ကိုယ့်စိတ်ကိုယ်မှ ချမ်းသာအောင်မထားတတ်သေးဘူးဆိုရင်

div align="justify">

မနေ့ က မှ ဆရာလေးရဲ့ ဆရာ( English teacher) က
တခွန်းတည်း သော စကါးကို မိန့်ခဲ့တယ်။......ကိုယ် စိတ်ချမ်း
သာ ချင် ရင် တဖက် သား ကို အပြစ် မမြင် ပါ နဲ့ ဆိုတဲ့
အလွန် တန် ဖိုး ရှိ တဲ့ စကါး လေး ပါ။ .................................


ဒါနဲ့ ဘဲ . ဆရာလေး လည်း ကိုယ့်အတွေး (၀ါ ) အတွေ့ အကြုံလို့ ဆိုရ မှာပါ ၊ကောက် ရေး လိုက်ပါတယ်။
ကိုယ့်ရဲ့ စိတ် နေ သဘော ထား မှားနေ ပြီ ဆိုရင်စိတ် ဆင်း ရဲ့တော့တာဘဲ ။။။။ စိတ်ပျက်လာတယ် စိတ်ဝေဒနာ အဖြစ် ခံ စား ရတာ ပေါ့ လေ။။ depression ဖြစ်တယ်။
အကုသိုလ်တွေ များ နေ မယ် ၊ အလို လို နေရင်း တယောက် တည်း မနာ လို ၀န်တိုစိတ်တွေ များ နေမယ် ၊ မာန တွေ ကြီး နေ မယ် ၊ ဒေါသတွေ ခဏ ခဏ ဖြစ်နေ မယ် ၊ မရိုးသား တာတွေ တွေးနေ မယ် ၊ မသင့်တော် တာတွေ ကို သိပ် ပြီး လုပ် ချင် နေ မယ် ၊
ဆို ရင်တော့ စိတ်က ပုံ မှန် မဖြစ်တော့ ဘူး ..............ပူလောင် ပြီး သော က တွေ ဖြစ် လာတော့ တယ် ၊ အကြိုတင် တွေး ပြီး စိတ် ပူတာ တို့ ၊ဖြစ်ပြီး သား အမှား တွေကို တွေး ပြိး နောင် တ ရစရာတွေ ကို ထပ်ခါ တလဲလဲ စဉ်းစားနေမယ်ဆိုရင် စိတ် က တကယ် ကို ပန်းတယ် ။ ဒါတွေ ကို ပြေပြောက် အောင် ကြိုး စာ ဖို့ဆို တာ လည်း အပြော လွယ် သလောက် လက်တွေ့ တော့ တကယ် မလွယ် ဘူး နော် ..........


တခါ တလေ ဆရာလေး လည်း ကိုယ့်ကိုယ် ကြည့်ပြီး စိတ် ချမ်း သာ အောင် တော် တော် ကို ကြိုး စား ပြီး နေ နေ ရတဲ့ အခါတွေ အများကြီး ပါ ၊ တဦး နဲ့ တဦး သဘော ထား ကွဲ လွဲ တာတွေ လည်း မပြော ပါနဲ့တော့ ခဏ ခဏ ဖြေ ရှင်း ရတာ တွေလေ .. ကိုယ်နိုင်ငံ ကိုယ် လူမျိုး မဟုတ် တော့ ပိုဆိုး တာပေါ့ ၊ ................တောင် မြို့ မဟာ ဂန္ဓာ ရုံ ဆရာတော် ဘုရား ရဲ့ စာအုပ် ထဲမှာ ရေး သား ခဲ့ပါတယ်၊ ကိုယ့် စိတ် ကို ကိုယ် ချမ်း သာ အောင် မှ မထားတတ် သေး ဘူး ဆို ရင် မိ မိ မှာ ဘာ ပညာ မှ မရှိ သေး ဘူး လို မှတ် ပါ ။ ~~တဲ့
ဆရာတော် ဘုရား ရဲ့ အမိန့် ဆို ကို တိုင်း ဆ ကြည့် မယ် ဆို ရင် ဆရာလေး တို့ ဘယ် လို ဖြစ် သွား မလဲ---------အခု ချိန် ထိ ဝေး ပါ သေး တယ်နော်...တတ် နိုင် ဆုံး တော့ ကိုယ့် စိတ် ကိုယ် သတိထား ပြီး အကြွ နဲ့ အကျ အကြား ဘောင် ဘင် ခတ် နေ မှု ကို သတိ နဲ့ ရှု မှတ် နေ ဆဲပါ .........တတ် သလောက် လဲ ကိုယ့် ဝေနေ ယျာ တွေကို မျှဝေ ရင်း
ကြိုးစား နေ တယ်။ ဘ၀ ကို ပြည့် ပြည့် စုံ စုံ နဲ့ ကျေ နပ် စွာ နေချင် တယ် ဆို ရင် တော့ ... ကိုယ့်အကျိုး ကို လည်း များ များ လုပ် ရ မယ် ။။။။။။ အများ အကျိုး ကို လည်း များ များ လုပ်ရ မှာ နော် ............. ဒါ တင် မက ဘူး ဆွေမျိုး မိ ဘ အကျိုး ပါ လုပ် ရ မှာ လေ။ လောကတ္တ စရိယံ ၊ ဥာ တတ္ထစရိယံ ၊ ဗုဒ္ဓတ္ထ စရိယန္တိ။
ဆိုပြီး ဘုရား ရှင်ကိုယ် တော်မြတ် ဟော ထား တယ် လေ။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီ အကျိုး တွေ ကို လည်း နောင် မှ လုပ် ရမှ မဟုတ် ဘူး ၊အခု လုပ် ရ မှာ ပါ ၊ ကိုယ့် မိတ် ဆွေ သူငယ်ချင်း ၊ တွေရဲ့ အကျိုး ကို လည်း နဲ နဲ ပါး ပါး လုပ် ရမယ် ၊ မကြာ သေး ခင် က သိ တဲ့ သူ အပေါ် မှာ လည်း လုပ် ရ မယ်၊ အခု သိ တဲ့ သူ အပေါ် မှာ လည်း လုပ် ရမယ်၊ ဘာ မှ လည်း မတော် စပ် တဲ့ သူ အပေါ် မှာလည်း လုပ် ရ မယ်၊ လမ်း ပေါ် မှာ တွေ့ တဲ့ သူ အပေါ် မှာ ဖြင့်ဖြစ် သူ့မှာအခက် အခဲ ရှိ လို့ ကိုယ် က နဲနဲ ဖြင့် ကူ ညီ နိုင် ရ မယ်၊
ဒီ အလုပ် ကို လုပ် ကို လုပ် နိုင် ရ မယ်။ ဒီ လို လုပ် နိုင် မှ လည်း ကိုယ် ဘ၀ ဟာ
လော က ကြီး တခု လုံး နဲ့ ဆက် စပ် နေ တယ် ၊ လော က ကြီး မှာ ဖြစ် နေ တဲ့
ကိစ္စ တွေ ၊ အခက် အခဲ တွေ ကို ကိုယ် တတ် နိုင် ရက် နဲ့ မလုပ် ဘဲ နေ ရင် တော့ တာဝန်
မကျေ တဲ့ သူ ဖြစ် သွား ပြီ။

တစ်ခု ခု ကို လုပ် တဲ့ အခါ မှာ စဉ်းစား ချင့်ချိန် ပြီး အကျိုး ရှိမရှိ ဆင်ခြင် ဆုံးဖြတ် ပြီးတော့
အလုပ် လုပ် တဲ့ အကျင့် ကို ရသွား လို့ ရှိ ရင် အဲဒါ တွေဟာ ကိုယ့် ပင်ကိုယ် စရိုတ်
ဖြစ်သွား တော့တယ်။ ဒါဆိုရင် ကိုယ့်ရဲ့ စိတ် သဘောထား တွေ မှန်လာမယ်၊တဖက်သား အပေါ်မှာ အပြစ် မမြင်တော့ ဘူး . စိတ်က ကြည်လင် တယ် ။ မသင့်တော် တဲ့အလုပ်တွေ ၊ မသင့်တော်တဲ့ အကြံအစည်တွေ မကြံတောဘူး ။ ကိုယ်တတ် ထားတဲ့ ပညာ ၊ အသိဥာဏ် ၊ အတွေ့အကြုံ၊ တွေ့ဟာ ကိုယ့်ရဲ့ပတ်ဝန်း ကျင် အသိုင်း ၀ိုင်း ဆီ က ရနေတာလေ ဒါဆိုရင်
လောကကြီး ကို ဘယ်လို အကျိုး ပြု မလဲ? ။။။။။။။။။။။။။။။။။။။။
ကိုယ့်ကိုယ်ကို ကော ဘယ်လို စိတ် ချမ်းသာအောင် နေ မလဲ?.၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊



အားလုံး ဘဲ ကိုယ်စိတ် နှစ်ပါး ချမ်းသာပြီး
လောက အကျိုး ၊ ဓမ္မ အကျိုး ကို သယ် ပိုး နိုင် ကြပါစေလို့

ဆန္ဒပြု လျှက်
မေတ္တာဖြင့်
ထားဝယ် ဆရာလေး

2008-6-1

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .