လွတ်လပ်မှုနှင့် မိတ်ဆွေကောင်း

Freedom is the mother of all values.
လွတ်လပ်မှုဟာ တန်ဖိုးထား စရာ အားလုံး ရဲ့မိခင် ဖြစ်တယ်။
With pleasant word a person has many friends.
ချိုချို သာသာ စကါး ဆိုတတ်သူ သည် မိတ်ဆွေပေါများ၏၊

ယုံကြည်မှုတိုင်း ဟာ အမှန်တရားလို့ မဆိုနိုင်ပါဘူး....ဒါပေမဲ့အမှန်တရားတိုင်းကိုတော့ ယုံကြည်ရမယ်လေ.. သစ္စာရှိမှု ၊ရိုးသားမှု၊ တာဝန်ကျွေပွန်မှု၊ တွေဟာ လွတ်လပ်မှုမှာအခြေခံနေတယ်။ လွတ်လပ်မှုကို အလွဲ သုံးစားမလုပ်ဖို့တော့ အရေးကြီးတာပေါ့၊ ကိုယ့်ဆန္ဒ တစ်ခုကို
စဉ်းစားပြီး တဖက်သားကို အတင်း အကျပ် သစ္စာရှိခိုင်းလို့ မရဘူး ..သူ့သဘောနဲ့သူလွတ်လပ်တဲ့စိတ်နဲ့သစ္စာရှိမှပဲတကယ်သစ္စာရှိတယ်လို့ ဆိုနိုင်တာ၊မှန်ကန်တဲ့ အသိအမြင် နဲ့ အတွေးအခေါ် ဆိုတာလည်း
လွတ်လပ်တဲ့ စိတ်ရှိမှ သာ သိနိုင် မြင်နိုင် တဲ့ အရာဖြစ်တယ်။ဒါမှမဟုတ်ရင်တော့  တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ် မျိုးပဲတွေ့နိုင်တယ်၊။ ကိုယ်အကျိုး ရှိဖို့တွက် သူတပါး အကျိုးထိခိုက် တဲ့အလုပ်တွေကို စည်းမဲ့ ကမ်းမဲ့ လုပ်တာလည်း လွတ်လပ်မှု မဟုတ်ဘူးပေါ့.............ငယ်ငယ်တုံးက မိဘသွန်သင်ဆုံးမမှု ကို စည်းကမ်းတကျလိုက်နာ မှုနဲ့ ဆရာသမားရဲ့ သွန်သင်ဆုံးမမှု ကို အလေးနက်တန်ဖိုးထားပြီး လိုက်နာသူဟာ အကြီးလာတော့ ကိုယ်ပိုင် လွတ်လပ် မှုနဲ့စဉ်းစား တွေးခေါ်မှုတွေ ရင့်ကျက်လာတော့ လွတ်လပ်မှုကိုရလာတာနဲ့ အမျှ အကောင်းအဆိုးတွေ ဝေဖန်လာနိုင်တယ်၊။ငြိမ်းချမ်းသော ဘ၀ ၊ တန်ဖိုး ရှိသော ဘ၀ ဖြစ်လာတယ်၊..
ကိုယ် ကျင့်သီလနှင့် စိတ်နေစိတ်ထား တည်ငြိမ်ပြီး ... အနေထိုင်၊အပြုအမူ အကောင်းမွန် ရေးအတွက် ဆုံးမ လမ်းညွန်မှုကိုခံယူသည့် ဆရာလေးလည်း . စိတ်ဓါတ် အကျ နှင့် အကြွအကြား ဘောင်ဘင်ခတ်မှု နည်းပါး အောင် ထိန်းချုပ်နိုင်တယ်လို့ပြောရမလား ။အကောင်းနှင့် အဆိုးကို တင်းတိမ်နိုင်ပြီး ပြေပြစ်စွာဆက်ဆံနိုင်တာတို့ .....ဣနြေ္ဒရရနေထိုင်နိုင် တာတို့ စသည်တို့ကိုလိုက်နာခြင်းမှာ ဆရာလေးရဲ့ ကျေးဇူးရှင် ဖြစ်သောထားဝယ်မြို့ ရတနာမရ်အောင် သီလရှင်ဆရာကြီးမျာ၏သွန်သင်ဆုံးမမှုကြောင့် ပင်ဖြစ်သည်။။။။။။။။။။။
စာဝါအတူ တက်ခဲ့တဲ့ အပေါင်းသင်းတွေစိတ်သဘောထားခြင်းတိုက် ဆိုင်တဲ့ မိတ်ဆွေတွေကို အခုချိန်ထိမေ့ဖြောက်လို့ မရနိုင်ပါ ပြန်တွေးမိတိုင်း ပျော်နေမိတယ်၊ ........အခုတော့ ကိုယ် မိတ်ဆွေတွေလည်း တဖက်တလမ်းကသာသနာ့  တာဝန်ကို ထမ်းဆောင်နေကြတယ်၊ကိုယ်လည်း လွတ်လပ်မှုတွေကို တန်ဖိုး ရှိရှိနဲ့ လူ့အသိုင်းဝိုင်းတစ်ခု လုံးအတွက် လိုချင်တဲ့ လွတ်လပ်မှု ဖြစ်တယ်၊ ။ကိုယ်ရနေတာ တွေအားလုံးဟာလည်း လူအသိုင်းအ၀ိုင်းဆီကရနေတာပါပဲ့ ကိုယ်ဘယ်လောက်ပြန်ပေးဆပ်နိုင်သလဲ
ဆိုတာ အပေါ်မှာ မူတည်ပြီးတော့ ကိုယ်ဘ၀ ဘယ်လောက်အောင်မြင် သလဲ ဆိုတာ တိုင်းတာရမယ် ။ ဒီနိုင်ငံမှာ
အရာရာ လွတ်လပ်မှုရှိတော့  တဖက်က တိုးတက်ထွန်းကားနေသလို တဖက်ကလည်း လူမှုရေး စရိုက်တွေပျက်ပြားနေတာ အ များကြီးတွေရပါတယ်၊ အတွေးအခေါ် မြင့်မားသူတွေ၊ စိတ်ဓါတ် ကြံခိုင်ဲပြီး ရည်သွေး ကောင်းတဲ့သူတွေများကြ်ီး တိုးတက်အောင်မြင် ကာ လွတ်လပ်မှုကို အပြည့်အ၀ရကြသူတွေအများကြီးပါ။ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ မှန်ကန်တဲ့ အလုပ် ၊နွေးထွေးတဲ့ နုလုံးသား ကို ပိုင်ဆိုင်ပြီး ဘ၀ကို ရပ်တည်ကြတော့မိမိ နှင့် တကွ မိသာစု အားလုံး . .တနိုင်ငံ လုံးဟာ တိုးတက်အောင်မြင်လာကို တွေ့ရတယ်။လိမ်ညာမှုတွေ လှည့်စားမှုတွေ နဲ့ နေသွားတဲ့သူတွေ မှာတော့ စစ်မှန်တဲ့ ဘ၀နဲံ့ အေးချမ်းတဲ့ လွတ်လပ်မှု မရှိ ဘူး ။ဘ၀လည်း အတု ၊ ဆက်ဆံတဲ့သူတွေလည်းအတု တွေဘဲ ရှိလာတော့တယ် ။ဒါကြောင့် ရိုးသားမှု မရှိတဲ့သူတွေဟာ ဘ၀သေနေတာနဲ့ တူပါတယ်။
လွတ်လပ်မှုဆိုတာ ဝေးမှဝေး.............မိတ်ဆွေကောင်းဆိုတာ လည်းမရှိတော့အထီးကျန် ဖြစ်နေတာ ဘယ်သူနဲ့မှ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိတာဟာမကျမ္မာတာပါပဲ့ . .တနည်းအားဖြစ် ဘ၀ သေတာဘဲလိုဆိုနိုင်တယ်-- --to be isolated is to be sick , and so far dead.မိတ်ဆွေကောင်းနဲ့ တွေ့ရတာနဲ့ စိတ်က အသက်ဝင်လာတယ် ၊စကားပြောရရင် လှိုက်လှိုက်လှဲလှဲ ပွင့်ပွင့် လင်းလင်း ပြောနိုင် တယ်၊ပြောစရာ စကားတွေ မကုန်နိုင်ဘူး ၊ ...အတွေးချင်းချိတ် ဆက်မိတယ်၊တစ်ယောက် ကို တစ်ယောက်နားလည်တဲ့ အရသာထူးတွေ ခံစားရတယ်၊.......သူ့စကားကို တန်ဖိုးထားတယ်၊ စိတ်ဝင်စားတယ်၊ဒါကြောင့် စိတ်ကူးကောင်းတွေ ဘယ်လို ပေါ်လာမှန်းမသိဘူး
အချိန်တွေ ဘယ်လိုကုန်သွား မှန်းလည်းမသိဘူး ၊...........စိတ်ကလည်း နုပျိုပြီး အသက်ဝင်လာတယ်၊တခါတလေ အသိတဦး ကို ခဏခဏပြော ဖြစ်တယ် ဆရာလေးက အသက်ကြီးပြီလေလို့ ~~~~~~~ဒါကို သူက အသက်ကြီးပြီလို့ မစဉ်းစားနဲ့ အခုမှ ဆယ့်ခြောက်နှစ်ရှိသေးတယ်လို့ စဉ်းစာတဲ့ ဒါဆိုရင် ဆရာလေးက စိတ်ကပျိုနေတော့ကိုယ်လည်းကျမ္မာတယ် .။။။ ဒီစကားလေးက မဖြစ်နိုင်တာကိုစိတ်သက်သာ မှုရအောင်ပြောနေတာ ပေါ့နော်............သူဆိုတဲ့စကား ဟုတ်တော့ ဟုတ်ပါရဲ့ ။မိတ်ဆွေကောင်းလည်းရှိတယ် ၊စိတ်လည်း နုပျိုပြီး အားတက်နေတော့ စိတ်ရောကိုယ်ပါကျမ္မာနေတယ်၊ ဒါကြောင့်မိတ်ဆွေကောင်းရှိခြင်းဟာမင်္ဂလာရှိတယ် လို့ မြတ်စွာဘုရားရှင် ဟောကြားခဲ့တယ်။။။။။။။။။။။။ငါဘုရား တည်း ဟူသော မိတ်ဆွေကောင်းကို ရလို့သတ္တ၀ါတွေဟာ သစ္စာလေးပါး အမှန်တရားကိုသိရပြီး ဒုက္ခခပ်သိမ်း ကနေ ကျွတ်ကြ လွတ်ကြ ရတယ်။
ဆိုပြီး မြတ်စွာဘုရား ကိုယ်တိုင် ဟောထားတာတွေရှိပါတယ်။
မိတ်ဆွေကောင်းကြောင့်တိုးတက်တယ်၊ ကြီးပွါးတယ်၊ အောင်မြင်တယ်၊ မိတ်ဆွေကောင်းဟာကိုယ့်ကို ပိုပြီး အသိဥာဏ်ကော စိတ်ဓါတ်ကော မြင့်မားလာအောင်အထောက်အကူ ပေးတယ်၊ ကိုယ့်ဘ၀ အကြောင်းတွေကိုကိုယ့်မိတ်ဆွေနဲ့ ဆွေးနွေးရလို့ ကိုယ့်အကြောင်းကိုကိုယ် ပိုပြီးနားလည်လာတယ်။ ...................... ပိုပြီး လေးလေးနက်နက်စဉ်းစားတတ်လာတယ်၊
စိတ်ထားတွေပိုပြီး ရင့်ကျက်လာတယ်၊ ၊။။။။။။ကိုယ့်စိတ်ထားတွေ မှားနေရင် စေတနာမှန်မှန်နဲ့ထောက်ပြ နိုင်တာ ကိုယ်မိတ်ဆွေ ကောင်းပဲ။...မိတ်ဆွေကောင်း မရှိဘဲ ဘယ်လိုလုပ် အသိဥာဏ်ရင့်ကျက်မှုရနိုင်ပါမလဲ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ ဘယ်မှာ ကိုယ်ဘ၀ကို
ကျေနပ်မှု ရနိုင် ပါမလဲ။။။။။။။။။။စိတ်ချင်း မတွေ့ ဆုံနိုင်တဲ့ ဆက်ဆံရေး ဟာအပေါ်ယံ ဆက်ဆံရေး ပဲ ဖြစ်မယ်~~~~~အပေါ်ယံ ဆက်ဆံရေးဟာ စိတ်အတွက်အာဟာရ မဖြစ်ဘူး အဆိတ် အတောက် သာဖြစ်တယ်။

~~~အေးမြသော လမင်းသည် ၊ ကြယ်တာရာ အခြံ အရံ
များစွာ ရှိသော်လည်း ၊ ပူပြင်းသော နေမင်းသည်၊ အခြံ အရံ
မရှိသည်ကို ပမာပြုရာ၏။~~~~~
**Similarly, the cool moon has many stars
surrounding it while the hot sun is all alone.**

အားလုံးသော မိတ်ဆွေ တွေလည်း
စစ်မှန်တဲံ့ လွတ်လပ်မှု နဲ့ မိတ်ဆွေကောင်း
ကို ရရှိနိုင်ပါစေလို့ ဆန္ဒပြု လျှက်
(ဆရာတော် ဦးဇောတိက ၏ စာအုပ်ကို. . အမှီပြု၍ ရေးသားထားပါသည်)
မေတ္တာဖြစ်
ထားဝယ် ဆရာလေး
2008-5-25

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .