တဝေ့လည်လည် အပါယ်ငရဲ မှာ ထည်လည်းသာစည်တော့
ul>
  • သံသရာ အပြင်မှာ အမှား သက် သက် နေထိုင် စား သောက်
  • သက်မွေး မှု ပြုနေကြသော သူ သူ ငါငါ သတ္တာဝါ တွေဟာ
  • များသော အား ဖြင့် အပါယ် ဘုံတို့၌ သာ အသွင် ပုံ သဏ္ဌန်
  • အမျိုးမျိုး လဲပြီးလျှင် တ၀ဲဝဲ လည်လည် ဖြစ်၍ နေရတာကို
  • ဆိုလိုတာပါ။
    • အမှန်တော့ သတ္တ၀ါ တို့ရဲ စိတ်ဟာ မကောင်း မှု၌ သာ မွှေ့လျှော်ခြင်းရှိတယ်၊
      ကုသိုလ်ကောင်းမှု ၌ မွှေ့လျှော်ဖို့ ရာ အလွန်ခဲ ယဉ်း ပါတယ်၊မကောင်းမှု
      ၌မွှေ့ လျှော်တယ်ဆိုတဲ့ စကား ကလည်း အခြားမဟုတ်ပါဘူး
      မကောင်းမှု ကို ပြုခြင်တယ် ၊ မကောင်းမှု ကို လုပ်နေရရင် ပျင်းတယ်
      မရှိဘူးအလွန်ပျော်ပါးနေ တယ် ၊ ဒီမှာဆို လွတ်လပ်တဲ့ နိုင်ငံ ဆိုတော့
      ခောတ်လူငယ်များ ဘုရားကျောင်း ကန် သွားပြီး တရက် တပတ်သီတင်း
      ဥပုတ် စောင့် တရား ထိုင် ဆို တာ အင်မတန် မှ ပါးရှား လွန်း ပါတယ် ၊
      ခောတ်နဲ့ အညီဝတ်စား ဆင်ယင်မှု နဲ့ အချိန်ပြည့် ပျော်ရွှင်မှု လွတ်လပ်မှု ကို
      ဘဲ အထိပ်ဆုံး က ဦး စား ပေး နေကြတော့ မကောင်းမှု ပြု ရန် အချက်ကိုသာ
      ချောင်းနေ တတ်ကြတယ် ၊ ကုသိုလ် ကောင်းမှု ဆိုတာ ဝေးမှဝေး ပါ ၊။
      မကောင်းမှု တွေကို ပြုရင်လည်း အပါယ် ဘုံဘ၀ များသို့ သွား ရန် မခဲယဉ်း
      ဘဲအလွန် ပင် လွယ်ကူတယ်လေ ။။။။။။။။။။
      အပါယ် ဘုံ ၌သာ ဖြစ်ရမယ်ဆိုရင်
      မျက်နှာ မူ၍ နေတယ်။
      ဒါကြောင့် သတ္တာဝါတွေ ဟာ အပါယ်၌သာ ဖြစ်များ ကြတယ် အပါယ်ဘုံ ၌သာ
      ဝေ့လည် ဝေ့လည် နှင့် ဦးခေါင်း စိုက်လျှက် နေကြတယ်။
      ဆရာလေး ရဲ ဓမ္မမိတ်ဆွေများ .... အပါယ်ပုံ ၌ သတ္တာဝါ တို့ အဖြစ်များ ပုံ ကို
      ရှု ထောက်ပြရအုံးမလား ...
      ရှုထောက်ပြရင် ထင်ရှား စွာ ပေါ်ပေါက် လာပါလိမ့်မယ်။
      ကမ္ဘာလောက ကြီး တစ်ခု လုံး ၌ အသက်ရှင် လျှက် စားသောက်နေထိုင် ကြသော
      သတ္တာဝါတွေ ကို လူကောင်စာရင်း ကောာက် ယူ လျှင် မည်ရွေ့ မည်မျှ ဟူ၍
      ရေတွက်နိုင်ပါတယ်။ တိရိစ္ဆာန်တွေကို စာရင်း ယူလို့ မရနိုင်ပါ၊ ရေတွက်ရန်လည်း
      ဂဏာန်းမလောက်နိုင် ၊။
      အသေးစိတ်ပြော ကြပါစို့ .... ကမ္ဘာကြီး တစ်ဝန်း လုံးမှာ
      ရှိတဲ့ လူများ သည် ပုရွတ်ဆိတ် တွင်း ကြီး တစ် ခုမှာရှိသော ပုရွတ်ဆိတ်သတ္တာဝါ ၊
      ခြတောင်ပို့ တစ်ခု မှာရှိသော ခြသတ္တာဝါ တွေလောက် မျှ ရှိမည်မဟုတ်၊
      ပုရွတ်ဆိတ် သတ္တာဝါ ၊ခြသတ္တာဝါ တိုကဲသို့ တစ်စု တစ်အုံလျှင် အနတ္တ များ
      ပြားလှသော သတ္တာဝါ မျိုး တွေဟာ အလွန်ပင် ပေါများ ကြတယ်။
      အခု ဆရာလေး ပြောခဲ့တဲ့ သတ္တ၀ါ များ ဟာ အမြွက်မျှသာ ဖြစ်တယ် ၊
      ဆရာလေး တို့ ဓမ္မမိတ်ဆွေတို့ မျက်စိ ဖြင့် မတွေ့ မမြင် နိုင်သော ငရဲ သတ္တ၀ါ
      ပြိတ္တာ သတ္တ၀ါ ၊ အသူရကယ် သတ္တ၀ါ တို့တတွေလည်း အနတ္တ အပ္ပမေယျပင်
      ရှိကြကုန်တယ် မဟုတ်လား .....
      ဒါဆို အပါယ်လေး ပုံ မှာ သတ္တ၀ါ တွေ အဖြစ်များ တယ် ဆိုတာ ထင်ရှား သိနိုင်
      လောက်ပြီနော်...
      ဓမ္မပဒ အဋ္ဌမထာ ၌
      ပမတ္တဿ စ နာမ စတ္တာရော အပါယ သကဂေဟ သဒိသာ၊
      ပမတ္တဿစနာမ - မေလျှော့ သော သတ္တ၀ါ အား . စတ္တာရောအပါယ- အပါယ်လေး
      ပုံတို့သည် . သကဂေဟ သဒိသာ- မိမိတို အမြဲနေထိုင်သော အိမ်ပိုင်တိုက်ပိုင်ကြီး တွေ
      နှင့် တူကုန်၏
      အပါယ်လေး ပုံတို့သည် မိမိတို့ အိမ်ပိုင် တိုက်ပိုင် ကြီးတွေနှင့် တူသောကြောင့်
      သာလျှင် ကံအားလျှော်စွာ အထက်ဘုံသို့ အလည်အပတ်သွား ကြကုန်သော
      သတ္တ၀ါ တို့သည် တော်တော်ကြာလျှင် မိမိ နေရင်း အိမ်ပိုင် တိုက် ပိုင် ဖြစ်သော
      အပါယ်ပုံသိုသာ ပြန်လာ ကြကုန်၏ ။
      အို.....ဓမ္မမိတ်ဆွေတို့ ဘယ်လောက် ကြောက်စရာ ကောင်း ပါဘိ။။။။။။။။။။
      အပါယ် ငရဲမှာ အထည်လဲ၍ ကျင်လည် နေရ ပုံ ကို ထပ်ပြီး ပြောပြပါအုံးမယ်။
      *ရံဖန်ရံခါ အခြေနှစ်ချောင်း သတ္တ၀ါ ဖြစ်ရပါတယ် ။
      *ရံဖန်ရံခါ အခြေလေးချေင်း သတ္တ၀ါ ဖြစ်ရပါတယ် ။
      *ရံဖန်ရံခါ အခြေမရှိသော သတ္တ၀ါ ဖြစ်ရပါတယ် ။
      *ရံဖန်ရံခါ အခြေများလှ စွာသော သတ္တ၀ါ ဖြစ်ရပါတယ် ။
      *ရံဖန်ရံခါ အမွေးအတောင် ရှိသော သတ္တ၀ါ ဖြစ်ရပါတယ် ။
      *ရံဖန်ရံခါ ဦး ချို ပါသော သတ္တ၀ါ ဖြစ်ရပါတယ် ။
      *ရံ ဖန်ရံခါ အလွန်ကြီးသော ကိုယ် ကာယ နှင့်ဖြစ်ရပါတယ် ။
      *ရံဖန်ရံခါ အလွန်သေးငယ်သော ကိုယ် ကာယ နှင့် ဖြစ်ရပါတယ် ။
      အဲဒီလို ပုံသဏ္ဌန် ပြောာင်း ပြီး အနဲနဲ အဖုံ ဖုံ ဖြစ်ရပါတယ် ။
      ဆရာလေး နှင့်တကွ ဓမ္မမိတ်ဆွေ များ အခု လို ကံကောင်း ထောက်မ
      လို လူ ဖြစ်လာတဲ့ အချိန် မှာ အခွင့် ကောင်းကို ရနေခိုက် ကောင်းမှု
      ကုသိုလ် များ ကို ကျိုးစား ကြပါစို့ လား .....
      လယ်တီဆရာတော်ဘုရားကြီး ၏ ဆုံးမသြ၀ါဒ အတိုင်း ...
      ..ခွင့်သာတုန်း မှ မရုန်းချင် လျှင် ၊ အရှုံး နင့် ပြင် ရှိသေး လေ လိမ့် လား..
      လူ့ ဘုံတွင် တက်လမ်း ရှိပါ လျှက် ၊ တက်လမ်း သို့ မလိုက် ဘဲ နေလျှင်
      မိမိ တို့၏ အပြစ်သာ ဖြစ်ပေ မည် ။
      အခွင့် အခါ ကြုံ ခို်က် မြန်မာ လူမျိုး ပီပီ . ရောက်တဲံ အရပ် မှာ
      ဒါန၊ သီလ၊ ဘာဝနာ ၊ အမျိုးစေ့ ချ ပြီး ၊ ဘ၀ ကို ကျမ္မာ ချမ်း သာ
      စွာဖြစ် အလှဆင် နိုင်ကြပါစေ လို့  အခါ ခါဆုတောင်း ပေး လျှက်
      မေတ္တာဖြစ် ထားဝယ် ဆရာလေး..
      0 ဓမ္မဒါန:
      လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .