ယခု ကြုံတွေ့နေကြသော သာသနာတော်အတွင်းမှာ

ပစ္စည်း ဥစ္စာ စည်းစိမ် တို့ သည် ရန်သူမျိုး ငါး ပါး နဲ့ ဆက်ဆံ နေတယ် ဆိုတာ
အသက်သေ ပြနေ ပါပြီ။
ဒီနေ့ ကျောင်း ရှေ့ တည့်တည့် အစား သောက် ဆိုင် တဆိုင် မီးလောင် နေသည် . မီးသတ် ကား အသံ များ ကြား လို့ ထကြည့် လိုက်တာ အရေးပေါ် ကား တစ်စီး ၊ ပလိပ်ကား တစ်စီး၊ မီး သတ် ကား ၁၄စီး ချက်ချင်း ဘဲ အတန်း စီ ရောက်ချလာ တယ် ။ အော် မြန် လိုက်တာ သူများ နိုင်ငံ များ ။ ကားများ တန်း စီရောက် ရှိ နေပေမဲ့ အရင်ရောက်တဲ့ ၃စီး နဲဘဲ ၁၀ မိနစ် အတွင်း မီး ငြိမ်းသွားပါတယ်၊။ မီး ငြိမ်းသွား လို့ တာဝန် ရှိ ကား များ နှင့် လူ များ အသီးသီး ကိုယ့်နေရာ ကိုယ် ပြန်ကြပေမဲ့ ဆိုင်ပိုင်ရှင် နှင့် လုပ်သမား များ ပြာယာ ခပ်နေပုံ ကို ကြည့်ပြီး သောက တွေ ဘယ်လောက် ဖြစ်နေကြ ပါ မလိမ့် လို့ ကိုယ်ချင်း စာ မိ ပါတယ် ။ အရုပ်ဝတ္ထု တွေကို လောင် မြိုက်နေ သော မီး ကို ခဏ တာမျှ ငြိမ်း ပြောက် နိုင်ပေမဲ့ လူဘုံ တစ်ခွင် ခန္ဓာ ကိုယ် တွင်း လောင် မြိုက်နေ သော ကိလေသာ မီး ကို ဘယ်တော့ ငြိမ်း သတ် နိုင် မလိမ့် ...... အစမထင် သံ သရာကြော အပြင် ၀ယ် အစဉ်မပြတ် မျော ပါ ၍ လာကြရာ ဗုဒ္ဓုပ္ပါဒ စခန်း ကောင်း ကြီး တွေနှင့် လွဲ ချော်တိမ်း ပါး ၍ သာ လာကြကုန်တယ်၊
ယခု တိုင်အောင် စခန်း ကောင်း ကို မတွေ့ ရ ကုန်သေး၊

လွဲချော် ၍ လာကြ ပုံ ကား

ရံဖန်ရံ ခါ * မြတ်စွာ ဘုရား တစ်ဆူ ပွင့်တော်မူနေစဉ် အပါယ် လေး ပါး မှာ အဟိတ် ပုဂ္ဂိုလ်
ဖြစ်၍ လွဲချော် ကြရ သည်၊

ရံဖန် ရံခါ * မိစ္ဆာ ဒိဋ္ဌိ လူမျိုး ဖြစ်၍ ဘုရား ကို ပြစ် မှား လျက် လွဲ ချော် ကြ ရသည်။

ရံဖန် ရံခါ *နာမ် မ ရှိသော အသညသတ် ဗြဟ္မာ ကြီး ဖြစ်၍ လွဲချော် ကြ ရသည်၊

ရံဖန် ရံခါ *ရုပ် မရှိသော အရူ ပ ဗြဟ္မာ ကြီး ဖြစ်၍ လွဲ ချော် ကြရ သည်။

ရံဖန် ရံခါ *ဇမ္ဗူဒီပါကျွန်း နှင့် ဝေး သော စကြ၀ဠာ တစ်ပါး မှာ ဖြစ်၍ လွဲ ချော် ကြရသည်။

ရံဖန်ရံခါ *ဒေ၀ဒတ် . စိဉ္စမာဏ . တို့ကဲ့ သို့ ဘုရား ၏ ရန်သူ ကြီးတွေဖြစ်၍ လွဲ ချော် ကြရသည်။

ရံ ဖန်ရံခါ * မြတ်စွာ ဘုရား နှင့် တွေ့ကြုံ ၍ ရင်းရင်း နှီးနှီး ဖြစ်ရပါသော်လည်း မေ့မေ့ လျှော့လျှော့

နေမိခြင်း ကာမဂုဏ် နောက်သို့ လိုက်စား အား ကြီးမိခြင်း များကြောင့် လွဲချော် ရပြန်သည်။
ဤ သို့စသည် ဖြင့် အမျိုး မျိုး သော လွဲ ချော် မှု တွေနှင့်သာ တွေ့ ကြုံ လာ ရသည့်  အတွက် ကြောင့် ဂင်္ဂါ ၀ါဠု သဲ စု မက ပွင့် တော် မူကြကုန် သော ဘုရား ရှင်တွေ တို့၏။
သာသနာတော် စခန်းကောင်းကြီး များ နှင့် မကြုံ ကြိုက် ရဘဲ အကျွတ် တရား မရ လိုက်
ဘဲ လွဲ နိုင်အောင် လွဲ၍ လာကြ ကုန်သည်။
ယခု အခါ ဗုဒ္ဓဘာသာ တိုင်း လိုပင် မြှော် လင့် အား ကိုး ချက် ကိုယ် စီ နှင့် ဆု တောင်း
တတ် ကြသေးတယ် ၊ မကြာမှီ ပွင့်တော် မူ လတ္တံ့ သော အရိမေတ္တေယျ ဘုရားလက်ထက်
တော်တွင် လက်ဦး စွာဖူးတွေ့ ပြီး နိဗ္ဗာန် ရလို ကြောင်း နှင့် ကုသိုလ် ပြုတိုင်း ပင် ဆုတောင်း
တတ်ကြ တယ် ၊ နှုတ်ဖြင့် ဆုတောင်း ချက် အတိုင်း မြောက် မမြောက် စဉ်းစား ဆင် ခြင် ရန်မှာ လွန်လေ ပြီးသော အနန္တာ အသင်္ချေယျ ဘုရား တွေကို ပင် ရှောင်နိုင်အောင် လက်လွတ် ရှောင်ရှား ကြ၍ လူစွမ်း ကောင်းကြီး တွေ လုပ် ခဲ့ ကြဘူး သည့် အချက် နှင့် တွေးလျှင် အရိမေတ္တာယျ ဘုရား ရှင် ကိုယ်တော် တစ်ဆူ မှာ မူ လက်ဦး ဖူးတွေ့ ရ၍ အကျွတ် တရား ရရန် အချက် သက် သက် ခဲယဉ်း လှ သော အချက်ကြီး တစ်ခု ဖြစ်ချေ သည် ၊ အကယ် ၍ ဆုတောင်း ကြသော သူတိုင်း ပင် ဆုတောင်း ချက် ပြည့်စုံ ကြမူကား သူ့ထက် ပါ ရှေးဦး စွာ ဖူးလို သော သူ များသည့်အတွက် အရိမေတ္တယျဘုရား ကိုယ်တော် ကြီးသည် ပင် ရှေး ဦး စွာ အဖူး ခံတော် မူ ရန် တော်တော် ပင် ခက် ခဲ တော် မူရှာ လိမ့်မည်။။။။။။။။။။
စင်စစ် လိုရင်း ကတော့  ...ယခု လက်တွေ့ ဖြစ်နေသော သာသနာတော်ကြီး အထင် အရှား ရှိနေပါလျှက်နဲ့ စခန်း ထောက် တစ်ဆင့် ရွှေ့ ၍ ....နောက် ဘုရား ကို မျှော်လင့် ရန် မလို ၊ ယခု မြတ်စွာ ဘုရား ဟောကြားတော် မူသော ဒေသနာ တော် တစ်လျှောက်မှာ လည်း အရဟတ္တဖိုလ် သို့ ပေါက်ရောက်အောင် လုပ်နည်း ကိုင်နည်း အမျိုး မျိုး တို့သည် အထင်အ ရှား ပင် ရှိ ကုန်၏၊ နည်းလမ်း မစုံ ၍ အားမထုတ်ချင် ဘူးဟူ ၍ ဆင်ခြေတက် ဖွယ် မရှိ ပါ။ ပျင်း ရိသော အတွက် ကာမဂုဏ် ထောင်ထဲ မှ မထွက်နိုင်သည့် အတွက် နှင့် ဆင်ခြေ ကန် လျှင်သာ ကန်ဘို့ ရှိပါသည်။
သူတော်ကောင်း တို့၏ တရားတော် ထွန်းကားရာဖြစ်သော ဗုဒ္ဓုပ္ပါဒ- သဒ္ဓမ္မ စခန်းကောင်း ကြီး ကို လွဲ ချော် ခဲ့လျှင် နောင်ထိုကဲ့ သို့သော စခန်း ကောင်း ခောတ်ကောင်း နှုင့် မတွေ့ နိုင်ဘဲ ဆင်းရဲ ကြီးစွာ စိုးရိမ်ရတတ် ကြောင်း နှင့် ဧကနိပါတ် ဇာတ် တော်တွင် သေရိ ၀ ဇာတ် ကို လည်း ဟော ကြား တော် မူ သည် ။ သေရိဝ ဇာတ် တော် ၏ အဓိပ္ပါယ် အကျဉ်း ကို ဆက်လက် ရှင်း ပြ သွား ပါမယ် ။

လယ်တီ ဆရာတော် ဘုရား ကြီး၏ ဂမ္ဘီရ ကဗျာ ကျမ်း မှ ကောက်နုတ် တင် ပြလိုက်ပါတယ်။

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .