တို့ မြန်မာ ပြည်သူပြည်သားများဘေးရန် အပေါင်းမှ လွတ်မြောက်ကြပါစေ

အနေဝေးပေမယ့် အဝေးနေ တာမဟုတ်ပါဘူး ။အနှေးနဲ့အမြန် ပြန်ဆုံ မှာပါ။~~~~ I will come to you sooner or later~~~~ဒို့မြန်မာပြည်သူ ပြည်သားတွေ သဘာဝ ဘေးဒဏ်ကို ကြုံတွေ့ နေရခိုက် ဒီဘလော့ဂ် ကိုရေးဖြစ်တာပါ ။ တကယ့်ကိုကိုယ်ချင်းစာ မိပါတယ် ။ ရင်နှစ်စရာကောင်းတဲ့ မြင်ကွင်းတွေကိုတွေမြင်ရတိုင်း အတွေး မျိုးစုံကို တွေးပြီး သံသယ စိတ်တွေ ဖြစ်လာတာတော့ အမှန်ပါဘဲ`~~~ ဆရာလေးလိုဘဲ တွေးမိသူတွေ ရှိမှာဘဲ လို ထင်ခဲ့တယ်၊အားမငယ်ပါနဲ့ ~`အားကိုလည်း တင်းထားပါလို့ ပြောလိုက်ပါရစေ ။ အကောင်းဆုံးဖြစ်လာဖို့တွက် အဆိုးဆုံးကို ရင်ဆိုင် နေရတယ်လို့လည်း ထပ်ပြောလိုက်ပါရစေ..လောကရဲ့ သဘာဝ တရားဟာ ---မကြံစည်ဘဲလျက်လည်း ဖြစ်တတ်၏ ။It may pappen though not planned.ကြံရွယ်ထားလျက်လည်း ပျက်တတ်၏ ။what is planned may fail. စည်းစိမ်ချမ်းသာ ဟူသည် ကြံစည် ကြိုးစား တိုင်းမရနှိင်။whealth may not be obtained whenevertired.အားလုံးဘဲ တရားသဘောနဲ့ ဖြေနှိင် ပြီး သောက ကင်ဝေးပါစေလို့ နေ့စဉ်နဲ့အမျှ ဆုတောင်းလျက်ပါ။သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေး သေးသမျှအကုသိုလ်ကို ပျားရည်ဟု တွေးထင် တတ်၏။The foolish thinks his evil deeds as honey so long as thereoccurs no due results for his evil deeds.သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲ ရောက်ရတော့၏ ။When bad results occured due to his evil deeds , thenhe gets into trounle.လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး အပိုင်ကို အနှိင်အထက်လုယူတတ်၏ ။The fool, if he is streonger,may plunder others' possessionsby force.ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ရောက်၏ ။After death that fool of less knowledge lands in hell.သဘာဝဘေးဒဏ်တို့ကို သည်းခံပြီးခံနှိင်ရည်ရှိဖို့ရယ်၊ မလိမ်မညာ မလှည့်မပတ်ဘဲဖြောင့်မတ်မှန်ကန်စွာ ပြောဆိုလုပ်ကိုင်တတ်ဖို့ရယ်၊ ကုသိုလ်အလုပ် အပြစ်မဲ့အလုပ်တို့ကိုရည်မှန်းချက်မရောက်မချင်း စွဲစွဲမြဲမြဲ စိတ်သန်သန် အားမာန်ခိုင်ခံ့စွာ ပြုလုပ်ခြင်းဖြစ်ကောင်းတဲ့အလုပ် မြင့်မြတ်တဲ့အလုပ်ကို လုပ်ရင် ကိုယ်ကောင်းသလောက် ၊ ကိုယ်မြင့်မြတ်သလောက် ချစ်သူ ခင်သူတွေ၊ ကြည်ညိုသူ လေးစားသူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်၊။။ကိုယ်ကိုချစ်သူတွေအပေါ် ကိုယ်က ပြန်ချစ်ပြီး သံယောဇဉ်နှောင်ကြိုး ရစ်ပတ်တိုးနေမယ် ၊ သူတို့ရဲ့ အပူတွေကို မျှဝေ ခံစားနေမယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ကောင်းတွေ ၊ အလုပ်မြတ်တွေဟာ လမ်းဆုံးပန်းတိုင်ကို မရောက်ဘဲ နှောင့်နှေးကြန့်ကြာသွားနှိင်ပါတယ် ။ အလုပ်အပေါ် ထားရှိ တဲ့ ကိုယ်ရဲ့ စိတ်ဟာ လည်းသန့်သန့်စင်စင် ကြည်ကြည် လင်လင် မဖြစ်နှိင်တော့ပါဘူး။ဘယ်လောက်ကောင်းတဲ့အလုပ် ၊ ဘယ်လောက်မြင့်မြတ်တဲ့ အလုပ်ကိုပဲလုပ်လုပ် မလိုလား မနှစ်သက်သူ ၊ မုန်းတီး ရန်ပြုသူတွေ ဆိုတာ ရှိတတ်စမြဲပါ။ကိုယ့်ကို မုန်းတီးသူတွေအပေါ် ကိုယ်က ပြန်မုန်းပြီး ဒေါသအမျက် ချောင်းချောင်းထွက်နေမယ်၊ ကိုယ့်ရည်မှန်းချက်ကို ပြောင်းလဲပစ်လိုက်မယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ကောင်းတွေ၊ အလုပ်မြတ်တွေဟာ ရှေ့ဆက်မတိုးတက်တော့ဘဲ လမ်းခုလတ်မှာတွင် ရပ်တန့်ပြိုလဲသွားနိုင်ပါတယ်။အလုပ်အပေါ် ထားရှိတဲ့ ကိုယ် စိတ်ဟာလည်း ခိုင်ခိုင် မာမာ လေးလေးနက်နက်မဖြစ်တော့ပါဘူး။ချစ်စိတ်ဝင်ရင်လည်း အလုပ်ပျက် ၊ မုန်းစိတ်ဝင်ရင်လည်း အလုပ်ပျက်ခြင်းကိုဖြစ်စေတဲ ချစ်စိတ် ၊ မုန်းစိတ်တွေကို လျစ်လျုရှုနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ကိုယ်လုပ်နေတဲ့ အလုပ်ကောင်း အလုပ်မြတ်တွေ အထွတ် အထိပ်ရောက် ပြီးမြောက်အောင်မြင်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ . ချစ်စိတ် . မုန်းစိတ် . နှစ်မျိုးလုံးကို စွန့်ပယ်ရှောင်ကွင်းနိုင်တဲ့ အတည်အခံ့သဘောကို (ဥပေက္ခာ ပါရမီ)လို့ခေါ်ပါတယ်။ပါရမီရှင်ဟာ ချစ်သူ မုန်းသူ အပေါ်မှာသာ ချစ်စိတ် . မုန်းစိတ်ကင်းရမှာ မဟုတ်ဘူးလာဘ်ရခြင်း . မရခြင်း .၊ ခြံအရံ အကျော်အစော ရှိခြင်း. မရှိခြင်း ၊ ချီးမွှမ်းခံရခြင်း.ကဲ့ရဲ့ခံရခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ကိုယ်စိတ်ဆင်ရဲခြင်း ၊ ဆိုတဲ့ အကောင်းလောကဓံလေးမျိုး ၊ အဆိုးလောကဓံလေးမျိုး အပေါ်မှာလည်း ချစ်စိတ် . မုန်းစိတ်ကင်းရမယ်။ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ လောကဓံ တွေအပေါ်မှာရော၊တိုက်ရိုက်မပတ်သက်တဲ့ လောကဓံ တွေ့အပေါ်မှာပါ မတုန်မလှုပ် ခံနိုင်ရည်ရှိမှ ၊ ခံနိုင်ရည်ရှိနေရုံနဲ့လည်း မင်္ပြိးဘဲ ဦးတည်ချက် ရှေ့ဆက် အလုပ်လုပ်မှ ကိုယ်လိုလား တောင်းတတဲ့ လမ်းဆုံးပန်းတိုင်ကို မလွဲမသွေ သေချပေါက် ဆိုက်ရောက်နိုင်ပါတယ် ။လမ်းဆုံးမှာလည်း လိုရာ ပန်းတိုင်ကို လက်လှမ်းနိုင်ပါစေလိုဆုမွန်တောင်းလျက်ပါ။မေတ္တာဖြင့်ထားဝယ်ဆရာလေး~~~~

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .