မေမေ့ မေတ္တာ

မိမိသားငယ်၏ ကောင်းမွန်သော ကံကြမ္မာကို ပီတိ ဖြစ်နေသော
မိခင်လောက် ပျော်ရွှင် သူသည် လောက မှာ မရှိ။

မိခင်သည် မည်သူ့နေရာမဆို အစားဝင် နိုင်သော်လည်း
မိခင် နေရာကို မည်သူမျှ အစားမ၀င် နိုင်ချေ။

အလွန် ကြယ်ပျံသော အတိုင်းအဆ မရှိသော စကြာဝဠာသည်၊
မိဘ မေတ္တာနှင့် နိုင်းစာပါက အပ်နဖား လောက် ပမာဏ သာရှိပေသည်။

ယူဇနာ နှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင့်မိုရ်တောင်သည်၊
မိဘမေတ္တာနှင့် နိုင်းစာပါက နွားချို ပမာဏ သာရှိပေသည်။

ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော မဟာပထာဝီမြေကြီးသည်၊
မိဘမေတ္တာနှင့် နိုင်းယှဉ်ပါက ၀ါးရွက်ငယ်တမျှသာရှိပေသည်။

အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် ၊
မိခင်မေတ္တာနှင့် နိုင်းစာပါက မိုးရေတစ်စက် မျှလောက်သာဖြစ်ပေသည်။

မိခင်မေတ္တာ ဟူသော စကါးစုသည် ၊
သာယာ ချမ်းမြေ့မှု အ၀၀ကို စုစည်းထား၏။

မြင့်မြတ်ကြီးမားသော ကြင်နာခြင်းတရားသည် မိခင်တို့စိတ်ဝယ်
ထာဝစဉ် တည်ရှိနေမည် ဖြစ်သော တုနိုင်းမရသည့် ဂုဏ် ပုဒ်တစ်ခု ပင်ဖြစ်သည်။

ကျွန်ုပ် နှင့် ကျွန်ုပ် အောင်မြင်မှု သည် ၊
ကျွန်ုပ်မိခင်၏ ကျေးဇူးတရား မျှသာပင်ဖြစ်သည်။

တေးကဗျာတို့ အနက် အမေ့ အကြောင်းကို သီဖွဲသော တေးကဗျာ တိုသည်
သာယာယုံသာဖြစ်သည်။ မိခင်တို့၏ နုလုံးသားသည် ကလေးငယ်များ၏
ဘ၀ သင်ခန်းစာမျာ ပင်ဖြစ်သည်။

အမေမရှိသည့် နန်းတော်ထက် ပိုမိုကြီးကျယ်သည့် အဆောက်အအုံသည် အိမ်မဟုတ်ပါ။
အမေရှိသော တစ်ဖက်ယပ်တဲလေးသည် နေအိမ် ဖြစ်သည်။

စာဖတ်သူ အားလုံးလည်း မိဘကျေးဇူးကို ဆပ်နိုင်ကြပါစေလို့
ဆန္ဒပြုလျှက်ပါ။

မေတ္တာဖြင့်
ရွှေကြာ

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .