လောကဇာတ်ခုံ ၊ ဤလူ့ ဘုံ၌ ၊
မျိုးစုံကကြ ၊ မာန်မာန နှင့် ၊
ငါကရာဇာ ၊ ငါဟာသူဋ္ဌေး ငါပဂေးဟု ၊
ငါသွေးတက်ကြွ ၊ လူဗာလတို့ ၊
ဒေသပိုင်းခြား ၊ ကာလအားဖြင့် များပြားလှစွာ ၊
အ၀ိဇ္ဇာကြောင့် ၊ တဏှာဘီလူး ၊
အမှောင် ပူးသော် ၊ ကျူးကျူးကျော်ကျော် ဂုဏ်ဖေါ်၍ ၊
မော်မော်မောက်မောက် ၊ ငါတစ်ယောက်သာ ၊
မိုးအောက် တလွှား ၊ ရွှေကိုယ်လားဟု ၊
ထင်မှားမက်လွဲ ၊ သို့ စဉ်စွဲ လည်း ၊
ဇာတ်ပွဲပြီးက ၊ ပြည်ဖုံးချသော် ၊
သုဘရာဇာ ၊ မြေအောက်မှာပင် ၊
ဘာသာလူမျိုး ၊ ချိန်မထိုးဘဲ ၊ ပုပ်သိုး ခန္ဓာ ၊
မြုပ်ရရှာသည် ၊ ဘယ်မှာ ငါရှိအံ့နည်း ။
(ရှင်မဟာရဋ္ဌသာရ)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 ဓမ္မဒါန:
Post a Comment