တွေးမိတိုင်း စိတ်မကြည်မသာ ဖြစ်ရလေတယ်

နှင်း တွေ ဖြူ ဖွေး လို့ အေး စက်တဲ့ ရာသီ ကိုရောက်တိုင်း သူကိုတွေးမိတိုင်းစိတ်မကြည်မသာ ဖြစ်မိ တာ အမှန်ဘာ ဘဲ...
ဒီနိုင်ငံ မှာ ရာသီတုဥ က လေး ရာသီ ရှိတယ် နွေဦး ရာသီ ၊ နွေရာသီ၊ ဆောင်းဦး ရာသီ၊ ဆောင်းရာသီ၊ ပါ .. မိုး ရာသီ က မရှိ သူရွာချင် တဲ့ အချိန်ထ ရွာတာဘဲ . လူစိတ်လို ပုံ မမှန်ဘူး ဖေါက်ပြန် ပြောင်း လွဲ တတ် တဲ့သဘောထဲ မှာဒီ နိုင်ငံ ရဲ အချိန်အခါ မရှိ ရွာ တတ်တဲ့ မိုး ရာသီ. လည်း တစ်ခုပါဝင်တယ်။ စိတ်ထားပျော့ပြောင်း ပြီး နူးညံ့တဲ့ သူ တစ်ယောက်ရဲ့ ကြောင်းပါ။
ဒီကိုရောက်ကတဲ့ က သူနဲ့ ရင်းနှီး ခဲ့ပါတယ်။
안녕하세요! 잘지내십니까?(.အာညွှန်းဟာစေယို ! ..ကြားလ် ဂျီနယ် ရှီမနီကာ?) = မင်္ဂလာပါ .. အချိန်တွေ ကောင်း စွာ ကုန်ဆုံး ရဲ့လား .
တွေ့ တိုင်း ပြောနေကြ စကား ပါ။ သူက နေတိုင်း လာတဲ့ အခါ ရှိသလို နှစ်ရက်ကြာ တစ်ခါ လာတဲ့ အခါ လည်း ရှိခဲ့ပါတယ်၊ အပေါ်ဆုံး ထပ်က သူ့ ရဲ့ တူမ လေး တွေဆီလာပြီး ချက်ပြုတ် မှအစ သန်းရှင်းရေးထိပေါ့ လာလုပ်ပေး လေ့ ရှိတယ်။. သူဟာ လာတိုင်း လည်းဘုရားဆောင်ဝင်ပြီး ကန်တော့ ဦးချ လေ့ ရှိတဲ့ သူ. တပည့်တော်က ဘုရားရှိခိုး ပုတီးစိတ် တရားထိုင် ဖို့ အချိန် မရှိခဲ့ ပေမဲ့ အခုလို လာတိုင်း ဦးချကန်တော့ ခွင့် ရတဲ့ အတွက် အရမ်း ၀မ်းသာပါတယ် ဘုရား တပည့်တော်မှာသားယောက်ျားတစ်ယောက်ရှိပါသော်လည်း သူမိန်း မကခရစ်ယာန်ဘာသာ ကိုးကွယ် သူပါ ၊တပည့်တော်နဲ သဘောထားချင်းမတိုက်ဆိုင်ခဲ့ပါဘူး။ဒါကြောင့်တပည့်တော် တစ်ယောက်ထဲ နေပြီး ဘ၀ ကိုရုန်းကန်လာခဲ့တာ ဒီနေထိပါဘုရား ၊ယောက်ျား ကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် က ကွယ်လွန်သွား ခဲ့ ပါပြီ။ တပည့်တော်ရဲ့ တစ်ဝမ်း တစ်ခါး
အတွက်က တော့ လွယ်လွယ်နဲ့ ရှာ ဖွေစားသောက်နိုင်ပါတယ်ဘုရား။.လို့ပြောတယ်...
ဒီနိုင်ငံ မှာ အသက် ၆၀ ကျော်ရင် bus , subway ,တို့ စီးရင် free ဘဲ ...... အသက်ကြီးတဲ့သူတွေ အတွက်တော့ အခွင့်ရေးတွေ များကြီး ရှိခဲ့ တဲ့တွက် တမျိုးတော့ ကောင်းတာတွေ ရှိခဲ့တယ်။ သူ့တူမတွေဆီ လာတိုင်းလည်း ဘုရားခန်းနဲ့ လှေခါး သန့် ရှင်း ရေး ကို လုပ်ပေးလေ့ ရှိတဲ့ သူ ထမင်းစားချိန်ရောက်တိုင်း လည်း ခေါ်ကြွေး ရင်းနဲ့ တရင်းတနှီး ဖြစ်ခဲတာ ၆နှစ်ကျော် လွန်ခဲ့ပါပြီ။

တစ်နေ့ တော့ လှေခါး သန့် ရှင်းရေး လုပ်ရာမှ . ဖုတ်ဆို . အသံ တစ်သံ ကြားလိုက်တော့ သွားကြည့် ကာ အောက်မှာ မှောက်ရဲ့ သား ဖြစ်နေတဲ့သူ အမြန်ဆုံး ဘဲ 119 ကို ဖုန်းဆက်ပြီး ချက်ချင်း ဘဲ ဆေးရုံ တင်လိုက်ရပါ သေးတယ်။ တော်ပါသေး ရဲ တစ်ပတ်လောက်နဲ့ ဆေးရုံ က ဆင်း ခွင့် ရလိုက်တယ် ။ ဒါပေမဲ့လည်း သက်သက်သာသာ အိမ်မှာ နားနေခဲ့ရ
သေးတယ်၊ နောက်တော့ သူရောက်လာတယ် ၊သူ့ တူမတွေဆီလာရင်းနဲ့ ... ဒီတစ်ခါ သူက ထူးဆန်း နေပါရော့ လား ..ဘုရားခန်း ကိုလည်းမ၀င် စားစရာနဲ ရေးနွေးကြမ်း ချကြွေတာ လည်း သူမစား တွေ့တိုင်းလက်အုပ်ချီခဲ့ တဲ့သူ အခုတော့ လက်နှစ်ဖက်ကိုရှေ့ မှာ ချ ခေါင်းငုတ် ကာ ခါးညွန့် ပြီး (အာညွန်းဟာစေယို ၊ ) လုပ်ခဲ့ တဲ့ သူ.။
ဒါ နဲ့ ဘဲသူက ပြောပြပါလေရော .. ငါ က ခရစ်ယာန် ဘာသာထဲ ၀င်လိုက်ပါပြီတဲ့ ..
အော်.. ဖြစ်ရလေ အဖွါး ရယ်..
ကျမ္မာရေး မကောင်း တာက တစ်ကြောင်း ၊
ချွေးမ က ခရစ်ယာန် ဘာသာဝင်ဖြစ်တာက တစ်ကြောင်း၊
ကိုယ့်ကိုယ်ကို အားကိုး ပြီး ဘ၀ ကို ရင်ဆိုင်ဖို့ အင်းအား မရှိတာ က တစ်ကြောင်း၊
ဒီအကြောင်းပြ ချက် ၃ခု ကို တင်ပြခဲ့တယ်၊ သူ့တို့ ခရစ်ယာန် ဘာသာကျောင်း
က စား ၀တ်နေရေး မပြေလည်သူ တွေကို အထောက်ကူ ပြု တဲ့ ဆိုတာလည်း ပြောသွားသေးတယ် ။

ဘယ်လိုယူဆမလဲ.....
သရဏဂုံ မတည်သေးသူတစ်ယောက်လို့ ယူဆရမလား.. သရဏဂုံတည်တယ်ဆိုတာလည်း သဒ္ဓါတရား လက်ကိုင်မထားရင်ဖြင့် သရဏဂုံ တည်ဖို့ရာ မလွယ်လှဘူး .သဒ္ဓါတရားဆိုတာလည်း ယုံကြည်မှုလို့ ဆန်းစစ်နိုင်ပါတယ်၊ ယုံကြည်မှု အားနည်းလိုလည်း အခုလို ပြောင်လွဲမြန်တယ်လို ဆိုရမှာဖြစ်တယ်။ ဒါမှမဟုတ်.. ဒိှု့ ဗုဒ္ဓဘာသာ ဘက်က သာသနာပြု နည်းလမ်း က ဘဲ အားနည်း နေလို့ လား... ဒါမှမဟုတ်သေးရင်လည်း ..သားဖြစ်သူအပေါ် သံယောဇဉ် ကြီးမားပြီး ချွေးမရဲ့ပြု စု လုပ်ကျွေးမှု ကြောင့် လား..
စာဖတ်မိတ်ဆွေ တွေး ချင်သလို့ တွေး ပြီး ဖြေထုပ်ကြည့်ပါ.၊

အဖွါးရဲ့ ကိုးကွယ်မှု ပြောင်းသွားတာကို ကြည့်ပြီး ဗုဒ္ဓဘာသာ သာသနာပြုတဲ့ နည်း ဗျူဟာ က Meditation တစ်ခုတည်း နဲ့ တော့ မလုံလောက်တော့ ဘူး လို တွေးမိတယ် ၊ ပြီးတော့ ဆရာလေး တို့ လို လူငယ်တွေ . . ရဟန်းတော် များ ဥပသကာနှင့် ဥပသိကာ များမှာ လည်း များစွာ တန်ဝန်ရှိနေပြီဆိုတာလည်း တွေးမိပါသေးတယ် ၊ နီးစပ်ရာ ကိုယ့် ဝေနေယျ တွေကိုလည်း ဒို့ ဘာသာ ရေး ..သွေး မအေး အောင် ဆွေးနွေး တိုင်ပင်ရတော့ မယ့် အချိန်ရောက်နေပြီ။

ဒီမှာလည်း တစ်ဦးစ နှစ်ဦးစ ကြားနေရပါတယ် ၊ မြန်မာ လူငယ်များ စီးပွါး ရှာ နေရင်း အစစ အရာရာ အခက်ခဲ အမျိုးစုံ တွေ ကို ကြုံ တွေ့ လာ ရတဲ့ အခါ ခရစ်ယာန်ဘုရားကျောင်းသို့ သွားပြီး ကွန်ပြူတာသင်တန်း တက်တာတို့ ၊ ဘာသာစကား သင်တင်္နး တက်တာတို့ ၊ ရှိနေကြတယ်။ ဒီတော့ တနင်္ဂနွေနေ့ ဘုရားရှိခိုး ကျောင်း ကို မဖြစ်မနေ တက်ရတော့တယ်၊ ကဲ ဘယ်လိုလဲ.. သူတို့ တတွေရဲ့ မိဘ ဘိုးဘွား က ဗုဒ္ဓဘာသာ အစစ်စစ်ပါ၊ ဒါလဲ ဘဝ
နေထိုင်မှု အခက်ခဲ ကြောင့် ဆိုရမှာပေါ့ . ဟုတ်လား ..
ဘ၀ မှာ အခက်ခဲ အမျိုးစုံ တွေနဲ့ ရုန်းကန် လှုပ်ရှားနေကြရတာတွေ၊ ဆင်းရဲ မျိုးစုံ တွေ
ကို ပူပန်နေကြရတာတွေ . ကုသိုလ်ရေးနှင့် တရားဘာဝနာ လုပ်ငန်းအတွက် ဘာမျှ
မလုပ်နိုင်ကြတာတွေကို သံဝေဂ ရနေခဲ့တယ်၊ ဆင်းရဲခြင်း၏ အကြောင်းအရင်း ဖြစ်တဲ့ သံယောဇဉ်၏ အပြစ်တို့ ကို ပိုပြီး မြင်လာတယ်၊

သံယောဇဉ်တွေကို စွမ်းနိုင်သမျှ ဖြတ်နိုင်မှသာ ဘ၀ ချမ်းသာ အစစ်ကို ရနိုင်မည်. ဆိုတဲ့ ဘုရားစကားနှင့် အညီ သံယောဇဉ်တွေကို စွမ်းနိုင်သမျှ ဖြတ်နိုင်အောာင် ကျိုး စား ကာ ချမ်းသာ အစစ် ရကြောင်း ကောင်းမှု များနှင့် ပျော်မွေ့ နိုင် ကြပါစေလို့ လည်း ဆုတောင်း လျှက် ပါ ၊ ။
အစမထင်နိုင်သည့် သံသရာခရီးရှည်ကြီး မှာ တစ်ဘ၀ပြီး တစ် ဘ၀ ၀ဋ္ဋ်ဆင်းရဲ ခံနေရတာ ဂင်္ဂါဝါ ဠုသဲစု မက အောင် ဘုရားရှင်တွေ အဆူဆူ ပွင့် ထွန်းခဲ့ ပြီး ပေပြီး ပေမယ့် မလွတ်မြောက်နိုင်သေး တာတွေဟာ စဉ်းစာ ဆင်ခြင်သလောက် ကြောက် စရာ သံဝေဂ ရစရာတွေ ပါ။
ကိုယ့်ဘ၀ မှာ လုပ်ချင်တာရယ် . လုပ် သင့်တာရယ် လို့ . လူမှု အလုပ်ကိ စ္စသုံး မျိုး ရှိတာအနက် . လုပ်ချင်တာတွေ ထဲ က လုပ်သင့်တာကို ရွေးချယ်ပြီး လုပ်ရပါတယ်။ လုပ်သင့်တာတွေထဲ ကလည်း လုပ်ဖြစ်တာကို ရွေး ချယ်ပြီး လုပ်ရပါတယ်။
ဘ၀အောင်မြင်ရေးထက် ဘ၀တန်ဖိုး ရှိရေး က ပိုအရေး ကြီးပါတယ် ဆိုတာကို နားလည်း ပြီးသားဖြစ်ပေမယ့် ထပ်ပြီး သတိပေး လိုက်ပါရစေ .

အရွယ်လွန်လို အင်အားမရှိတဲ့ အဖွါး ရဲ့ ဖြစ်ပျက်ကို ကြည့်ပြီး တွေးမိတိုင်းစိတ်မကြည်မသာ ဖြစ်ခဲ့ ရပေမယ့် .အင်အား တောင့် တင်း တဲ့ လူငယ် လူရွယ် တွေရဲ့ ဘ၀ အောင်မြင် ရေးထက် တန်ဖိုးရှိတဲ့ ဘ၀ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ လည်း မေတ္တာပို့လျှက်ပါ ......
မေတ္တာဖြင့်
ထားဝယ်ဆရာလေး

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .