြပြီးလျှင်မိဂဒါဝုန်တောသို့တဖန်ပြန်ကြွတော်မူကြပြီး“၀ါဆိုရန် ကျောင်းငယ်အလို့ငှာ လက်အမူ-ဟတ္ထကံကို တောင်းခံကြကုန်အံ့ဟု ကြံစည်တိုင် ပင်ကြလေ၏။ဆိုခါနီးကပ်လျှင်ဝါ ဆိုကျောင်းရှာရမြဲဓမ္မတာဖြစ်သောကြောင့်ပစ္စေကဗုဒ္ဓါ၅ဆူတို့သည်“ဟတ္ထကံကိုတောင်းခံကြကုန်အံ့”ဟုသင်္ကန်းရုံတော်မူကြကာညနေချမ်းအခါ၌မြို့တွင်းသို့ဝင်၍ဗာရာဏသီသူဌေး၏အိမ်တံခါး၌ရပ်တော်မူကြလေကုန်၏။ရေခပ်ကျွန်မအကြီးအကဲဖြစ်သော အမျိုးသမီးသည် ရေအိုးရွက်၍ ရေဆိပ်သို့ သွားစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်၅ဆူတို့ မြို့တွင်းသို့ ၀င်တော်မူကြသည်တို့ကို မြင်လိုက်ရလေ၏။ဗာရာဏသီသူဌေးသည်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကြွလာတော်မူကြသောအကြောင်းကိုကြားသိပြီးလျှင် “တပည့်တော်တို့မှာအရှင်ဘုရားတို့အားဟတ္ထကံပေးနိုင်ရန်အခွင့်မရှိ၊ကြွတော်မူကြကုန်လော့” ဟု ပစ်ပစ်ခါခါ စကားပြောကြားလိုက်လေသည်။ထိုအခါပစ္စေကဗုဒ္ဓါ အရှင်မြတ်၅ဆူတို့ မြို့တွင်းမှ ပြန်ကြွကာ ထွက်လာကြသည်တိုကို ရေခပ်ကျွန်မအကြီးအကဲအမျိုးသမီးသည်ရေအိုးကိုရွက်၍မြို့တွင်းသို့ဝင်စဉ်ပက်ပင်းတွေ့မြင်ရ၍ရေအိုးကိုချကာရှိခိုးဦးညွတ်လျှက်မျက်နှာကိုမော့ချီကာ“အရှင်မြတ်တို့သည်မြို့တွင်းသိုင်ပြီးကာမျှဖြစ်ကြ၍လျှင်ပြန်လည်ထွက်ခွါတော်မူခဲ့ကြကုန်ပြီ၊ဘယ်လိုအကြောင်းရှိပါသနည်း”ဟုမေးလျှောက်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“ါဆိုကျောင်းငယ်အတွက်ဟတ္ထကံလက်အမူကိုတောင်းခံရန်ငါတို့လာခဲ့ကုန်ပြီ” ဟုမိန်တော်မူကြလေလျှင်အမျိုးသမီးသည် “ရခဲ့ပါပြီလားအရှင်ဘုရားတို့”ဟု မေးပြန်လေ၏ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“မရခဲ့ပါဒါယိကာမ”ဟုမိန့်တော်မူကြလေလျှင်အမျိုးသမီးသည်အရှင်မြတ်တို့....ဤ၀ါဆိုကျောင်းဆိုသည်ကိုအစိုးရသူလူကုံထံတို့သာဆောက်လုပ်လှူဒါန်းကောင်းပါသလောသို့မဟုတ်တပည့်တော်များဆင်းရဲသားတို့
သည်လည်းဆောက်လုပ်လှူဒါန်းနိုင်ပါသလောဟုမေးပြန်လေ၏။ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“အစိုးရသူလူကုံထံဖြစ်စေ . ဆင်းရဲသားဖြစ်စေမည်သူမဆိုဆောက်လုပ်လှူဒါန်းနိုင်၏ဒါယိကာမ”ဟုမိန့်တော်မူကြလေလျှင် အမျိုးသမီးသည်“ကောင်းပါပြီအရှင်ဘုရားတို့တပည့်တော်မတို့ဆောက်လုပ်လှူဒါန်းကြပါမည်၊ နက်ဖြန်ခါတပည့်တော်မ၏ဤယခုပင့်ဖိတ်သည့်ဆွမ်းကိုအလှူခံတော်မူကြပါဘုရား”ဟုပင့်ဖိတ်၍ရေအိုးကိုတဖန်ကောက်ယူကာ ( မြို့ တွင်းသို့ ပြန်မသွားသေးပဲ) လာခဲ့ရင်းဖြစ်သည့်ရေဆိပ်လမ်း ၌ ရပ်တည်၍ လာတိုင်း လာတိုင်းသော ကြွင်းကုန် သည့်  ရေခပ်ကျွန်မတို့ကို “ဤနေရာ၌ ရှင်မတို့ ထိုင်ကြလော့ ” ဟု စုဝေးဖိတ်ခေါ်လေ၏။
ရေခပ်ကျွန်မငါးရာစုံညီကြသောအခါ “အမိတို့..အမြဲတစေသူတပါး၏ ကျွန်မအလုပ်ကိုသာ ပြုလုပ်လိုကြသလော၊သို့မဟုတ်ကျွန်မအဖြစ်မှလွတ်လိုကြသလော့”.. ဟုမေးမြန်းလေ၏။အားလုံးရေခပ်ကျွန်မတို့ “အိုရှင်မ...ငါတို့သည်ယနေ့ပင် ကျွန်မအဖြစ်မှ လွတ်လိုကြပါကုန်၏”ဟု တညီတညွတ်တည်း ပြောဆိုကြလေလျှင် ထိုအကြီး အကဲ အမျိုးသမီးသည် “ယင်းသို့လျှင်ဖြစ် ငါသည် ဟတ္တက = လက်မှုတောင်းခံ၍ မရကြသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅ဆူတို့ကို နက်ဖြန်ကောင်းမှုကုသိုလ်အလို့ငှာ ပင့်ဖိတ်အပ်ပြီးကုန်ပြီ ၊ အမိတို့၏ အရှင်သခင် လင်ယောက်ျားများကို တနေ့တာမျှ ဟတ္ထက =လက်အမှုကို လှူဒါန်းကြပါကုန်စေ”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ ထိုရေခပ်ကျွန်မတို့သည် ကောင်းပါပြီ” ဟု ၀န်ခံကြ၍ ညနေချမ်းအခါ တောအုပ် အလုပ်လုပ်ပြီး၍ ပြန်လာကြသော မိမိတို့၏ သခင် လင်ယောက်ျားများအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏ ။ ထိုလင်ယောက်ျားတို့သည်လည်း “ကောင်းပြီ”ဟု အားလုံးသဘောတူ ၀န်ခံကြကာ အကြီးဆုံးကျွန်ယောက်ျား၏ အိမ်တံခါးဝ၌ စည်းဝေးညီမှုကြလေကုန်၏ ။
ထိုအခါ ကျွန်ယောက်ျားတို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် “အမောင်တို့... နက်ဖြန်ခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅ဆူတို့အား ၀ါဆိုကျောင်းဆောက်လုပ်ရန် ဟတ္ထကံ= လက်အမှု ကို လှူကြကုန်လော့” ဟု တိုက်တွန်းစကား အကျိုးအာနိသင်ကို ဖော်ပြကာ ပြောကြားပြီးလျှင် မလိုက်နာလိုသော ကျွန်ယောက်ျားများကိုလည်း အတင်းအကြပ် တရားဟောပြ အဆုံးအမဖြင့် ခြိမ်းခြောက်၍ အားလုံးကိုပင် ၀န်ခံစေလေ၏ ။ ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် နောက်တနေ့၌ ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူပြီးလျှင် ဟတ္ထကံ=လက်အမှုလှူဒါန်းကျွန်သားတို့အား အမှတ်ချက် ပေးလိုက်လေ၏ ။ ကျွန်ယောက်ျားငါးရာတို့သည် ထိုခဏမှာပင်တောသို့ဝင်ကြ၍ သစ်အဆောက်အဦတို့ကို စုပေါင်း သယ်ဆောင်ခဲ့ကြပြီးလျှင် လူတရာလျှင်တကျောင်းကျစီ စင်္ကြံ၊ နေ့သန့်ရာ - စသည်နှင့်တကွသော ၀ါဆိုကျောင်း ၅ကျောင်းကို ဆောက်လုပ်ကြ၍ ညောင်စောင်း၊ အင်းပျဉ် သောက်ရေ သုံးရေ စသည်တို့ကို မလိုရအောင် တည်ထားကြလျက် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ၀ါတွင်းသုံးလပတ်လုံး ထိုမိမိတို့၏ ၀ါဆိုကျောင်းများ၌ နေထိုင်သီတင်းသုံးရန် လျှောက်ထားတောင်းပန် ခံဝန်ချက် ရယူပြီးလျှင် အလှည့်ကျဆွမ်းအလှူဒါနကို ပေးလှူကြလေကုန်၏။
မိမိအလှည့်ကျသော နေ့၌ ဆွမ်းလှူရန်မတတ်နိုင်သော ရေခပ်ကျွန်မအား အကြီးအကဲ ကျွန်မ အမျိုးသမီးသည် မိမိတို့အိမ်မှပင် ဆွမ်းအလျာပစ္စည်းများကို ထုတ်၍ ပေးလေ၏ ဤသို့ဝါတွင်းသုံးလကြာပြုစုလုပ်ကျွေးကာဝါကျွတ်ခါနီးလတ်သော်ရေခပ်ကျွန်မအကြီးအကဲ အမျိုးသမီးသည် ကျွန်မတယောက် တယောက်လျှင်အ၀တ်အထည် တထည်ကျစီ စီမံရက်လုပ်စေလေ၏ ။ ထိုသို့စီမံချက်အရ အ၀တ်ကြမ်းအထည်ငါးရာတို့ကိုမှ တဖန် လဲလှယ် ဖလှယ်၍ အကြီးအကဲ ရေခပ်ကျွန်မသည် ပစ္စေဗုဒ္ဓါ ၅ဆူတို့အား တိစီဝရိက် ( သင်္ကန်းကြီး ဧကစ္စီ သင်းပိုင်) သင်္ကန်းအချော သုံးထည်စီ ပြုလုပ်ကာ ဆက်ကပ် လှူဒါန်းလေ၏ ။ ပစ္စေကာဗုဒ္ဓါအရှင်မြတ်တို့သည် ထိုကျွန်မတို့ ကြည့်ရှု နေကြစဉ်ပင် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူကြလေကုန်၏ ။

“ယက်ကန်းသည် အကြီးအကဲဘ၀”
ထိုအမျိုးသမီး ကျွန်မအားလုံးတို့သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြုကြ၍ ထိုဘ၀မှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သမီးငါးရာတိုအနက် အကြီးဆုံးဖြစ်သော နတ်သမီးသည် နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည်၏ အနီးယက်ကန်းသည်ရွာဝယ် ယက်ကန်းသည်အကြီးအကဲ၏အိမ်၌ ငါးရာတို့အနက် အကြီးအဆုံးဖြစ်လေ၏၊ တနေ့သ၌ ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် ဗာရာသီမင်းကြီး ပင့်ဖိတ်ချက်အရရွှေနန်းတော်တံခါးသို့ကြွရောက်တော်မူကြ၍နေရာထိုင်ခင်းပေးဖို့ဆွမ်းကျွေး
ဖို့ကိုထား ကြည့်ရုံမျှ ကြည့်မည့်သူ တဦးတယောက်ကိုမျှ မတွေ့ရသဖြင့် ပြန်နစ်တော် မူခဲ့ကြကာ မြို့မှ ထွက်ခဲ့ကြ၍ထိုယက်ကန်းသည်ရွာသို့ကြွရောက်တော်မူကြလေကုန်၏။ ထိုယက်ကန်းသည်မ အကြီးအကဲသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ဖူးမြင်ရလျှင်ပင် ချစ်ခင်ကြည်ညိုလျှက် ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ကာ ဆွမ်းအလှူ ဒါန ကို လှူဒါန်းဆက်ကပ်လေ၏။ပစ္စေကဗုဒ္ဓါအရှင်မြတ်ငါးရာတို့သည်ဆွမ်းဘုန်းပေးပြီးလတ်ကြ
သော်ဂန္ဓမာဒနတောင်သို့သာလျှင် ကြွသွားတော်မူကြလေကုန်၏။
“နောက်ဆုံးဘ၀ ဘိက္ခုနီမ ပြုခြင်း”
ထိုယက်ကန်းသည်မ အကြီးအကဲ အမျိုးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှ ရှေးကာလကပင် ဒေ၀ဒဟပြည် မဟာသုပ္ပဗုဒ္ဓသာကီဝင်မင်းကြီး၏ သမီးတော်အငယ် ဖြစ်လာလေသည် ။ ထိုမင်းသမီးငယ်၏ အမည်ကို “ဂေါတမီ” ဟူ၍မှည့်ခေါ်ကြလေသည်။မဟာမာယာမင်းသမီး၏ညီမတော်ဖြစ်လေသည်။ဗေဒင်ကျမ်းတတ် လက္ခဏာဖတ်ပုဏ္ဏားတို့သည်ထိုမင်းသမီးနှစ်ယောက်တို့၏လက္ခဏတို့ကိုစုံစမ်းကြည့်ရှုကြ
ကုန်လျက်“ဤမင်းသမီးညီမနှစ်ယောက်တို့၏၀မ်း၌ကိန်းနေလာသောသားတို့သည်
စကြတေး
မင်းများဖြစ်ကြလိမ့်မည်“ဟုနိမိတ်ဖတ်ကြလေကုန်၏။သုဒ္ဓေါဒနမင်းကြီးသည်အရွယ်သို့
ရောက်သောအခါထိုမဟာမာယာနှင့်ဂေါတမီမင်းသမီးညီအမနှစ်ယောက်လုံးကိုပင်ထိမ်းမြား
မင်္ဂလာမှုပြု၍မိမိ၏ကပိလတ်ရွှေနန်းတော်သို့ဆောင်ယူခဲ့လေ၏။ရွှေနန်းတော်သို့ရောက်လျင် မဟာမာယာမင်းသမီးကိုအဂ္ဂဒေ၀ီမဟာသီမိဖုရားခေါင်ကြီးအရာ၌တင်ထားလေ၏။
နောက်အဖို့၌ဆရာလေးတို့မြတ်စွာဘုရားအလောင်းတော်သည်တုသိတာနတ်ပြည်မှ
စုတေတော်မူခဲ့၍ မဟာမာယာမိဖုရားခေါင်ကြီး၏ ၀မ်း၌ပဋိသန္ဓေယူနေတော်မူလေ၏။
မဟာမာယာမိဖုရားကြီးသည်ဘုရားလောင်းတော်ကို မဟာသက္ကရာဇ်
၆၈ -ခုနှစ် ကဆုန်လပြည့်ဖွားတော်မူသည့်နေ့မှ နောက်ခုနှစ်ရက်မြောက် -ကဆုန်လပြည့်ကျော်ခုနှစ်ရက်နေ၌ နတ်ရွာစံ၍ တုသိတာနတ်ပြည်ဝယ်
သန္တုသိတနတ်သားဖြစ်လေ၏။မဟာမာယာဒေသ၀ီနတ်ရွာစံပြီးသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ညီမတော်ဂေါတမီ မိဖုရားကို အဂ္ဂဒေ၀ီ မဟေသီမိဖုရားကြီးအရာ၌ မြှောက်စားလေသည်။
မဟာမာယာမိဖုရားကြီးမှသားတော်ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကိုမီးရူးသန့်စင်
်ဖွားမြင်ပြီးနောက် နှစ်ရက် သုံးရက်မြှောက်တွင် မဟာမာယာဒေ၀ီ၏
ညီမတော် ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိဂေါတမီ
မိဖုရားမှနန္ဒမင်းသားကိုဖွားမြင်လေသည်။မဟာမာယာဒေ၀ီနတ်ရွာစံသောအချိန်တွင်ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားမှာ ခုနှစ်ရက်သား
သာ ရှိသေး၍ ညီတော်နန္ဒမင်းသားမှာ လေးရက် .ငါးရက်သားသာ
ရှိသေးသည်။မဟာမာယာဒေ၀ီနတ်ရွာစံသွားသောအခါမိထွေးတော် မဟာပဇာပတိဂေါတမိသည်မိမိ၏သားရင်းနန္ဒမင်းသားကို အထိန်းတော်များအားပေးအပ်ပြီးလျှင်မိမိကိုယ်တိုင်ဘုရားအလောင်းတူတော်၏ အထိန်းအယ ကိစ္စအ၀၀ကို ကိုယ်တိုင်ပြုလုပ်ကာ မိမိ၏ နို့ချိုအေးကို အလောင်းတော်အား တိုက်ကျွေးမွေးမြူခဲ့လေသည်။
နောင်တချိန်၌ ဘုရားအလောင်းတော်သည် တောထွက်၍ သဗ္ဗညူဘုရား အဖြစ်သို့ ရောက်တော်မူကာ သတ္တလောကကို ချီးမြှောက်မှု ပြုတော်မူလျှင်က အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ ပထမအကြိမ် ရောက်တော်မူ၍ နောက်တနေ့ဝယ် မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူလေ၏။ထိုအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် ဆွမ်းခံလမ်းခရီးအကြားမှာပင် တရားစကားနာကြားရ၍ သောတာပန် အရိယာ ဖြစ်လေသည်။ တိုနောက် နှစ်ရက်မြောက်နေ့၌ နန္ဒမင်းသား ရဟန်းပြု၍ ခုနှစ်ရက်မြောက်နေ့၌ ရာဟုလာမင်းသား ရှင်ပြုလေသည် ။
မြတ်စွာ ဘုရားသည် နောက်တချိန်ဝယ် ဝေသာလီပြည် မဟာဝုန်တော အတွင်း ကူဋာဂါရကျောင်းတိုက်၌၀ါကပ်ဆိုသီိတင်းသုံးနေထိုင်တော်မူ၏။
ထိုအခါသုဒ္ဓေါဒနမင်းကြီးသည် ကပိလတ်ပြည်ရွှေနန်းတော်အတွင်းမင်္ဂလာထီးဖြူတော်အောက်၌အရဟတ္တဖိုလ်သိုရောက်၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန် ၀င်စံလေသည်။ထိုအခါ မဟာပဇာပတိဂေါတမီ သည် ရဟန်းပြုရန်စိတ်အားသန်၍လာလေ၏ ။ ထို့နောင်မှ မဟာသမယသုတ်လာ သုတ်လာ ရဟန်းငါးရာတို့၏ကြင်ယာဟောင်းသာက၀ီင်မင်းသမီးငါးရာတို့သည်တစိတ်တည်းဖြစ်ကြကာ“ငါတို့သည်မဟာပဇာပတိဂေါတမီအထံသို့
သွားရောက်ကြ၍အားလုံးပင်ဘုရားရှင်အထံတော်၌ရဟန်းမပြုကြကုန်စို့”ဟုတိုင်ပင်ညီညွတ်ကြကာ မိထွေးတော်ကြီးကိုအကြီးအမှုးပြု၍ဘုရားထံသို့သွားရောက်ကြကာရဟန်းမ -ပြုလိုကြကုန်ဆဲဖြစ်ကုန်း၏ ။
မိထွေးတော်ကြီးသည်လည်းမထမအကြိမ်ကမြတ်စွာဘုရားကို ဘိက္ခုနီမ -ရဟန်းမ အဖြစ်ကို တောင်းပန်ပါသော်လည်း အခွင့်မရခဲ့သောကြောင့် ဤအကြိမ်၌မူ ဆတ္တာသည်ကို ခေါ်၍ ဆံတို့ကို ရိတ်ဖြတ်စေကာ ဖန်ရည်တပ်ဆိုးသောအ၀တ် တို့ကိုဝတ်ဆင်လျှက် ထိုသာကီဝင်မင်းသမီးငါးရာတှို့ကို ခေါ်ဆောင်ခဲ့ဖြစ်ပြီးလျှင် ခြေလျှင် ခရီးဖြင့် ဝေသာလီပြည့်သို့ သွားရောက်၍အရှင်အာနန္ဒာမထေရ်ကိုအကူအညီတောင်းယူကာမြတ်စွာဘုရားကိုတောင်းပန
်စေပြီးနောက် ဂရုဓံရှစ်ပါး တရားတို့ဖြင့် ရှင်အဖြစ် ရဟန်းအဖြစ်ကို ရယူလေ၏ ။ သာကီဝင်မင်းသမီးငါးရာတို့သည်ကား ရဟန်းယောက်ျား သံဃာတဖက်ဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိကြသည့် =ဧကတော ဥပသမ္ပန္နဘိက္ခုနီမ -များဖြစ်ကြလေသည် ။ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမသည်ရဟန်းမိန်းမဖြစ်ပြီးနောက်“သံခိတ္တသုတ်ဒေသနာ“
ကိုကြားနာရသဖြင့်အရဟတ္တဖိုလ်သို့ရောက်ရှိလေသည်၊သာကီဝင်မင်းသမီးငါးရာတို့သည်ကားနောက်အခါ၌နန္ဒကောဝါဒသုတ္တန်ကိုကြားနာရသဖြင့် မိမိတို့အလိုဆန္ဒအတိုင်း အချို့သောတာပန်၊ အချို့ သကဒါဂါမ်၊ အချို့ အနာဂါမ်၊ အချို့ ရဟန္တာဖြစ်ကြလေကုန်၏။
“ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း”
နောက်တချိန်၌မြတ်စွာဘုရားသည်ဇေတန်ကျောင်းတိုက်တော်၌သီတင်းသုံးနေတော်မူလျှက် ဘိက္ခုနီမတို့ကိုရာထူးဌာနန္တရ၌ထားတော်မူသည်ရှိသော်မိထွေးတော်ကြီးမဟာပဇာပတိဂေါတမီထေရီကို .
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီန့ ရတ္တညူနံ ယဒိဒံ မဟာကဇာပတိ ဂေါတမီ “ - ရဟန်းတို့ ..... ညဥ့်အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်မ - သာဝိကာ ဘိက္ခုနီမတို့တွင် မဟာပဇာပတိ ဂေါတမီထေရီသည် အသာဆုံး အမြတ်အဆုံး ဖြစ်ပေ၏”။ဟုချီးကျူးမိန့်မြတ်တော်မူကာ ရတ္တညူ=ရှည်သော ညဥ့် အပိုင်းအခြားကိုသောအရာ - ဘိက္ခုနီမ၀ါကြီးသောအရာ - ၀ယ် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏ ။
“ဂေါတမီထေရီ ပရိနိဗ္ဗာန်စံယူတော်မူခြင်း”
ထိုနောက် တနေ့သ၌ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမကြီးသည် မြတ်စွာဘုရားရှင်ဝေသာလီပြည်မဟာဝုန်တောရကျောင်းတိုက်၌သီတင်းသုံးနေတော်မူစဉ်မိမိကိုယ်တိုင်ကလည်းဝေသာလီပြည်အတွင်းဘိက္ခုနီမကျောင်းတိုက်၌နေထိုင်စဉ်(ထိုအချိန်၌ မိထွေးတော်ဂေါတမီသည်အသက်ကားနှစ်ပေါင်း ၁၂၀ ရှိလေပြီ ။ ဘုရားလက်ထက်တော်က ဘိက္ခုနီကျောင်းတိုက်ကိုမြို့တွင်း ရွာတွင်း၌ တည်ဆောက်ရသည်။)
တနေ့သ၌ မိထွေးတော်ဂေါတမီထေရီမကြီးသည် နံနက်အခါ ဝေသာလီပြည်တွင်း၌ ဆွမ်းခံလှည့်လည်ကာ ဆွမ်းဘုဉ်းပေးပြီးနောက် မိမိ၏ နေ့သန့်နေရာ၌ အချိန်ပိုင်းဖြင့် ဖလသမာပတ်ကို ၀င်စားပြီးလျှင် ထိုဖလသမပတ်မှ ထ၍ မိမိအကျင့်စဉ်ကို ဆင်ခြင်အောက်မေ့ကာ လွန်စွာဝမ်းမြောက်လျက်မိမိ၏ အာယုသင်္ခါရ ဇီဝိတသန္တာန်အစဉ်ကို ဆင်ခြင်ကြည့်ရှုလတ်သော် ထိုအာယုသင်္ခါရတို့ ကုန်နေပြီကို သိ၍“ငါသည် မဟာဝန်တောရကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန်စံဖို့ရန် ခွင့်ပြု - သိစေပြီး ၊ မနောဘာဝနီယ ဖြစ်တော်မူကြသည့် အဂ္ဂသာဝကနှစ်ပါး စသော မထေရ်မြတ်များ တည်းဟူသော သီတင်းသုံးဖော် အရိယာသံဃာတော်တို့ကို ပန်ကြားပြီးမှ ဤဘိက္ခုနီမကျောင်းသို့တဖန်ပြန်လာ၍ ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်မိလေ၏ ။ မိထွေးတော်ဂေါတမီကြီး၏ သန္တာန်မှာကဲ့သို့ ဤအတူပင် သာကီဝင်မင်းသမီးဘိက္ခုနီမ ငါးရာတို့၏ သန္တာန်မှာလည်း အကြံအစည် ဖြစ်ရှိလာလေသည်။
မိထွေးတောဂေါတမီထေရီမကြီး၏ စိတ်သန္တာန်၌ “ငါသည် သာတော်ဘုရား ,အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါး , မြေးတော် ရာဟုလာမထေရ် ,တူတော် အာနန္ဒာမထေရ် , သားတော် နန္ဒမထေရ် တို့၏ ပရိနိဗ္ဗာန်ဝင်စံခြင်းကို ဖူးမြင်ခွင့် ရတော့မည် မဟုတ် ၊သားတော်ဘုရား , အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါး,မဟာကဿပမထေရ်,တူတော်အာနန္ဒာမထေရ်သားတော်နန္ဒမထေရ် ,မြေးတော် ရာဟုလာမထေရ် တို့ ပရိနိဗ္ဗာန်စံတော်မမူကြမီအာယုသင်္ခါရကိုလွှတ်၍စောစောစီးစီးသားတော်ဘုရားခွင့်ပြုချက်ရယူပြီး ပရိနိဗ္ဗာန်စံယူတော့အံ့”ဟု အကြံဖြစ်သကဲ့သို့ ထိုအတူ ပင် သာကီဝင်မင်းသမီး ဘိက္ခုနီမငါးရာတို့၏ စိတ်သန္တာန်မှာ လည်းအကြံအစည် ဖြစ်လေသည်။ ထိုအခါ မြေငလျှင်
ပြင်းစွာတုန်လှုပ်၏ ။ ကောင်းကင်မှ အခါ မဟုတ် မိုးတစ်ချုန်း၏ ၊ ကျောင်းစောင့်နတ်တို့ ငိုကြွေးကြလေ၏ ။ ဘိက္ခုနီမငါးရာတို့ မိထွေးတော်ဂေါတမီမကြီးထံ သွားရောက်၍ ထိုအကြောင်းကို ပြောကြားကြသည်တွင် မိထွေးတော်ထေရီမကြီးက မိမိအကြံအစည်ဖြစ်ရှိသည်ကို ပြန်ကြားပြောဆိုလေ၏ ။ ဘိက္ခုနီမငါးရာတို့ကလည်း မိမိတို့လည်းထိုနည်းပင်အကြံအစည် ဖြစ်ရှိသည်ကို ပြန်ကြားပြောဆိုကြပြီးနောက် ဘိက္ခုနီမအားတို့ပင် ကျောင်းစောင့်တို့ကို အပြစ်ရှိခဲ့က သည်းခံ ကြရန် တောင်းပန်ပြီး ဘိက္ခုနီမကျောင်းတိုက် ကို နောက်ဆုံးကြည့်ရှုကာ မိထွေးတော် ထေရီမကြီးက ----
“န ဇရာမစ္စု ၀ါယတ္တ၊ အပ္ပိယေဟိ သမာဂမော။
ပိယေဟိ န ၀ိယောဂေါတ္ထိ ၊ တံ ၀ဇိဿံ အသင်္ခတံ ။
ငါသည် အိုခြင်းကင်းရာ . သေခြင်းကင်းရာ . မနှစ်သက်အပ်သည့် သတ္တ၀ါ . သင်္ခါရတို့နှင့် တွေ့ဆုံရခြင်း ဆင်းရဲကင်းရာ. နှစ်သက်အပ်သည့် သတ္တ၀ါ . သင်္ခါတို့နှင့် ကွေကွင်းရခြင်း ဆင်းရဲကင်းရာ အသင်္ခတဓါတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ သွားရောက်တော့အံ့” ----ဟူသော ဂါထာရွတ်ဆိုပြီး ကြားကြာုးသမျှ ရာဂ မကင်းကြသူနတ်လူအားလုံးတို့ပင် သည်းစွာငိုကြွေးကြလေသည်။။

မြို့လယ်လမ်းမကြီးအတိုင်း ဘိက္ခုနီမများ
ထွက်လာကြသောအခါမှာလည်း သဒ္ဓါတရား အားကြီးကြသူ ဥပါသိကာတို့ အိမ်မှထွက်၍ ဂေါတမီထေရီမကြီး၏ ခြေရင်း၌ တုပ်ဝပ်ကြကာ ဖွဲ့နွဲ့ ငိုကြွေးကြလေသည် ။
မိထွေးတော်ဂေါတမီထေရီမကြီးသည်ထိုဥပသကာတို့၏သောကကိုပယ်ဖျောက်နိုင်ရန်လည်း တရားဟောတော်မူခဲ့ရသေး၏ ။
မိထွေးတော် ဂေါတမီထေရီမကြီးသည် ဝေသာလီပြည်သူဥပါသိကာတို့ကို တရားဟောပြ နှစ်သိမ့်စေပြီးနောက်မြတ်စွာဘုရားတံတော်သို့ရောက်သောအခါ“အဟံသုဂတ တေမာတာ၊ တွံစ ၀ီရပိတာမမ”အစရှိသော ဂါထာများစွာ တို့ဖြင့် ဖွဲ့ဆိုလျှောက်ထားကာ ပရိနိဗ္ဗာန်စံလိုကြောင်း ခွင့်တောင်း. ကန်တော့ပြီးနောက် မြတ်စွာဘုရားက ခွင့်ပြုဂါထာ မိန့်ဆိုတော်မူလေသည်။
ထိုနောက်ရဟန်းသံဃာ,အရှင်ရာဟုလာ,အရှင်အာနန္ဒာအရှင်နန္ဒတို့ကိုလည်းရိုသေစွာရှိခိုး၍ “အာသီဝိသာလယသမေ” စသော ဂါထာတို့ဖြင့် ခန္ဓာ၏ အပြစ်ကို ဖော်ပြကာ မိမိ ပရိနိဗ္ဗာန်ဝင်စံလိုကြောင်း ခွင့်တောင်းပြန်လေသည် ။ အရှင်အာနန္ဒမထေရ် . အရှင်ရာဟုလ မထေရ်တို့မှာ ရဟန္တာဖြစ်ကြ၍ ဓမ္မသံဝေဂဖြစ်ရှိကြသော်လည်း အရှင်အာနန္ဒာသည်ကား သေက္ခအရိယာဖြစ်၍ “ဟာ သန္တိံဂေါတမီယာတိ” စသော ဂါထာကို ရွတ်ဆိုကာ သည်းစွာ ငိုကြွေးလေသည်။ ထေရီမကြီးသည် တူတော်အရှင်အာနန္ဒာမထေရ်ကိုလည်း မျက်ရည်သိမ်းတရားများ ဟောကြားပြီးမှ မြတ်စွာဘုရားရှင်က-------
“ထီနံ ဓမ္မာဘိသမယေ ၊ ယေ ဗာလာဝိမတိ့ဂတော ။
တေသံ ဒိဋ္ဌပ္ပဟာနတ္ထံ ၊ ဣဒ္ဓိံ ဒေဿဟိ ဂေါတမိ။
ဂေါတမီခေါ် မိထွေးတော် .....မာတုဂါမ မင်းမိန်းမတို့ဤငါဘုရားသာသနာဝယ် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း၌ သို့လောသို့လော တွေးတောယုံမှား ကြသည့်ဉာဏ်ပညာနည်းပါးသော သူတို့၏အယူမှားကို ပယ်ရှားဖို့ရန် တန်းခိုးဣဒ္ဓိကို ပြဦးလော့” ........
ဟုတိုက်တွန်းတော်မူသဖြင့် အသက်၁၂၀ ရှိပြီးဖြစ်သော ထေရီမကြီးသည် ဣဒ္ဓိဝိဒအဘိညာဏ်ခဏ်း၌ လာရှိသည့် ..တပါးတည်းက အများဖြစ်ခြင်း၊ အများကြီးက တပါးဖြစ်ခြင်း၊ပေါ်ခြင်း၊ပျောက်ကွယ်ခြင်း၊နံရံတဖက်တောင်တဖက်သို့မကပ်သွားခြင်းစသော တန်းခိုးတို့ကို ပြသသည့်ပြင် မြင်းမိုရ်တောင်ကို ထီးရိုး . မဟာပထ၀ီမြေကြီးကို ထီးရွက်ပြု၍ အထက်အောက်ပြန်လှန်ကာ ကောင်းကင်၌ ထီးသဖွယ်ဆောင်း၍ စင်္ကြံလျှောက်ကာ ပြသလေသည် ၊ နေ ၆ စင်းထွက်သောအခါကဲ့သို့ သြကာသ လောကတခုလုံး အခိုးတွေဖုံးနေပုံကိုလည်းဖန်ဆင်းပြသလေသည်။ဤသို့စသည်များစွာသောတန်ခိုးဣဒ္ဓိတို့ကို ပြပြီးနောက် ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရားကို ရှိခိုးပြီးကာ လျှောက်ပတ်ရာ၌ ထိုင်နေလျက်“သားတော်ဘုရား...တပည့်တော်မ =မိထွေးတော်ကြီးသည် အသက်နှစ်ပေါင်း၁၂၀ ရှိပါပြီ၊ အိုမင်းလှပါပြီး ဤမျှဖြင့် သင့်တော်လောက်ပါပြီ ။ သားတော်ဘုရား.. ပရိနိဗ္ဗာန် ၀င်စံပါရစေတော့” ဟု လျှောက်ထားလေ၏
ထိုအခါ စည်းဝေး ရောက်ရှိလာသော ပရိသတ်က အလွန်အံ့သြ၍ “ဂေါတမီထေရီ အရှင်မကြီးဘုရား ...ဘယ်ပုံကောင်းမှု အဓိကာရကုသိုလ်ကိုပြုခဲ့၍ ဤမျှလောက်တုမရသည့် တန်းခိုးလုံ့လနှင့်ပြည့်စုံရပါသနည်း“”ဟု မေးလျှောက်ပြန်သဖြင့် ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်ကစခဲ့သည့်မိမိ၏ကျင့်စဉ်အပါဒါန်ကိုယခုနောက်ဆုံးမစ္ဆိမဘတိုင်အောင်ဂါထာများစွာတို့ဖြင့်အကျယ်ဟောပြရပြန်သည်။ ............ထိုနောက်ဘိက္ခုနီမငါးရာတို့သည်လည်း ကောင်းကင်သို့ပျံတက်ကြကာ ကြယ်တရာတို့ကို စုရုံးသီကုံး၍ ထားသကဲ့သို့ အလွန်တင့်တယ်လှစွာ တန်းခိုးဣဒ္ဓိအမျိုးမျိုးတို့ကို ပြကြ၍ ကောင်းကင်မှ ဆင်းသက်ကြကာ မြတ်စွာဘုရားရှင်ခွင့်ပြုချက်အရ ဘုရားကို ရှိခိုးကြပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ထိုင်နေကြပြီးလျှင်မိထွေးတော်ဂေါတမီထေရီမကြီး၏ကျေးဇူးမိမိတို့အပေါ်၌အလွန်များလှကြောင်း ဖွဲ့ဆိုလျှောက်ထားကြ၍မြတ်စွာဘုရားကိုမိမိတို့ပရိနိဗ္ဗာန်စံင်ရန်ခွင့်တောင်းလျှောက်ထားကြလေသည် ။
မြတ်စွာဘုရားက “ယဿဒါနိ ကာလံဝေါ မညထ=ဘိက္ခုနီမတို့... သင့်တို့၏ ပရိနိဗ္ဗာန်စံရာအချန်ကိုသင်တို့ပင်သိကြကုန်၏ဟု”မိန့်တော်မူလေလျှင်ထိုဘိက္ခုနီမအားလုံးတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ နေရာမှထကာ ပြန်လာကြလေကုန်၏ ။ မြတ်စွာဘုရားသည် ပရိသတ်များစွာဖြင့် မိထွေးတော်ကြီးကို တောရကျောင်းတိုက်တံခါး မုခ်အရောက် လိုက်၍ပို့တော်မူလေသည်။ တံခါးမုခ်သို့ရောက်သောအခါ မိထွေးတော်ကြီးသည် မြတ်စွာဘုရားခြေတော်ရင်း၌ ၀ပ်စင်း၍ ဘိက္ခုနီမငါးရားတို့နှင့် အတူတကွ နောက်ဆုံးရှိခိုးခြင်းဖြင့်ရှိခိုးပြီးလျှင်သောလီပြည်အတွင်းဘိက္ခုနီမကျောင်းတိုက်သို့သွားရောက်၍
ဘိက္ခုနီမအားလုံးပင်မိမိတို့၏ကျောင်းအသီးအသီး၌တင်ပလ္လင်ထက်ဝက်
်ဖွဲ့ခွေထိုင်နေကြလေသည်။
ထိုအခါ သာသနာကိုကြည်ညိုကြသည်ဥပါသိကာမတို့သည် ပရိနိဗ္ဗာန်စံကြတော့မည်ကို သိကြ၍ ရှိခိုးပူဇော်ရန်ဆည်းကပ် ရင်ဘတ်ကိုတီးခတ်ကြလျှက် အမြစ်ပြတ်သော နွယ်သစ်ပင်ကဲ့သို့မြေတွင်ဗုန်းဗုန်းပစ်လှဲကာငိုကြွေးကြကုန်၏။ မိထွေးတော်ထေရီမကြီးသည် အကြီးဆုံးပဓာနဖြစ်သည့် ဥပါသိကာမ၏ ဦးခေါင်းကို ယုယကိုင်သပ်လျက် ------
“အလံ ပုတ္တ ၀ိသာဒေန ၊ မာရပါသာနုဝတ္တိနာ ။

အနိစ္စံ သင်္ခတံ သဗ္ဗံ ၊ ၀ိယောဂန္တံ စလာစလံ ။

သမီးတို့.... မာရ်မင်းကျော့ကွင်းသို့ လိုက်ပါခြင်းဖြစ်သည့် ငိုယိုမြည်တမ်း ပင်ပန်းခြင်းဖြင့် အကျိုးမရှိ ၊ အကြောင်းပြုမှ ဖြစ်ခွင့်ရသည့် သင်္ခါရဥဿုံ အလုံးစုံသည် အမြဲမရှိ၊ ကွေကွင်းရခြင်းအဆုံးရှိ၏ ။ တလျှပ်လျှပ် တုန်လှုပ် ဖောက်ပြန်တတ်၏ ။ဟု ဟောပြောဆုံးမ၍ အိမ်သို့ပြန်ကြရန် စေလွှတ်ပြီးလျှင် ရူပါဝစရ ပဌမဈာန် မှ နေ၀သညာနာသညာယတနဈာန် တိုင်အောင် (တဖန်) ထိုနေ၀သညာနာသညာယတနဈာန်မှ ပဌမဈာန်တိုင်အောင် လောကီဈာန်သမာပတ် ရှစ်ရပ်တို့ကို အနုလုံ. ပဋိလုံ = အစုံ .အဆန် ၀င်စား၍ (တဖန်) ပဌမဈာန် မှသည် စတုတ္ထဈာန်တိုင်အောင် ၀င်စား ပြန်၍ စတုတ္ထဈာန်မှ ထပြီးသော် ဆီနှင့် ဆီမီးစာ ကုန်၍ ဆီမီးတောက်မီးလျှံငြိမ်းသကဲ့သို့ အနုပါဒိသေသ နိဗ္ဗာနဓါတ်ကို ယူသိမ်း အငြိမ်းကြီး ငြိမ်းလေ၏ ။ အကြွင်းသော အနွယ်သာကီ ဘိက္ခုနီမငါးရာတို့သည်လည်း ထိုကအတူ နိဗ္ဗာန်ယူသိမ်းငြိမ်းကြလေကုန်၏ ။
ိ ထိုအခါ ပြင်းစွာမြေလှုပ်ခြင်း ၊ ကောင်းကင်းမှ ဥက္ကာကျခြင်း၊ နတ်မိုးနတ်စည် ချုန်းမြည်ခြင်း၊ နတ်တို့ ငိုယိုမြည်တမ်း ခြင်း ၊ပန်းမိုးရွာခြင်း ၊ ပွဲသဘင်အလယ် ကချေသည် ကဲ့သိုက မြင်းမိုရ်ဏ္ဍိုင်ယိမ်ယိုင်တုန်လှုပ်ခြင်း၊ စိုးရိမ်သည့်ပမာ သမုဒြာအော်မြည်ခြင်း၊ နဂါး အသုရာ နတ်ဗြဟ္မာတို့ ထိတ်လန့်သံဝေဂ ရရှကြ၍ “အနိစ္စာဝတ သင်္ခါရာ၊ ယထာယံဝိလယံ ဂတာ” ဟု သံဝေဂစကားမြွက်ဆိုခြင်း စသည့်အထူးထူး အလည်လည် အံ့သြဖွယ်တို့သည် ဖြစ်ကုန်၏ ။
ထိုအခါ နတ်၊ ဗြဟ္မာ တို့သည် မိထွေးတော် ဂေါတမီထေရီမကြီးနှင့်တကွ သာကီဝင်မင်းသမီးဘိက္ခုနီမငါးရားတို့ပရိနိဗ္ဗာန်စံကြပြီဖြစ်ကြောင်းမြတ်စွာဘုရားရှင်သို့ဆည်းကပ်၍ လျှောက်ထားကြကုန်၏”မြတ်စွာဘုရားသည်ရဟန်းတို့အား အကြောင်းကြားချေ”
ဟုအရှင်အာနန္ဒာကိုစေလွှတ်၍ရဟန်းသံဃာအများနှင့်တကွဘုရားရှင်ကိုယ်တော်တိုင် ကြွတော်မူပြီးလျှင် (၁) ရှေ့ဆုံးမှ လူ .နတ် .နဂါး .အသုရာ.ဗြဟ္မာများ၊(၂)ထိုနောက်မှဝိသုကြုံ
ဖန်ဆင်းအပ်သည့်ရွှေသားအလောင်စင်ပြာသဒ်ငါးရာတို့၏အလောင်းစင်ပြာသဒ်တို့ကိုနတ်တို့
ကထမ်းလျက်လည်းကောင်း၊(၃)ထို့နောက်မှမိထွေးတော်ဂေါတမီထေရီ၏အလောင်းစင်ပြာသာဒ်ကို
လောကပါလနတ်မင်းကြီးလေးယောက်တို့ကထမ်းလျှက်လည်းကောင်း၊ (၄)ထို့နောက်မှ သံဃာတော် များနှင့် မြတ်စွာဘုရားရှင် လိုက်ပါတော်မူလျက်လည်းကောင်း ၊ အစီအစဉ်အတိုင်းလမ်းတလျှောက် ကောင်းကင်အပြည့်ဗိတာန်မျက်နှာကြက်မိုးကာ၊ ကြက်လျှာ၊အလံတံခွန်ထူစိုက်၊မြေ၌ပန်းမွေ့ရာကြဲမြှောက်၊အောက်သို့တွဲလျားကျသည့်
ကောင်းကင်ပဒုမာ ၊ အမျိုးမျိုးသောပန်းနံ့သာ၊ သာယာချိုအေးသောတူရိယာ၊ သီချင်း၊ ကခြင်းအမျိုးမျိုးတို့ဖြင့် ပူဇော်ချီးမြောက်ကြ၍ သုဿန်သင်းချိုင်းမြေလုပ်တိုင်းသို့ရောက် ပို့ဆောင်ကြလေကုန်၏ ။
ထိုသို့ ပို့ဆောင်သောအခါ လ. နေ တို့ကို လူအများမြင်နေကြရ၏။ကြယ်နက္ခတ်တို့လည်း တောက်ပလျက်ရှိကုန်၏ ၊ နေသည်မွန်းတည့်ချိန်ဖြစ်သော်လည်း လကဲ့သို့ အေးမြ၍ နေ၏ ၊ မိထွေးတော်၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ် ခဏ်းလောက်မြတ်စွာဘုရား၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ်ခဏ်းမှာ အံ့ဖွယ်သရဲ မများလှချေ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်လားတော်မူရာ၌ ကိုယ်တော်တိုင်လည်းမကြပ်မတ်မစီရင် ၊ အရှင်သာရိပုတ္တရာ စသည်တို့လည်း မကြပ်မတ် မစီရင်ကြကုန် ။ မိထွေးတော်ဂေါတမီ နိဗ္ဗာန်လားရာ၌ကား မြတ်စွာဘုရားရော အရှင်သာရိပုတ္တရာ - စသည်တို့ပါ ကြပါမတ်စီရင်ကြကုန်၏ ။
သုသာန်သင်းချိုင်းသို့ ရောက်သောအခါ နံ့သာထင်းပုံထက်သို့တင်၍ မီးသင်္ဂြိုဟ် ပြီးလျှင် အရှင်အာနန္ဒာသည် ဂေါတမီထေရီ၏ အရိုးဓါတ်တို့ကို ယူကိုင်လျှက်
ဂေါတမီ နိဓနံ ယာတာ ၊ဍ္ဍယှဉ္စဿာ သရီရကံ။
သင်္ကေတံ ဗုဒ္ဓနိဗ္ဗာနံ ၊ န စိရေန ဘ၀ိဿတိ။
ဂေါတမီ = ဂေါတမီခေါ် မိထွေးတော်သည် ။ နိဓနံ=ပျက်ဆုံးကွယ်စဉ် နိဗ္ဗာန်ဝင်ခြင်းသို့ ။ ယာထာ = ရောက်ရှာလေပြီ ။ အဿာ= ထိုမိထွေးတော်ဂေါတမီ၏ ။ သရီရကဉ္စ = ဥတုဇခေါ်ဆို ရုပ်ကိုယ်အစုကိုလည်း ။ ဍ္ဍယှ့ =မီးဖြင့်လောင်အပ် ကျွမ်းပြက်ခဲ့လေပြီ ။ သင်္ကေတံ= ယုံမှားမကင်းတွေးတောခြင်းဖြင့် မှတ်အပ်သော ။ ဗုဒ္ဒနိဗ္ဗာနံ =ငါတို့ဆရာ မြတ်စွာဘုရား နိဗ္ဗာန်လားခြင်းသည် ။ နစိရေန = မကြာမြင့်မီ။ ဘ၀ိဿတိ= ဧကန်စင်စစ် ဖြစ်လိမ့်တကား ..ဟု သံဝေဂစကား ညည်းတွားပြောဆိုပြီးလျှင် မိထွေးတော်၏ သပိတ်၌ အရိုးဓါတ်တို့ကိုထည့်ကာ မြတ်စွာဘုရားအားဆက်ကပ်လေ၏ ။ ထို မြတ်စွာ ဘုရားသည် မိထွေးတော်၏ အရိုးဓါတ်တို့ကို လက်တော်ဖြင့် ကိုင်ယူပြသတော်မူကာ စည်းဝေးရောက်ရှိလာသော လူ၊ နတ်၊ဗြဟ္မာ ပရိသတ်အား --
မဟာတော သာရ၀န္တဿ ၊ယထာ ရုက္ခဿ တိဋ္ဌတော ။
ယော သောမဟတ္တရော ခန္ဓော ပလုဇ္ဇေယျ အနိစ္စတာ။
တထာ ဘိက္ခုနိသံဃဿ၊ ဂေါတမီ ပရိနိဗ္ဗုတာ ။
သာရ၀န္တဿ = အနှစ်သာရ ပြည့်သသော ။ တိဋ္ဌတော = မြဲမြံခိုင်ခံ့ တည်တံ့သော ။ မဟတော်ရုက္ခဿ= သစ်ပင်ကြီး၏။ ယောခန္ဓော =အကြင် ပင်စည်သည် ။ မဟတ္တရော= အလွန်ပြန့်ပွါးစည်ကားကြီးကျယ်၏ ။သောခန္ဓော = ထိုကြီးကျယ်စည်ကား ပြန့်ပွါးသော ပင်စည်သည် ။အနိစ္စတာ- အနိစ္စတာယ = ပင်ကိုယ်သူ့သဘော မမြဲလေသောကြောင့် ။ ပလုဇ္ဇေယျ ယထာ= ထိုအတူ ဘိက္ခုနိသံဃဿ = သစ်ပင်ကြီးပမာ ဘိက္ခုနီသံဃာ၏ ။ ခန္ဓသဒိသာ=ပင်စည်နှင့်မူ အလားတူသော ။ ဂေါတမီ = ဂေါတမီခေါ်မိထွေးတော်သည် ။ ပရိနိဗ္ဗုတာ= နိဗ္ဗာန်ယူသိမ်း ငြိမ်းလေပြီတကား .......
ဤသို့ အစရှိသော (၁၀) ပါထာတို့ဖြင့် တရားဟောပြ ဆုံးမတော်မူလေသတည်း ။။။။။။။

ဒီနေ့ရောက်လာ ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာ ကြပါစေ။

မေတ္တာဖြင့်

ထားဝယ်ဆရာလေး

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .