span style="color:#660000;">``ပြောတော့ နိဗ္ဗာန်´´
နိဗ္ဗာန် နိဗ္ဗာန် ပြောဆိုသံကို
ဖန်ဖန်ခါခါ ကြားရပါ၏
သမ္မာသန ဥာဏ်တွေရ၍
ကမ္မအမှု မှန်အောင်ပြုသော်
သာဓု ကြိမ်ကြိမ် ခေါ်ရမည်။
သရဏဂုံ သုံးပါးစုံကို
ယုံယုံကြည်ကြည် ရိုးသားသည်ဖြင့်
တည်ကြပြီလား တည်ပြီလား။
ဘုရားဆောင်ဘေး ပိတ်နီသွေးနဲ့
ကွမ်း ဆေး အုန်းသီး ငှက်ပျောဖီးတို့
ဆီမီးရောင်ဖြာ မြင်ရတာက
ဘာတွေလာလုပ် ဘာတွေရှုပ်။
ဘုရား တရား သံဃာအားဖြင့်
သုံးပါးထိုထက် ယှဉ်တွဲဖက်ပြီး
ဖြည့်စွက်အားထား ကိုးကွယ်မှားက
သုံးပါးအစုံ ထိုထိုဂုဏ်ကို
မယုံတာလား ထုံတာလား။
မြန်မာ့ရေးရာ သတင်းပဒေသာ (၄ ဖေဖော်ဝါရီ ၂၀၂၁)
3 years ago
0 ဓမၼဒါန:
Post a Comment