သူ့အတွက်စနိုးအရုပ်ကလေး

2008-2-25 နေ့ မှာ
ချမ်းစိစိ ကျောင်းရဲ့အပြင်ဘက် ထွက်ပြီး နှင်းတွေထဲ သွားပြီး
ဓါတ်ပုံ ရိုက်ခဲ့လိုက်တယ်။
24 ရက်နေ့ နေခင်းပိုင်း မှာ အပင်းလေးတွေဟာ နေရောင်အောက်မှာ လမ်းဆန်း လှပလို့~~ ညနေဘက် သတင်း မကြည့် ဖြစ်တော့ ပန်းအိုးတွေ အထဲ မသွင်းဖြစ်ဘူးပေါ့ ။ 25ရက်နေ့မှာတော့ ပင်လေးခမျာ နှင်းတွေဖုံးလို့ နာလန်မထူအောင် ဖြစ်နေရပြီ။ လူတွေရဲ့ စိတ်ဓါတ် သဘောလို အပြောင်း အလွဲ မြန်ပြီး သဘာဝဘေး ဒဏ်ကြောင့် အတိဒုက္ခ ခဲ့တဲ့ ဒို့မြန်မာပြည်သူများ.... မြန်ဆန်လွန်းတဲ့ ထိပ်လန့် ခြောက်ခြားဘွယ် မြင်ကွင်းများ.. အင်မတန်မှ မြန်ဆန်လွန်းတဲ့ သင်္ခါရတရားတွေ ခန့်မှန်းလို့ မရနိုင်သလို.. အဲဒီထဲမှာလည်း ဒီနိုင်ငံက ရာသီဥတု လည်း တခု အပါအ၀င် လို့ ပြောရင် ရမယ် ။ အခု နေသာ အခုမိုးရွာ အခုနှင်းကျ ဘယ်လိုမှ ကြိုတင် တွက်လို့မ ရဘူး။ နှင်းတွေ အရမ်းကျတဲ့အခါ သွားရေး လာရေး ခက်ခဲမှုရှိတယ်၊ မတော်တဆ တွေဖြစ်တာလဲ နှစ်တိုင်းအလိုလို ရှိတယ်၊။ ဖြူစင်တဲ့နှင်းပွင့်လေးတွေကိုတော့ အပြစ်မတင်ရဲပါဘူး ။ မကြာခင်မှာဘဲ နေရောင်ထွက်လာတာနဲ့အမျှ သူတို့လေးတွေ မျက်စိအရှေ့တွင် အရည်ပျော်သွားကြမှာဘဲလေ။
ဆရာလေးအတွက် အမှတ်တရလေးတစ်ခု ပြောပြပါအုံးမယ် ၊ ကျောင်းရှေ့မှာ နှင်းတွေကို ကြည်ရင်း စိတ်ထဲ ကြည်နူးမိတာနဲ့ အောက်ဆင်ဲးပြီး နှင်းအရုပ်ကလေးကို လုပ်လိုက်သေးတယ် ၊ ပန်းရောင်သဘက်ကလေး ပတ်ပြီး ဓါတ်ပုံရိုတ်ထားလိုက်တယ်။ ဒီဓါတ်ပုံကို အသိတစ်ဦးဆီ ပိုပေးလိုက်တော့ သူက ဘာပြောတယ်မှတ်လို့ အဲဒါ ဆရာလေးထင်နေတာတဲ့။ စိတ်ထဲမှာတော့ တယောက်ထဲ ရည်နေမိတယ်။ စနိုးရုပ်ကလေးလို ဖြူစင်သန့်ရှင်းတဲ့ နုလုံးသား ပိုင်ရှင်တွေဖြစ်ခဲ့ယင် ကမ္ဘာလောက ကြီးဟာ ဘယ်လောက်အေးချမ်း သာယာပါမလဲလို. ၊ အရာအားလုံးဟာ စနိုးရုပ် ကလေးအရည်ပျော်သလို အနိစ္စ ၊ဒုက္ခ၊အနတ္တ၊တရားဟာလည်း အမြဲမပြတ် ဖေါက်ပြန် ပျက်စီး အဆုံးရှုံးမှုတွေဟာ မြန်ဆန်လွန်းပါတယ်။

အခုလည်းနွေဦးရောက်ပြန်ပြီလေ စိမ်းလန်းစိုပြေနေတဲ့ တောတောင်တွေမှာ အပင်တွေ အရောင်ပြောင်လို့နေပြန်ပြီ ၊ အရောင်ပြောင်းနေတဲ့ သစ်ပင်တစ်ပင် ကို ဓါတ်ပုံရိုက်ပြီး သူ့ဆီပို့လိုက်ရင်ဖြစ် သူဘာပြောအုံးမလဲ။။။။။။ နောင်တခါနှင်းကျရင် သူ့အတွက် စနိုး အရုပ်ကလေး လုပ်ပြီးပို့အုံးမှ။။

စံပယ်ပန်း ထုပ်တဲ့ ဖက်ရွက် ၊
စံပယ်ပန်းရနံ့ သင်းသလို ။
ဂုဏ်တော်ပန်း ထုပ်တဲ့ နုလုံးသား ဖက်ရွက်ဟာလည်း
ဂုဏ်တော်ရနံ့ သင်းပျံ့လာပါတယ်။
ကိုယ်ပွားနေတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝတွေ
ဓါတ်သတ္တိတွေ ၊ ကူးစက်လာပါတယ်။
စိတ်အေးတဲ့ ဂုဏ်ကိုပွါးနေရင် ကိုယ့်စိတ်လည်း အေးလာပြီး
ဥာဏ်ကြီးတဲ့ ဂုဏ်ကို ပွါးနေရင် ကိုယ့်ဥာဏ်လည်း ကြီးလာပါတယ်။


ဆရာလေးရဲ့ ဘလော့ဂ် ကို ချစ်ခင်စွာ ဖတ်ရှုကြသူများ
အားလုံး ကိုယ်စိတ် နှစ်ဖြာ အေးချမ်းကြပါစေ။


မေတ္တာဖြင့်
ထားဝယ်ဆရာလေး~~

0 ဓမ္မဒါန:

လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ .