မမေ့နိုင်တဲ့ ရက် တစ်ရက်

စက္ကန့် ကို မိနစ်စား ၊ မိနစ်ကို နာရီဖြုတ် ၊ နာရီကို ရက်တွေ ဖြုတ်တော့ ရာသီ
ဆိုတာ ဖြစ်လာခဲ့ပြီ ၊ ရာသီတွေလည်း နွေ. မိုး ဆောင်း ဟူသော သုံးရာသီ
(နွေဦး .နွေ. ဆောင်ဦး .ဆောင်း .ဟူသော လေး ရာသီ) အလီလီ ဖြတ်၍
တစ်နှစ်ပြီး တစ်နှစ် ပြောင်းခဲ့ပြီ ဖြစ်သည်။
8 လပိုင်း -8 ရက်ကိုရောက်တိုင်း
ကုန်ဆုံး ခဲ့တဲ့ ရက် . လ. နှစ် တွေကို အထူးသဖြင့် ပြန်တွေး မိတဲ့ ရက်တစ်ရက်ပါ။


လူတိုင်းဟာ ကျေး ဇူး မကင်းတတ် ကြပါ၊
ဆရာလေး ရဲ့  ဘ၀ မှာ
ကျေး ဇူး တကာ ကျေးဇူးတွေ အနက် အကြီးမားဆုံးသော ကျေး ဇူးရှင်များ ရှိခဲ့ ပါတယ်။
ကျမ္မာစွာနဲ့  လူလောကထဲ ရောက်လာအောင် မွေး ဖွားပေး ခဲ့သော မေမေ့၏ ကျေးဇူး၊
သာသနာ့အမွေ အဖြင့် ပေးကာ သာသနာ့ဘောင်ထဲ သိမ်းသွင်းပြီး သာသနာ့ နွယ်
ဝင် သီလရှင် ဘ၀ ကို မွေးဖွါးပေးခဲ့သော ဆရာကြီး ဒေါ်သုန္ဒာ (ထားဝယ်) ၏ကျေးဇူး၊
နမောတဿ မှအစ ပထမအကြီးတန်းအောင်သည်အထိ ပရိယတ် .ပဋိပတ် ကို
စည်းကမ်း တကျ သီလရှင် အကျင့် ၀တ် နှင့် အညီ သွန်သင်ဆုံးမပေးခဲ့သော
ရတနာမာရ်အောင်သီလရှင် စာသင်တိုက် (ထားဝယ်) ၊ ဆရာကြီးဒေါ်ဝိဟာရီ
(မဟာဂန္ထ ၀ါစက ပဏ္ဌိတ ) ၊ ဆရာကြီး ဒေါ်အဉ္ဇ ၊ ဆရာကြီး ဒေါ်ရူပသိ င်္ဂီိ
(မဟာဂန္ထ ၀ါစက ပဏ္ဌိတ ) တို့ ၏ကျေးဇူး ၊
သီလရှင်လောက၀ယ် မျက်စိပွင့် လာခဲ့တာနှင့် အမျှ သင်ယူလေ့လာ ခဲ့ သမျှ ကို
တဖန် ပြန်လည် သုံးချ ကျင့် သုံးပါဟု နိုင်ငံခြား သာသနာပြု ကို စေလွှတ် ခဲ့သော
ရတနာကျော်မော်သီ လရှင်စာသင်တိုက်(ထားဝယ်) ဆရာကြီးဒေါ်ဝိကေသီ ၏ ကျေးဇူး၊
မြန်မာ နိုင်ငံ ၏ ဗုဒ္ဓဘာသာ နှင့် လူမျိုးကို တကယ် ချစ်သော KOREA MYANMAR
FRIENDSHIP INTERCHANGE ASSOCIATION , မဟာသဒ္ဓမ္မ ဇောတိက
ဓဇ VEN MOK TAK ကိုရီးယား ဘုန်းတော်ကြီး ၏ - ဣန္ဒာရာမ (ထားဝယ် ) သီ
လရှင်ကျောင်း ဖြစ်မြောက်လာအောင် ထောက်ပံ့ ကူညီပေးခဲ့သော ကျေးဇူး၊
ထိုထိုသော ကျေးဇူးရှင် တိုအား ဤနေရာမှ ဤစာဖြင့် ကန်တော့လိုက်ပါ၏ ။


နိုင်ငံခြား သာသနာ ပြု လုပ်ငန်း ဆိုတာလည်း အကောင်းအဆိုး လောကဓံ
တွေ ကို ကြံ့ကြံ့ ခံခဲ့ ရတာတွေ ဆို ဘ၀တူ သာသနာ့ ၀န်ထမ်း များနှင့်
ဒို့  ရွှေမြန်မာ လုပ်သမား များ သိပြီးသား ပါ ။
တခါတခါ စိတ်ဓါတ် ကျ ပြီး ရည်ရွယ်ချက် ပြောက်ပျက် သွားရမဲ့
အခြေအနေများလည်း ကြုံခဲ့ရပါတယ် ။
အဲဒီလို အခါမျိုးတွေ ကြုံတွေ့လာတိုင်း အခက်ခဲကြောင့် စိတ်ဓါတ်မကျနဲ့
ဇွဲဖြင့် ဆက်လက်လုပ်ကိုင်ရလိမ့်မယ် ဆိုတဲ့ ခဏခဏပြောဆို လေရှိတဲ့
ဆရာကြီးဒေါ်ဝိကေသီ ရဲ့ အမှာစကားကို ကြားရောင်ပြီး ဒီတကြိမ်လေး
ကိုတော့ သီးခံလိုက် ဟေ့ .. ဒီအခက်ခဲလေးကို ကျော်လွန်သွားရင်
အောင်မြင်မှုဆိုတဲ့ လမ်းစကို မြင်ရမှာပါလို့  တခါ တခါ ကိုယ့်
ကိုယ်ကို အားပေးခဲ့ရတဲ့ ရက်တွေလည်း အကြိမ်တရာမကခဲ့ပါ ။
လူတိုင်းဟာ အလုပ်တစ်ခု လုပ်ကြရာ၌ အခက်ခဲမှု များကို တွေ့ ကြိုရမှာ
အမှန်ပင်ဖြစ် ပါတယ် ၊
ဘာမှမလုပ်သော သူဟာ
ဘာမှ မဖြစ်နိုင်ပါ ။
သိုသော် အလုပ်တစ်ခုကို စတင်ပြီဆိုလျှင်
ကဲ့ ရဲ့ ခြင်း . ချီးမွှမ်း ခြင်း. ဆင်းရဲခြင်း ချမ်းသာခြင်း စသော
လောကဓံ ဆိုးကျိုး ကောင်းကျိုး များကို ကြုံတွေ့ ရစမြဲ ဖြစ်ကြပါတယ်။
ထိုလောကဓံ ဆိုးကျိုး ကောင်းကျိုးတို့ကို ကျော်လွှာပြီး
အထွတ်အထိပ် သိုရောက်ရန် အောင်မြင်မှု၏ အဓိကသော့ချက်
ကါး စိတ်ဓါတ်မကျခြင်း ဇွဲဖြစ်ဆက်လက်လုပ်ကိုင်ခြင်းပင်ဖြစ်သည်မဟုတ်ပါလော့..
ဆရာလေးတို့ သီလရှင်များသည် သာသနာ့ဆောက်အဦး ဦးစီး ဦးဆောင်
ပြုကြရာတွင် . အဓိကကြုံတွေ့ရသည့် အချက်က ဆင်းရဲမှုဆိုတဲ့
လောကဓံ တရားပင်ဖြစ်ပါတယ်။
ထိုဆင်းရဲမှုကို ကျော်ဖြတ် နိုင်ရေး အတွက် လိုအပ်ချက်မှာမဆုတ်မနစ် ဇွဲဖြင့်
ညှစ်၍ အားထုတ်ကြိုးပမ်း မှုပင်ဖြစ်ပါတယ်။
အဲဒီလို အားထုပ်မှုကို အဓိက နှလုံးသားဖြင့် ထမ်းရွက်ရမည့် သူများမှာ
ဦးဆောင်သည့် ပုဂ္ဂိုလ်ပင်ဖြစ်သည် မဟုတ်ပါလား ။

သစ်တပင်ကောင်း က ငှက်တစ်သောင်း နားခိုနိုင်သည် ဆိုသကဲ့သို့ 
နေရာဌာနတခု၌ ဦးဆောင်ကောင်းတစ်ယောက်ရှိပါက နောက်လိုက်
ငယ်သားများသည် ကာယိကသုခ . စေတသိကသုခ ဟုခေါ်ဆိုတဲ့
ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုကို ခံစားကြရနိုင်ပါတယ်။

သက်သက်သာသာဖြင့် ပရိယတ္တိစာပေများ - သင့်အံလေ့ကျင့်
နိုင်တယ် ဆိုတဲ့ အရသာများကို သုံးဆောင် သောက်သုံးနိုင်
ကြရဖို့ ရန် ဆရာလေးဆက်လက်ကြိုးပမ်း ရပါအုံးမည် ။
အဲဒီလို အရသာများကို ခံစားနိုင်ရခြင်းဖြင့် အနာဂါတ်သည် လူငယ်
တို့၏ လက်ဝယ်ရှိ သည်မဟုတ်ပါလား ၊
အနာဂါတ် သီလရှင်ဆရာလေး များ ..

"အသက်ရှည်စွာ ၊ အနာမဲကြောင်း ။
ကောင်းလှစေချင် ၊ ပဲ့ပြင်နိစ္စ ၊
ကွပ်ဆုံးမသား ၊ မိဘ ဆရာ၊
စကားနာ၍ ၊ ကျမ်းစာ သိမြင် ၊
တတ်အောင်သင်လော့၊
ပေါ်လွင်မပြု ၊ ကောင်းရာတုလျှက် ၊
ကောင်းမှု မြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကြိုးကိုယ်၌ တည်စေမင်း ။ "

ဟူသော လောကသာရပျို့ ကဗျာ ဆုံးမစာ အရ မိမိ ကိုယ်ကို အဖက်ဖက်က
ကောင်းအောင် ကြိုးစား ကြရမည် ဖြစ်ပေသည် ။

ဒီတစ်ကြိမ်ကျရောက်လာမည့် 8 လ -8 ရက် ကတော့ အောင်မြင်မှု
လမ်းစနှင့် အတူ သာသနာ့နွယ်ဝင် သီလရှင်များ နားခို ရာဖြစ်တဲ့
ရန်ကုန်မြို့- မင်္ဂလာဒုံ မြို့နယ် -၌ ဣန္ဒာရာမ(ထားဝယ်) သီလရှင်ကျောင်း
ဖြစ်မြောက်အောင် ပြုစု ပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင် ဆရာကြီးများ အား
ဤနေရာမှ ထပ်မံ ကန်တော့ လိုက်ပါသည်။

*ပန်းပဲဆရာ အထုအနက် မခံရသော သံတွေခဲသည်
လက်နက်ကောင်း မဖြစ်နိုင် ။

*ကျောက်ဆစ်ဆရာ အခွဲအဖြတ်မခံရသော ကျောက်တုံးကျောက်ခဲသည်
ကျောက်ဆစ်ရုပ်ကောင်း မဖြစ်နိုင် ။

*ကျောက်သွေးဆရာ အသွေးညှိမခံရသော ကျောက်စိမ်းတုံးသည်
ရတနာကောင်း မဖြစ်နိုင် ။

*ဆရာအဆုံးအမ သြ၀ါဒကို မခံရသော တပည့်သည်လည်း
တပည့်ကောင်း လူကောင်း သူကောင်း မဖြစ်နိုင် ။

(ပညာရှိများ စကား)

ထားဝယ်ဆရာလေး**

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .