တာဝန်ကိုယ်စီရှိကြသည်*

နတ်ပြည်ခြောက်ထပ်ရှိ နတ်သား နတ်သမီးတို့ သည် မိမိတို၏
နတ်ဘ၀အတွက် အလုပ်လုပ်စရာ မလိုဘဲ ရှေးဘ၀က ပြုခဲ့သော
ကုသိုလ်ကံအကျိုးကြောင့် နတ်စည်းစိမ်နတ်ချမ်းသာ ကို ခံစားရသူများ
ဖြစ်၍ " ပုညဖလူပဇီဝိ" ပုဂ္ဂိုလ်များ ဖြစ်သည် ၊
လူတို့ သည် ကား
ယင်းသို့ မဟုတ်မူ၍ ထကြွလှုပ်ရှားရုန်းကန်ကြိုးစား ခြင်းဖြင့် မိမိတို့ ၏
လူ့ ဘ၀ရှင်သန်တည်တံ့ရေးကို လုပ်ဆောင်ရသူများဖြစ်၍ "ဥဋ္ဌာနဖလူပဇီဝီ"
ပုဂ္ဂိုလ် များဖြစ်ကြသည်ဟု ဘုရားရှင် မိန့် ကြားတော်မူခဲ့ပါသည်။


လူသားများစုသည် သိတတ်သော အရွယ်မှစ၍ ပညာသင်ယူကြရသည်၊
အသိပညာအတတ်ပညာရရှိ၍ အရွယ်သို့ ရောက်သောအခါ သက်မွေးဝမ်း
ကြောင်းလုပ်ငန်းကို ဆောင်ရွက်ကြရသည် ၊၊
အိမ်ထောင်ကျသော အခါ တွင်မူ မိမိအတွက်သာ မဟုတ်မူ၍ အိမ်ထောင်ဦးစီး ၊
အိမ်ရှင်မအဖြစ်ဖြင့် မိသားစုစားဝတ်နေရေး ၊ ကျမ္မာရေးအတွက်ပါ
ဆက်လက်ရုန်းကန်ရပြန်သည် ၊၊

တာဝန်ကျေပွန်သည်နှင့်အမျှ မချမ်းသာသော်လည်း မိသားစုတို့  ၀မ်းမြောက်
ပျော်ရွှင်ကြရသည် ။

ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလေးစား၍ ရှင်အဖြစ် ရဟန်းအဖြစ်ကို ခံယူ
တော်မူကြသော သာသနာတော်ဝန်ထမ်း ရှင် ရဟန်းတို့ သည်လည်း ရှင်ဘဝ
ရဟန်းဘ၀ အတွက် လိုက်နာရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်ဆောင်လျှက်
ပရိယတ်ကျမ်းစာများကို အပတ်တကုတ် ကြိုးပမ်းအားထုတ်တော် မူကြရသည်။

စာပေကျွမ်းကျင် တတ်မြောက်လာသောအခါ မိမိတို့ ကဲ့သို့  ဗုဒ္ဓသာသနာတော်
ကို ကြည်ညို၍ သာသနာတော်ကို ဆက်လက်တာဝန်ယူရွက် ဆောင်မည့်
သာသနာ့မျိုးဆက်သစ်များ ပေါ်ထွက်လာအောင် စည်းရုံးစုဆောင်းကြရသည် ၊
ဤသို့ ဖြင့် မြန်မာနိုင်ငံတော်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သည်
ရှေးပုဂံခေတ်မှစ၍ ယနေ့ အထိ တည်တံ့ရှင်သန်ထွန်းကားနေပေသည်။

သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီးတို့ သည်လည်း မိမိတို့ ကိုယ်တိုင်
သီလရှင်တို့ လိုက်နာရမည့် ကျင့်ဝတ်ကို ကြိုးပမ်းကျင့်ဆောင်လျှက်
ပရိယတ်စာပေကို သင်ယူဆည်းပူး ကြသည် ၊ စာပေကျွမ်းကျင်လာသော
အခါသာသနာ့နွယ်ဝင် မျိုးဆက်သစ် သီလရှင်များ ဆက်လက်ပေါ်
ထွက်ရေးအတွက် ပရိယတ္တိစာသင်တိုက်များ တည်ထောင်ကာ စာပေ
ပို့ ချ၍ ပြု စုပျိုးထောင်လာကြသည် ။
ဤသို့  ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် သီလရှင်စာသင်တိုက်များ ၊
သာသနာ့နွယ်ဝင် သီလရှင်များ အဆက်မပြတ်ပေါ်ထွက်တည်တံ့နေကြသည် ။

.."အချိန်ကာလ၏ တိုက်စား မှုသည် အရာရာ ကို ပြောင်းလဲစေနိုင်သည"်..ဟု
ဆိုရိုးစကား ရှိသော်လည်း ယင်းချိန်ကာလသည် သာသနာ့ပြုလုပ်ငန်းနှင့်
ဦးဆောင်သီလရှင် ဆရာကြီးဆရာလေး တို့ ၏ သာသနာပြု့ စိတ်ဓါတ်ကိုတော့
မပြောင်းလဲစေနိုင်ခဲ့ပါ ။

သာသနာပြု .. ဟူသောစကားကို လွယ်လွယ်ကူကူတွင်တွင် ကျယ်ကျယ်
အသုံးပြုလျှက်ရှိသည် ။
သာသနာပြု -ဟူသည် ဗုဒ္ဓရှင်တော်ဘုရား၏
အဆုံးအမကို လိုက်နာကျင့်ဆောင်မည့်သူများပေါ်ထွက်လာအောင်
ဟောပြောစည်းရုံးခြင်းဖြစ်ရာ အပြောလွယ်သလောက် အလုပ်ခက်လှပါသည် ။

ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ရတော်မူပြီးအစ ပထမတစ်ဝါတွင်း တပည့်
ရဟန္တာ ၆၀ -ပေါ်ထွက်လာခဲ့ပါသည် ။ ၀ါကျွတ်သောအခါ ထိုရဟန္တာ ၆၀- ကို
သာသနာပြု စေလွှတ်တော် မူပါသည် ။ ထိုတပည့်အရှင်မြတ်တို့ သည်
မိမိတို့  ကိုယ်တိုင် အရဟတ္တဖိုလ်ကို ရရှိတော်မူကြပြီးဖြစ်၍ "ကတံ ကရဏီယံ"
ပြုကျင့်ရမည့် ကိစ္စကို ပြုခဲ့ပြီးဖြစ်သည် ။ "၀ုသိတံ ဗြဟ္မစရိယံ"(မြတ်စွာဘုရား၏
အဆုံးအမ .သာသနာ . ကို အပြီးအတိုင် လိုက်နာကျင့်သုံးပြီးဖြစ်သည်) ရဟန္တာအရှင်
သူမြတ်တို့ ကဲ့သို့ သော သာသနာပြုခြင်းသည် အခက်ဆုံးဖြစ်ပေသည် ။

သာသနာပြုဆိုင်ရာ အခက်အခဲ များစွာအနက် ပရိယတ္တိသာသနာ့တာဝန်
ကိုထမ်းဆောင်ခြင်းလည်း ပါဝင်ပေသည် ။

ဦးစွာ ပထမ ကိုယ်တိုင် နားလည်သိ မြင် တတ်ကျွမ်းလာအောင်
ကြိုးပမ်းသင်ယူရသည် ။

သိရုံ တတ်ရုံမျှသာမဟုတ် သာသနာ့တာဝန်ကို ထမ်းဆောင်မည့်
တပည့်များအပေါ် စေတနာ ၊ ၀ါသနာ ၊ အနစ်နာ ဟူသော ဆရာတို၏
နာသုံးနာကို အရင်းတည်ကာ စိတ်ရှည်စွာထား၍ သင်ကြားပို့ ချပေးရသည် ၊

ယင်းမှာလည်း စေဒနာဝန်ထမ်းသက်သက်သာဖြစ်ပြီး အစာလည်းကျွေး အ၀တ်ပေးပြီး ကျန်းမာရေးအတွက်လည်း မိဘသဖွယ်စောင့် ရှောက် ပေးရသည် ၊

သာသနာ့နွယ်ဝင်ဖြစ်သည်နှင့် လျော်ညီစွာယဉ်ကျေး လိမ္မာ အောင်
အပြောအဆိုအနေအထိုင်သိမ်မွေ့ တည်ကြည်အောင် ဆုံးမသွန်သင်ပေးရသေး
သည် ။
ဤသိုသော်တာဝန်ကို ဦးစီးဥိီးဆောင်ဖြစ်သော ဆရာကြီးများ နှစ် လရှည်ကြာ
ဆောင်ရွက်လာခဲ့ကြပါသည် ၊ သီလရှင် ဆရာကြီးတို့ သည် ယင်းတာဝန်များကို
မညည်းမညူဆင်းရဲခံကာ ဆရာလေး (စာရေးသူ)ကဲ့သို့ သော တပည့်တို့ ၏
အကျိုးစီးပွားနှင့် သာသနာရေးဆိုင်ရာ တာဝန်များစွာတို့ ကို ကာလကြာရှည်စွာ
ဆောင်ရွက်တော်မူလာခဲ့ကြပါပြီ ၊၊

ဆရာလေး (စာရေးသူ)သည် ငယ်စဉ်ဘ၀ဆရာကြီးတို့ ၏ မေတ္တာရိပ်ကို ခုံလှုံ၍
ပညာနို့  ရည်သောက်စို့ ခဲ့ရပါသည် ။ ယခုအခါ တွင် ပရိယတ္တိသာသနာ့တာဝန်ကို
တစ်ပိုင်တစ်နိုင်မျှ ထမ်းဆောင်လျှက်ရှိပါသည် ။

မြန်မာနိုင်ငံတွင် သာသနာနွယ် ၀င်သီလရှင် မျိုးသမီးသာသနာထွန်းကားလာသည်မှာ
လည်း ပရိယတ္တိ ပဋ္ဋိတ္တိ သာသနာပြု လုပ်ငန်းများကို ကြိုးစားအားထုပ်၍
ရွှေဖလားထဲက ပရိယတ္တိ ပဋ္ဋိတ္တိ ဟူသောအသီးအပွင့်စုံသည့် လှပတင့်တယ်သည့်
သာသနာရွှေပန်းခိုင်များစွာ ပေါ်ထွက်သည်ကိုလည်း ယုံကြည်လေးစား စွာဖြစ်
ပီတိဖြစ်နေရပါသည်။

ဆရာလေးရဲ့  စာဖတ်မိတ်ဆွေများ
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ကြပါစေ။~~~~

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .